Connect with us

Asia

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒီဇင်ဘာ ၂၆ ရက်တွင် ခွင့်ပြုချက်မရှိသည့်မိုဘိုင်းဖုန်းဟန်းဆက်များ ပိတ်ပင်မည်

ဒါကာ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)
ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရက ခွင့်ပြုချက်မရှိသောမိုဘိုင်းဖုန်းဟန်းဆက်များအား ယခုနှစ် ဒီဇင်ဘာ ၂၆ ရက်တွင် စတင်ပိတ်ပင်ရန် ဆုံးဖြတ်ထားကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထိပ်တန်းအကြံပေးပုဂ္ဂိုလ်၏ စာတိုက်၊ ဆက်သွယ်ရေးနှင့်နည်းပညာဝန်ကြီးဌာန အထူးလက်ထောက် Faiz Ahmad Taiyeb က ပြောကြားခဲ့သည်။
အဆိုပါဆုံးဖြတ်ချက်သည် လက်ကိုင်ဖုန်းဟန်းဆက်များ တရားမဝင်တင်သွင်းခြင်းများ ရပ်တန့်ရန်နှင့် မှတ်ပုံတင်ထားခြင်းမရှိသော စက်ပစ္စည်းများအသုံးပြုခြင်း တားဆီးရန်နှင့် နိုင်ငံတွင်းရှိ ပြည်တွင်းနှင့် နိုင်ငံရပ်ခြားထုတ်လုပ်သူများအတွက် မမျှတသည့်ယှဥ်ပြိုင်မှုမှကာကွယ်ပေးနိုင်ရန် ရည်ရွယ်ကြောင်း Taiyeb ကအောက်တိုဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။
Taiyeb ၏အဆိုအရ လက်ရှိအသုံးပြုနေသူများဝန်ဆောင်မှုပြတ်တောက်ခြင်းမှ ကာကွယ်ရန် အသုံးပြုလျက်ရှိသည့် ဟန်းဆက်များ၊ ခွင့်ပြုချက်မရှိလက်ကိုင်ဖုန်းများအပေါ် သက်ရောက်မည်မဟုတ်ကြောင်း သိရသည်။
ယခုလုပ်ဆောင်ချက်ကြောင့် စျေးကွက်အတွင်း ဟန်းဆက်အတုပျံနှံ့နေမှု လျော့ကျသွားရန် အထောက်အကူ ပေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
…………………….
(English Version)
Bangladesh to block unauthorized mobile phones from Dec. 16
DHAKA, Oct. 30 (Xinhua) — The Bangladeshi interim government has decided to block unauthorized mobile handsets starting from Dec. 16 of this year, Bangladeshi Chief Adviser’s Special Assistant for the Ministry of Posts, Telecommunications and Information Technology Faiz Ahmad Taiyeb has said.
The decision aimed to stop illegal import of handsets, prevent the use of unregistered devices, and shield local and foreign manufacturers in the country from unfair competition, Taiyeb said on Wednesday.
According to Taiyeb, handsets that are already in use and lack authorization will not be affected, protecting current users from any sudden service interruption.
He also said that it will help diminish the prevalence of counterfeit handsets in the market.