Asia
ဗီယက်နမ်နိုင်ငံမြို့တော် ဟနွိုင်းမြို့၌ ၂၀၄၅ ခုနှစ်မတိုင်မီ ရထားလမ်း ၆၀၀ ကီလိုမီတာ တည်ဆောက်မည်
ဟနွိုင်း၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)
ဗီယက်နမ်နိုင်ငံမြို့တော် ဟနွိုင်းမြို့တွင် ၂၀၄၅ ခုနှစ်မတိုင်မီ မီးရထားလမ်းအရှည် ၆၀၀ ကီလိုမီတာ အပြီးသတ်တည်ဆောက်ရန် ရည်မှန်းထားကြောင်း၊ ရထားတွဲပေါင်း ၄,၁၆၅ တွဲနှင့်အတူ မြို့ပြမီးရထား လမ်းကြောင်း ၁၅ ခုထည့်သွင်းပြေးဆွဲသွားမည်ဖြစ်ကြောင်း ဒေသတွင်းနေ့စဥ်သတင်းစာ Kinh Te & Do Thi ၏ အောက်တိုဘာ ၂၇ ရက် သတင်းဖော်ပြမှုအရ သိရသည်။
ဟနွိုင်းမြို့ပြရထားလမ်းဖွံ့ ဖြိုးတိုးတက်မှုစီမံကိန်းအရ ၂၀၃၀ ပြည့်နှစ်မတိုင်မီ နေ့စဥ်ခရီးသည် ၂.၂ သန်းမှ ၂.၆ သန်းအကြား သယ်ယူပို့ဆောင်ပေးနိုင်ရန် မြို့တော်၏ မီးရထားစနစ်က မျှော်မှန်းထားကြောင်း သိရသည်။
၂၀၃၅ ခုနှစ်မတိုင်မီ ယင်းမြို့၏ အများပြည်သူခရီးသည်ပမာဏ၏ ၃၅ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ အကျိုးပြုနိုင်မည်ဟု ရည်မှန်းထားပြီး ထိုပမာဏမှာ တစ်နေ့လျှင် ခရီးသည်ခရီးစဉ် ၉.၇ သန်းမှ ၁၁.၈ သန်းကြား ပမာဏနှင့် ညီမျှကြောင်း သိရသည်။
ဟနွိုင်းမြို့တော်မီးရထားလမ်းစီမံခန့်ခွဲမှုဘုတ်အဖွဲ့အကြီးအကဲ ငုယင်ကောင်မင်းက လေဆိပ်များ၊ နိုင်ငံတော်အဆင့် မီးရထားဘူတာရုံများ၊ လူနေထူထပ်မှုသိပ်သည်းသည့် မြို့ပြဒေသများကဲ့သို့ အဓိကကျသည့် သယ်ယူပို့ဆောင်ရေးနေရာများသို့ မီးရထားလိုင်းအမြားအပြားနှင့် ချိတ်ဆက်နိုင်ရန် အဓိက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
……………………..
(English Version)
Vietnam’s capital to build 600 km of railway lines by 2045
HANOI, Oct. 27 (Xinhua)
Vietnam’s capital Hanoi aims to complete 600 km of railway lines and put 15 urban railway routes with 4,165 carriages into operation by 2045, local daily Kinh Te & Do Thi reported Monday.
According to Hanoi’s urban railway development plan, the city’s metro system is expected to handle between 2.2 million and 2.6 million passenger trips per day by 2030.
By 2035, the system is projected to accommodate 35 to 40 percent of the city’s public passenger volume, equivalent to between 9.7 million and 11.8 million trips per day.
Nguyen Cao Minh, head of the Hanoi Metropolitan Railway Management Board, said priority will be given to several metro lines connecting key transport hubs such as airports, national railway stations and densely populated urban areas. ■
Photo:
Photo taken on Nov. 6, 2021 shows a train running on Cat Linh-Ha Dong metro line in Hanoi, Vietnam. (VNA via Xinhua)
