Africa & Middle East
ဂါဇာအပစ်အခတ်ရပ်စဲရေးအတွက် အစ္စရေးနှင့် ဟားမတ်စ် သဘောတူညီရန် အလွန်နီးစပ်နေဟု တာဝန်ရှိသူဆို

ဂျေရုဆလမ်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)
အစ္စရေးနှင့် ဟားမတ်စ်တို့သည် ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိရန် အလွန်နီးစပ်နေပြီဟု အစ္စရေးတာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၈ ရက်၌ ပြောကြားခဲ့ကြောင်း အစ္စရေးနိုင်ငံပိုင် Kan TV က ဖော်ပြခဲ့သည်။
“အစ္စရေးဟာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အတွက် အလားအလာရှိတဲ့ ကြေညာချက်တစ်ရပ်ကို လာမယ့်နာရီအနည်းငယ်အတွင်းမှာ ကြေညာဖို့ ပြင်ဆင်နေပါတယ်” ဟု ၎င်းတာဝန်ရှိသူက Kan TV သို့ ပြောကြားခဲ့သည်။
အစ္စရေးနှင့် ဟားမတ်စ်ကိုယ်စားလှယ်အဖွဲ့များသည် အီဂျစ်ပင်လယ်နီအပန်းဖြေစခန်း Sharm el-Sheikh ၌ သွယ်ဝိုက်ညှိနှိုင်းမှုများကို အောက်တိုဘာ ၆ ရက်မှစ၍ ပြုလုပ်လျက်ရှိပြီး ဂါဇာတွင် စစ်ပွဲအဆုံးသတ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အဆိုပြုထားသည့် အချက် ၂၀ ပါ အစီအစဉ်တစ်ရပ်ကိုလည်း ဆွေးနွေးလျက်ရှိကြသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်က စစ်ပွဲစတင်ဖြစ်ပွားချိန်မှစ၍ အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဂါဇာကမ်းမြောင်ဒေသမှာ ဆိုးဆိုးရွားရွားပျက်စီးခဲ့ရပြီး အငတ်ဘေးနှင့် နေရပ်စွန့်ခွာမှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားခဲ့ကာ လူ ၆၇,၁၈၃ ဦးထက်မနည်း သေဆုံးပြီး ၁၆၉,၈၄၁ ဦး ဒဏ်ရာရခဲ့ကြောင်း ဂါဇာကျန်းမာရေးအာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)
………………..
(English Version)
Israel, Hamas “very close” to Gaza ceasefire deal: official
JERUSALEM, Oct. 8 (Xinhua) — An Israeli official said late Wednesday that Israel and Hamas are “very close” to reaching a Gaza ceasefire deal, Israel’s state-owned Kan TV reported.
“Israel is preparing for a possible announcement on the deal in the next few hours,” the official told Kan TV.
Israeli and Hamas delegations have been holding indirect negotiations in the Egyptian Red Sea resort of Sharm el-Sheikh since Monday, discussing a 20-point plan proposed by U.S. President Donald Trump to end the war in Gaza.
Since the war erupted on Oct. 7, 2023, Israeli airstrikes have devastated the Gaza Strip, causing widespread famine and displacement, and killing at least 67,183 people and injuring 169,841 others, according to Gaza’s health authorities. ■
English Caption
Smoke rises in Gaza City after an Israeli air strike, on Sept. 12, 2025. (Photo by Rizek Abdeljawad/Xinhua)