International Organizations
ဆယ်လ်တာဗီဂိုက ရီးရဲလ်မက်ဒရစ်ကို အံ့အားသင့်ဖွယ် အနိုင်ရရှိခဲ့သဖြင့် ဘာစီလိုနာက လာလီဂါ အမှတ်ပေးဇယားထိပ်ဆုံးတွင် လေးမှတ်ဖြတ်၍ဦးဆောင်
မက်ဒရစ်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)
ဒီဇင်ဘာ ၇ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါပွဲစဉ်၌ ရီးရဲလ်မက်ဒရစ်အသင်းက အိမ်ကွင်း ဆန်တီယာဂိုဘာနေဗျူးတွင် ဆယ်လ်တာဗီဂိုအသင်းအား ၀-၂ ဂိုးဖြင့် အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့သဖြင့် ဘာစီလိုနာက အမှတ်ပေးဇယားထိပ်ဆုံးတွင် လေးမှတ်ဖြတ်၍ ဆက်လက်ဦးဆောင်လျက်ရှိသည်။
မက်ဒရစ်မြို့၏ ဒရာမာဆန်သောည၌ ဆယ်လ်တာဗီဂိုအတွက် အနိုင်ဂိုးနှစ်ဂိုးစလုံးကို ဝီလီယက် ဆဝက်ဒ်ဘာ့ဂ်တစ်ဦးတည်းက ပွဲချိန် ၅၃ မိနစ်တွင်လည်းကောင်း၊ နာကျင်အချိန်ပို ၃ မိနစ်တွင်လည်းကောင်း သွင်းယူခဲ့ခြင်းဖြစ်သည်။
ဘရိုင်ယန် ဇာရာဂိုဇာ၏ ဖန်တီးပေးမှုမှတစ်ဆင့် ဆဝက်ဒ်ဘာ့ဂ်က ဆယ်လ်တာအတွက် အဖွင့်ဂိုးသွင်းယူခဲ့ကာ ထိုအချိန်တွင် ရီးရဲလ်အနေဖြင့် ပြင်းထန်ပုံရသည့် တံကောက်ကြောဒဏ်ရာကြောင့် နောက်ခံလူ အက်ဒါ မီလီတိုအား လူစားလဲခဲ့ရသည်။
ဖရန်ဂါစီယာမှာ ပထမအကြိမ် အဝါကတ်ပြခံရပြီး တစ်မိနစ်အကြာ ပွဲချိန် ၆၃ မိနစ်တွင် ဒုတိယအကြိမ် အဝါကတ်ထိကာ ထုတ်ပယ်ခံရပြီးနောက် ရီးရဲလ်မက်ဒရစ်၏ အခြေအနေမှာ ပိုဆိုးရွားသွားခဲ့သည်။
ထို့အတူ ပွဲချိန်နှောင်းပိုင်းတွင် ရီးရဲလ်မက်ဒရစ်ကစားသမား အယ်လ်ဗာရို ကာရဲရက်စ် ထုတ်ပယ်ခံခဲ့ရသလို ပွဲပြီးဆုံးရန် စက္ကန့်ပိုင်းအလိုတွင် ဆဝက်ဒ်ဘာ့ဂ်က သီဘော့ထ် ကော်တိုအာကို လိမ်ခေါက်ကျော်ဖြတ်ကာ ထပ်မံဂိုးသွင်းယူခဲ့သဖြင့် ဆယ်လ်တာဗီဂိုက ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ဒီဇင်ဘာ ၆ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် ဘာစီလိုနာနှင့် ရီးရဲလ်ဘက်တစ်တို့၏ ပွဲစဉ်၌ ဘာစီလိုနာက ဖယ်ရန်တောရက်စ်၏ ပထမပိုင်းဟက်ထရစ်သွင်းဂိုး အပါအဝင် အဝေးကွင်း၌ ၅-၃ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
အန်တိုနီက ဘက်တစ်အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း ဘာစီလိုနာက အကောင်းဆုံးတုံ့ပြန်ကစားနိုင်ခဲ့ပြီး ပွဲချိန် ၁၀ မိနစ်နှင့် ၁၂ မိနစ်တွင် တောရက်စ်က နှစ်ဂိုးသွင်းယူခဲ့သလို ပွဲချိန် မိနစ် ၃၀ တွင် ရူနီ ဘာ့ဒ်ဂျီက တတိယဂိုးသွင်းယူခဲ့ပြီး တောရက်စ်က ၎င်းအတွက်ဟက်ထရစ်ရရှိစေမည့်ဂိုးကို ပွဲချိန် ၃၉ မိနစ်တွင် ထပ်မံသွင်းယူခဲ့သည်။
ဒုတိယပိုင်းပြန်စပြီး ငါးမိနစ်အကြာတွင် လာမင်း ယမားလ်၏ အငြင်းပွားဖွယ်ပင်နယ်တီသွင်းဂိုးကြောင့် ဘာစီလိုနာက ၅-၁ ဂိုးဖြင့် ဦးဆောင်ထားပြီးနောက် နည်းပြဟန်ဆီဖလစ်ခ်က အဓိကကစားသမားများကို အနားပေးခဲ့ရာ ဘက်တစ်အသင်းမှ ဒီယေဂို လော်ရန်တေးနှင့် ကူချို ဟာနန်ဒက်ဇ်တို့က ချေပဂိုးနှစ်ဂိုး ပြန်လည်သွင်းယူခဲ့သည်။
