Asia
ဘရာဇီးနိုင်ငံအား အပြည့်အဝ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်လာရန် ရည်မှန်းထားကြောင်း ဘရာဇီးသမ္မတ လူလာပြောကြား
ရီယိုဒီဂျနေးရိုး၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)
ဘရာဇီးနိုင်ငံကို အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ၏ တင်းပြည့်အဖွဲ့ဝင်နိုင်ငံ ဖြစ်လာစေရန် လုပ်ဆောင်နေသည်ဟု ဘရာဇီးသမ္မတ လူးဝစ်အီနာဆီရိုလူလာဒါဆေးလ်ဗားက ပြောကြားခဲ့ကြောင်း ဘရာဇီးသမ္မတရုံး၏ အောက်တိုဘာ ၂၄ ရက်က ဖော်ပြမှုအရ သိရသည်။
အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်ခဲ့သည့် ၎င်း၏တရားဝင်ချစ်ကြည်ရေးခရီးစဥ်အတွင်း ဂျာကာတာမြို့၌ ရောက်ရှိနေစဉ် လူလာက အာဆီယံနှင့် ဆက်ဆံရေးများ ပိုမိုခိုင်မာလာရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို ဆက်လက်တောင့်တင်းခိုင်မာစေပြီး အပြုသဘောဆောင်တဲ့ သဘောထားအမြင်နဲ့အတူ ရှေ့ဆက်လှမ်းနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒီကနေ့ ကမ္ဘာကြီးက နိုင်ငံရေး ခေါင်းဆောင်တွေရဲ့ ညှိနှိုင်းနိုင်တဲ့ စွမ်းရည်၊ ဆန္ဒတွေကို ကြီးကြီးမားမား လိုလားနေကြ ပါတယ်” ဟုလည်း လူလာက အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ် Kao Kim Hourn နှင့် တွေ့ဆုံ ဆွေးနွေးပြီးနောက် ပြောကြားခဲ့သည်။
အထူးသဖြင့် တောင်အမေရိကနှင့် အရှေ့တောင်အာရှကြား ချိတ်ဆက်ထားသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများမှတစ်ဆင့် အာဆီယံနှင့် ဘရာဇီးနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာခြင်းကိုလည်း ဘရာဇီးသမ္မတ လူလာကအလေးထား ပြောကြားခဲ့သည်။ (Xinhua)
……………………
(English Version)
Brazil aims for full ASEAN membership, president Lula says
RIO DE JANEIRO, Oct. 24 (Xinhua)
Brazilian President Luiz Inacio Lula da Silva said Friday that Brazil is working to become a full member of the Association of Southeast Asian Nations (ASEAN), according to the presidential office.
Speaking in Jakarta during his official visit to Indonesia, Lula expressed hopes for stronger ties with ASEAN.
“I hope we can continue strengthening our relationship and move forward with a positive outlook. The world today demands greater negotiating capacity and willingness from political leaders,” Lula said after meeting ASEAN Secretary-General Kao Kim Hourn.
Lula highlighted Brazil’s growing cooperation with the bloc, particularly through development projects connecting Southeast Asia and South America. ■
Photo:
Indonesian President Prabowo Subianto (R) and Brazilian President Luiz Inacio Lula da Silva attend a joint press conference at Merdeka Palace in Jakarta, Indonesia, Oct. 23, 2025. (Photo by Zulkarnain/Xinhua)
