International Organizations
အော့စ်ဘတ်အသင်းက နည်းပြဖြစ်သူ ဆန်ဒရို ဝက်ဂ်နာနှင့် လမ်းခွဲ
ဘာလင်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)
ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် အက်ဖ်စီ အော့စ်ဘတ်အသင်းက နည်းပြချုပ်ဖြစ်သူ ဆန်ဒရို ဝက်ဂ်နာနှင့် နှစ်ဦးနှစ်ဖက်သဘောတူညီမှုဖြင့် လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ကလပ်အသင်းက ဒီဇင်ဘာ ၁ ရက်၌ ကြေညာခဲ့သည်။
အော့စ်ဘတ်အသင်းမှာ လိဂ်ပြိုင်ပွဲတွင်သာမက ရှုံးထွက်ဖလားပြိုင်ပွဲတွင်လည်း ရလဒ်များ အကြီးအကျယ် ယိမ်းယိုင်နေခြင်းကြောင့် ဝက်ဂ်နာမှာ အသင်းအား လအနည်းငယ်သာ ကိုင်တွယ်ပြီးနောက် ထွက်ခွာခဲ့ရခြင်းဖြစ်သလို ၎င်း၏လက်ထောက်များကိုလည်း အသင်းဘက်က လမ်းခွဲခဲ့ကြောင်း သိရသည်။
အသင်း၏အတွင်းပိုင်းတွင် ပွင့်ပွင့်လင်းလင်းဆွေးနွေးမှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီးနောက် လက်ရှိအခြေအနေအပေါ် ယုံကြည်မှုများ သိသိသာသာ ကျဆင်းနေသည့်အတွက် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု အော့စ်ဘတ်အသင်းက ထုတ်ပြန်ခဲ့သည်။ အသင်း၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘောလုံးဆိုင်ရာဆန်းသစ်ဖန်တီးရေး အကြီးအကဲဖြစ်သလို ပထမအသင်း နည်းပြဟောင်းလည်းဖြစ်သူ မာနူအယ်ဘောင်းက ဆောင်းရာသီနားရက်ကာလအထိ ယာယီနည်းပြအဖြစ် တာဝန်ယူသွားမည်ဖြစ်သည်။
အသင်း၏ စီအီးအိုဖြစ်သူ မိုက်ကယ် စထရောကလည်း အသင်းမှာ ပြတ်ပြတ်သားသား လုပ်ဆောင်ရမည့် အခြေအနေသို့ ရောက်ရှိနေသည်ဟု ဆိုသည်။ “ရလဒ်တွေပြန်ကောင်းလာအောင် လုပ်နိုင်မယ့် ယုံကြည်ချက်နဲ့ ခံယူချက်တွေ လုံလုံလောက်လောက် အားကောင်းမနေဘူးဆိုတာဟာ ဟော့ဖန်ဟိမ်းနဲ့ ပွဲစဉ်အပြီးမှာ ထင်ရှားလာခဲ့တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ “နေ့စဉ် သူတို့တွေယူဆောင်လာတဲ့ စိတ်ဓာတ်ပြင်းပြမှုကို အသိအမှတ်ပြုပေမဲ့ ကျွန်တော်တို့ချမှတ်ရမယ့် ဆုံးဖြတ်ချက်တိုင်းဟာ အော့စ်ဘတ်အသင်းရဲ့အကျိုးအတွက် အဓိကစဉ်းစားရမှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
စိတ်ပျက်ဖွယ်ရလဒ်များနှင့် ကြုံတွေ့နေရသည့်တိုင် အော့စ်ဘတ်အသင်း အားကစားဒါရိုက်တာ ဘန်နီ ဝီဘာက အပြုသဘောထင်မြင်ချက်ကို ပြောကြားခဲ့သည်။ “သူဟာ အရေးပါတဲ့လုပ်ငန်းစဉ်တွေကို စတင်ဖော်ဆောင်ခဲ့ပြီး အာရုံစူးစိုက်မှုအပြည့်နဲ့ အလုပ်လုပ်ခဲ့တာပါ” ဟု ဝီဘာက ဆိုသည်။ “ကျွန်တော်တို့အသင်းရဲ့ ရေရှည်ရည်မှန်းချက်ကို ယုံကြည်ထားဆဲဖြစ်ပေမဲ့ လတ်တလော ဦးစားပေးအနေနဲ့ကတော့ တည်ငြိမ်မှုပြန်ရဖို့နဲ့ ရမှတ်တွေရယူဖို့ပါပဲ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ဝက်ဂ်နာက စိတ်ဓာတ်တက်ကြွမှု၊ ပြင်းပြင်းပြပြ အားထုတ်မှုတို့နှင့်အတူ တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ၎င်းအား ယုံယုံကြည်ကြည် တာဝန်ပေးခဲ့သည့် အသင်းအုပ်ချုပ်သူများကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးဟောင်းမှာ ယခုနွေရာသီတွင် အော့စ်ဘတ်အသင်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရခြင်းဖြစ်ကာ ပွဲဦးထွက်ကိုင်တွယ်ခဲ့သည့် ပွဲစဉ်တွင် ဖရိုင်းဘတ်အား ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီး အဖွင့်လှပခဲ့သည်။
သို့သော် အော့စ်ဘတ်အသင်းမှာ နောက်ပိုင်းတွင် လိဂ်ပွဲစဉ် ၁၁ ပွဲအနက် ၂ ပွဲသာ အနိုင်ရခဲ့ပြီး ၁ ပွဲသရေ ၈ ပွဲရှုံး ရလဒ်ကို ရရှိခဲ့သည်။ အော့စ်ဘတ်မှာ ဂျာမန်ဖလားပြိုင်ပွဲတွင်လည်း ဒုတိယတန်းမှ ဘိုချမ်အား အိမ်ကွင်း၌ ၀-၁ ဂိုးဖြင့် အရေးနိမ့်ခဲ့ပြီး ဒုတိယအဆင့်မှာပင် ထွက်ခွာခဲ့ရသည်။ (Xinhua)