အက်သလက်တစ် ဘီဘာအိုက ပွဲချိန် ၈၅ မိနစ်တွင် အဲလက်စ် ဘရန်ဂူယာ၏ သေသပ်ကောင်းမွန်သော သွင်းဂိုးဖြင့် အက်သလက်တီကိုမက်ဒရစ်ကို အနိုင်ယူကာ အက်သလက်တီကို၏ ချန်ပီယံမျှော်လင့်ချက်များကို အကြီးအကျယ် ထိခိုက်စေခဲ့သည်။ ဘက်စကေးအခြေစိုက် ဘီဘာအိုအသင်းမှာ ဦးတည်ချက်ပျောက်ဆုံးနေပုံရသော အက်သလက်တီကိုနှင့် ရင်ဆိုင်ခဲ့သည့်ပွဲစဉ်၌ ယခုရာသီအတွင်း အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့သည်။
ဗီလာရီးရဲလ်နှင့် ဂီတာဖေးအသင်း၏ပွဲစဉ်၌ ဗီလာရီးရဲလ်က ပွဲချိန်ပထမပိုင်းတွင် ဂီတာဖေး၏ အန္တရာယ်ပေးနိုင်သော နည်းဗျူဟာအချို့ကို ကျော်လွှားကာ အိမ်ကွင်း၌ ၂-၀ ဂိုးရလဒ်ဖြင့် သက်သောင့်သက်သာ နိုင်ပွဲရရှိခဲ့ပြီး ပွဲပိုတစ်ပွဲကစားရန် ကျန်ရှိနေချိန်တွင် ရီးရဲလ်မက်ဒရစ်၏နောက် တစ်မှတ်အကွာ၌ ရပ်တည်နေကာ ချန်ပီယံပြေးလမ်းပေါ်တွင် ဆက်ရှိနေသည်။
အယ်လ်ချီက ဂျီရိုနာကို အိမ်ကွင်း၌ သက်သောင့်သက်သာဖြင့် ၃ ဂိုးပြတ်အနိုင်ယူကာ ၇ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့ပြီး ဂျီရိုနာကမူ တန်းဆင်းဇုန်ထဲတွင်သာ ဆက်ရှိနေခဲ့သည်။
ဗလင်စီယာနှင့် ဆီဗီလာအသင်း၏ ပွဲစဉ်၌ ပွဲကစားချိန် မိနစ် ၆၀ မတိုင်မီ ဗလင်စီယာအသင်းမှ ဆီဇာ တာရီဂါ ကိုယ့်ဂိုးကိုယ်သွင်းမိသဖြင့် ဆီဗီလာအသင်း အနိုင်သုံးမှတ်ရရှိရန် အခြေအနေကောင်းနေခဲ့သော်လည်း ပွဲချိန် ၉၃ မိနစ်တွင် ဟူဂို ဒူရိုက ချေပဂိုးသွင်းယူကာ ဗလင်စီယာအတွက် သရေတစ်မှတ်ရယူပေးခဲ့သည်။ (Xinhua)

စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ ဆန်တီယာဂိုဘာနေဗျူး အားကစားကွင်း၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၇ ရက်က ရီးရဲလ်မက်ဒရစ်နှင့် ဆယ်လ်တာဗီဂိုအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါဘောလုံးပွဲစဉ်တွင် ဆယ်လ်တာဗီဂိုအသင်း ဂိုးသွင်းပြီးနောက် ဂိုးသမား အန်ဒရေ ရာဒူ အောင်ပွဲခံနေစဉ် (ဆင်ဟွာ)



\
…………………
(English Version)
Celta stuns Real Madrid to leave Barcelona clear at top of La Liga
MADRID, Dec. 7 (Xinhua) — Celta Vigo stunned Real Madrid 2-0 at the Santiago Bernabeu Stadium on Sunday night to leave FC Barcelona four points clear at the top of La Liga.
Williot Swedberg scored both Celta goals, opening the scoring in the 53rd minute and adding a second in the third minute of stoppage time on a dramatic night in Madrid.
Bryan Zaragoza set up Swedberg for Celta’s opener, by which time Real Madrid had already lost Eder Militao to what looked to be a serious hamstring injury.
