International Organizations
ရီးရဲလ်မက်ဒရစ်နောက်ခံလူ မီလီတို ပေါင်ခြံဒဏ်ရာကြောင့် အနည်းဆုံး သီတင်းပတ်နှစ်ပတ်ကြာ အနားယူရမည်
မက်ဒရစ်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)
ရီးရဲလ်မက်ဒရစ်အသင်း၏ ဗဟိုနောက်ခံလူ အက်ဒါ မီလီတိုမှာ ပေါင်ခြံဒဏ်ရာရရှိထားကြောင်း ကလပ်အသင်းက အတည်ပြုကြေညာခဲ့ရာ ရီးရဲလ်မက်ဒရစ်အနေဖြင့် ပွဲဆက်များသော သီတင်းပတ်နှစ်ပတ်လုံးလုံး ၎င်းအား လက်လွှတ်ရတော့မည်ဖြစ်သည်။
နိုဝင်ဘာ ၁၈ ရက်က တူနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ခြေစမ်းပွဲတွင် မီလီတိုမှာ ဘရာဇီးအသင်းအတွက် မိနစ် ၆၀ ကြာ ပါဝင်ကစားခဲ့ပြီးနောက် ယင်းဒဏ်ရာကို ရရှိခဲ့ခြင်းဖြစ်သည်ဟု ဘရာဇီးအသင်း၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
“နိုဝင်ဘာ ၁၉ ရက်က ဆေးစစ်မှုပြုလုပ်တဲ့အခါ အက်ဒါ မီလီတိုဟာ ညာဘက်ခြေထောက် ပေါင်အတွင်းဘက်ကြွက်သား (adductor magnus) မှာ ဒဏ်ရာရရှိထားတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ထပ်မံသိရှိရတဲ့ အခြေအနေတွေကိုလည်း ထုတ်ပြန်ပေးသွားမှာပါ” ဟု ရီးရဲလ်မက်ဒရစ်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ရီးရဲလ်မက်ဒရစ်အသင်းဘက်က မီလီတို ပြန်ကစားနိုင်မည့်အချိန်ကို ထုတ်ပြန်ခဲ့ခြင်းမရှိသော်လည်း စပိန်အားကစားသတင်းစာ ဒီယာရီယို အေအက်စ် (Diario AS) ကမူ ၎င်းမှာ အနည်းဆုံးသီတင်းပတ်နှစ်ပတ်ကြာ အနားယူရဖွယ်ရှိပြီး အယ်လ်ချီ၊ ဂျီရိုနာနှင့် အက်သလက်တစ်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားမည့် လာလီဂါပွဲစဉ်များအပြင် အိုလံပီယာကော့စ်အသင်းနှင့် ချန်ပီယံလိဂ်ပွဲစဉ်ကိုပါ လွဲချော်နိုင်သည်ဟု ခန့်မှန်းထားသည်။
ထို့ပြင် ၎င်းအနေဖြင့် ဆယ်လ်တာဗီဂိုအသင်းနှင့် လာလီဂါပွဲစဉ်၊ ဒီဇင်ဘာ ၁၀ ရက်တွင် မန်ချက်စတာစီးတီးအသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် အရေးကြီး ချန်ပီယံလိဂ်ပွဲစဉ်တို့တွင်လည်း ပါဝင်ကစားနိုင်ရန် မသေချာသေးကြောင်း သိရသည်။
ဂျာမနီနောက်ခံလူ အန်တိုနီယို ရူဒီဂါမှာ အသင်းအတွက် ပါဝင်နိုင်ခြင်းမရှိသေးသလို ဒါနီ ကာဗာဟယ်မှာလည်း ဒူးဒဏ်ရာခွဲစိတ်မှုခံယူထားသည့်အတွက် အနားယူနေရကြောင်း သိရသည်။ (Xinhua)

စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ၂၀၂၅ ခုနှစ် ဩဂုတ် ၃၀ ရက်က ရီးရဲလ်မက်ဒရစ်အသင်းနှင့် မာယော့ကာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါဘောလုံးပွဲစဉ်၌ ရီးရဲလ်မက်ဒရစ်ကစားသမား အက်ဒါ မီလီတို (ရှေ့) နှင့် မာယော့ကာအသင်းမှ မတ်တီယို ဂျိုးဆက်တို့ ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)

………………..
(English Version)
Real Madrid’s Militao out for at least two weeks with groin injury
MADRID, Nov. 19 (Xinhua) — Real Madrid will be without central defender Eder Militao for two busy weeks after the club confirmed on Wednesday that he has suffered a groin injury.
Militao suffered the injury after an hour of Brazil’s friendly match against Tunisia on Tuesday, Real Madrid said on its official website.
“Following tests carried out today, Eder Militao has been diagnosed with a muscular injury to the adductor magnus in his right leg. Further updates will follow,” read a club statement.
Although Real Madrid did not give a comeback date, Spanish sports paper Diario AS estimated Militao will be out of action for at least two weeks, missing La Liga games against Elche, Girona and Athletic Club, and a Champions League game against Olympiakos.
Militao will also be a doubt for another La Liga match against Celta Vigo and a key European tie against Manchester City on December 10.
Real Madrid is still without German defender Antonio Rudiguer, while Dani Carvajal is sidelined after a knee operation.
English Caption 1
Eder Militao of Real Madrid celebrates a goal during the La Liga football match between Real Madrid and RCD Espanyol in Santiago Bernabeu Stadium, Madrid, Spain, Sept. 20, 2025. (Photo by Gustavo Valiente/Xinhua)
English Caption 2
Eder Militao (front) of Real Madrid vies with Mateo Joseph of RCD Mallorca during the La Liga football match between Real Madrid and RCD Mallorca in Madrid, Spain, on Aug. 30, 2025. (Photo by Gustavo Valiente/Xinhua)