ဂျာမနီနိုင်ငံ အော့စ်ဘတ်မြို့တွင် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၃၁ ရက်က အက်ဖ်စီ အော့စ်ဘတ်နှင့် ဘိုရူစီယာ ဒေ့ါမွန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ဘွန်ဒက်စ်လီဂါပွဲစဉ်၌ အော့စ်ဘတ်ကစားသမား ဒီမီထရစ် ဂျန်နူလစ်စ် (ယာ) နှင့် ဘိုရူစီယာ ဒေ့ါမွန်ကစားသမား ကာနေး ချူကူမီကာတို့ ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)

……………
(English Version)
Augsburg parts ways with coach Wagner
BERLIN, Dec. 1 (Xinhua) — FC Augsburg has parted company with head coach Sandro Wagner by mutual consent, the Bundesliga club announced on Monday.
Wagner leaves only months after taking charge, with Augsburg also releasing his assistants following a run of heavy setbacks in both league and cup competitions.
Augsburg said the decision came after a series of frank internal discussions in which confidence in the current constellation had visibly eroded. Manuel Baum, the club’s head of development and football innovation and a former first-team coach, will serve as interim coach until the winter break.
CEO Michael Stroll said the club had reached a point where the situation required decisive action. “After the Hoffenheim match it became clear that the belief and conviction to spark a turnaround were no longer strong enough,” he said. “We appreciated the passion they brought every day, but every decision we make must put the wellbeing of FCA at the center.”
Sporting director Benni Weber noted that Wagner had left a positive imprint despite the disappointing results. “He initiated important processes and worked with great commitment,” Weber said. “We remain convinced of our long-term direction, but the immediate priority is to regain stability and pick up points.”
Wagner said he had approached the task “with energy and passion” and thanked the club’s management for the trust they placed in him.
The former Bayern Munich striker was appointed over the summer and had an impressive start to his tenure with a 3-1 win over Freiburg.
However, Augsburg won just two of its 11 league games that followed, drawing one and losing eight. The club also exited the German Cup in the second round after a 1-0 home defeat to second-tier Bochum.
English Caption 1
FC Augsburg’s head coach Sandro Wagner gestures during the German first division Bundesliga football match between FC Augsburg and Borussia Dortmund in Augsburg, Germany, Oct. 31, 2025. (Photo by Philippe Ruiz/Xinhua)
English Caption 2
Dimitris Giannoulis (R) of FC Augsburg vies with Carney Chukwuemeka of Borussia Dortmund during the German first division Bundesliga football match between FC Augsburg and Borussia Dortmund in Augsburg, Germany, Oct. 31, 2025. (Photo by Philippe Ruiz/Xinhua)
