International Organizations
ဘရာဇီးလက်ရွေးစင်အသင်းအတွက် ဖောရက်စ်ဂိုးသမား ဂျွန်ဗစ်တာ ရွေးချယ်ခေါ်ယူခြင်းခံရ
ရီယိုဒီဂျနေးရိုး၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)
နော်တင်ဟမ်ဖောရက်စ်အသင်းဂိုးသမား ဂျွန်ဗစ်တာကို ဆီနီဂေါ၊ တူနီးရှားအသင်းတို့နှင့်ကစားရမည့် ခြေစမ်းပွဲများအတွက် ဘရာဇီးအသင်း၏လူစာရင်းတွင် ထည့်သွင်းရွေးချယ်ခဲ့ကြောင်း ဘရာဇီးဘောလုံး အဖွဲ့ချုပ်က နိုဝင်ဘာ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
လက်ရွေးစင်အသင်းအတွက် တစ်ပွဲမှကစားဖူးခြင်းမရှိသေးသော အသက် ၂၉ နှစ်အရွယ်ရှိ ဂျွန်ဗစ်တာ အား ပေါင်ဒဏ်ရာကြောင့် အသင်းလူစာရင်းမှ နုတ်ထွက်ခဲ့ရသော ကိုရင်သီယန်အသင်းဂိုးသမား ဟူဂို ဆိုဇာ၏နေရာတွင် အစားထိုးခေါ်ယူခဲ့ခြင်းဖြစ်သည်။
ဂျွန်ဗစ်တာမှာ လွန်ခဲ့သည့်လက တောင်ကိုရီးယား၊ ဂျပန်အသင်းတို့နှင့်ကစားခဲ့သည့် ခြေစမ်းပွဲများ အတွက် ဘရာဇီးအသင်းနည်းပြ ကာလိုအန်ဆယ်လော့တီ၏ ရွေးချယ်ခေါ်ယူခြင်းခံခဲ့ရသော်လည်း ၂ ပွဲ စလုံးတွင် ထည့်သုံးခြင်းမခံရသည့် အရန်ကစားသမားတစ်ဦးသာ ဖြစ်ခဲ့သည်။
ဘရာဇီးအသင်းမှာ နိုဝင်ဘာ ၁၅ ရက်တွင် လန်ဒန်မြို့ရှိ အမ်းမရိတ်ကွင်း၌ ဆီနီဂေါအသင်းနှင့် ကစားရ မည်ဖြစ်ကာ နောက် ၃ ရက်အကြာတွင် ပြင်သစ်နိုင်ငံ လိုင်လီမြို့ရှိ ပီရဲမော်ရွိုင်းကွင်း၌ တူနီးရှားအသင်း နှင့် ခြေစမ်းပွဲ ဆက်လက်ကစားရမည်ဖြစ်သည်
။
အဆိုပါခြေစမ်းပွဲ ၂ ပွဲမှာ အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့တွင် လာမည့်နှစ်အတွင်း ကျင်းပ မည့် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ နည်းပြအန်ဆယ်လော့တီအတွက် ၎င်း၏ကစားသမားရွေးချယ်မှုများကို အကဲဖြတ်ခွင့်ရမည့် နောက်ဆုံးအခွင့်အရေးများထဲမှတစ်ခုအဖြစ် ထောက်ကူပေးနိုင်မည်ဖြစ်သည်။ (Xinhua)
……………………………
(English Version)
Forest goalkeeper John Victor earns Brazil call-up
RIO DE JANEIRO, Nov. 8 (Xinhua)
Nottingham Forest goalkeeper John Victor has been drafted into Brazil’s squad for friendlies against Senegal and Tunisia, the Brazilian Football Confederation said on Saturday.
The uncapped 29-year-old replaces Corinthians’ Hugo Souza, who was ruled out due to a thigh injury.
John was also called up by Brazil manager Carlo Ancelotti for friendlies against South Korea and Japan last month but was an unused substitute in both matches.
Brazil will meet Senegal at London’s Emirates Stadium on November 15 and Tunisia at Pierre-Mauroy Stadium in Lille three days later.
The fixtures will provide one of the last chances for Ancelotti to assess his options before next year’s FIFA World Cup in the United States, Mexico and Canada. ■
Photo:
Carlo Ancelotti, head coach of Brazil’s national football team, speaks at a press conference in Rio de Janeiro, Brazil, on May 26, 2025. (Photo by Claudia Martini/Xinhua)