Things got worse for Real Madrid in the 63rd minute when Fran Garcia was sent off after receiving his second yellow card barely a minute after the first.
Alvaro Carreras was also sent off for Real Madrid in the closing minutes, before Swedberg dribbled past Thibaut Courtois to make it 2-0 in the final seconds.
Ferran Torres’s first-half hat-trick put Barcelona on the way to a 5-3 win away to Real Betis on Saturday night.
Antony had put Betis ahead, but Barcelona responded in style, with Torres scoring in the 10th and 12th minutes and Roony Bardghji adding a third on the half-hour. Torres completed his hat-trick in the 39th minute.
A controversial Lamine Yamal penalty five minutes after the break made it 5-1, allowing Barcelona coach Hansi Flick to rest key players, as Betis added late goals through Diego Llorente and Cucho Hernandez to give the scoreline some respectability.
Athletic Club severely dented Atletico Madrid’s title hopes, with Alex Berenguer scoring an excellent 85th-minute goal to reward the Basque side’s best display of the season against an Atletico side that lacked ambition.
Villarreal remains in the title mix, a point behind Real Madrid with a game in hand, after overcoming some negative first-half tactics from Getafe before claiming a comfortable 2-0 win at home.
Elche ended a run of seven league games without a win thanks to a comfortable 3-0 triumph at home to Girona, who remains deep in relegation trouble.
Hugo Duro saved a point for Valencia with a 93rd-minute equalizer at home to Sevilla, who had looked on course for all three points after a stroke of fortune saw Cesar Tarrega put the ball into his own net just before the hour.
English Caption 1
Real Madrid’s Kylian Mbappe (R) vies with Celta Vigo’s Javi Rodriguez during a La Liga football match between Real Madrid and Celta Vigo at Santiago Bernabeu stadium in Madrid, Spain, on Dec. 7, 2025. (Photo by Gustavo Valiente/Xinhua)
English Caption 2
Celta Vigo’s goalkeeper Andrei Radu celebrates a goal during a La Liga football match between Real Madrid and Celta Vigo at Santiago Bernabeu stadium in Madrid, Spain, on Dec. 7, 2025. (Photo by Gustavo Valiente/Xinhua)
