International Organizations
ဆယ်လ်တာဗီဂိုအား ရှုံးနိမ့်ခဲ့သည့်ပွဲစဉ်၌ အနီကတ်ပြသခံရမှုများအတွက် ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရခြင်းကြောင့် အထိနာခဲ့သည့် ရီးရဲလ်မက်ဒရစ်
မက်ဒရစ်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)
ဒီဇင်ဘာ ၇ ရက်က ဆယ်လ်တာဗီဂိုအား ၀-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် လာလီဂါပွဲစဉ် ဒုတိယပိုင်းတွင် နောက်ခံလူများဖြစ်သည့် ဖရန် ဂါစီယာနှင့် အယ်လ်ဗာရို ကာရဲရက်စ်၊ တိုက်စစ်မှူး အန်းဒရစ်ခ်တို့ အနီကတ်ပြသခံရမှုအတွက် စည်းကမ်းပိုင်းအရ အရေးယူခံရခြင်းကြောင့် ရီးရဲလ်မက်ဒရစ်အနေဖြင့် ကြီးကြီးမားမား ပေးဆပ်ခဲ့ရသည်။
စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) ၏ စည်းကမ်းထိန်းသိမ်းရေးကော်မတီက နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံခဲ့ရသည့် ဂါစီယာအား တစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ရာ ၎င်းအနေဖြင့် ယခုသီတင်းပတ်ကုန်၌ ဒီပေါ်တီဗို အလာဗက်စ်အသင်းနှင့် အဝေးကွင်းပွဲစဉ်၌ ပွဲပယ်ပြစ်ဒဏ်ကျခံရမည်ဖြစ်သည်။
သို့သော် ကာရဲရက်စ်နှင့် အန်းဒရစ်ခ်တို့မှာမူ နှစ်ပွဲပယ်ခံခဲ့ရပြီး ကာရဲရက်စ်မှာ အဆိုပါပွဲစဉ်၌ ထုတ်ပယ်ခံရပြီးနောက် ကွင်းလယ်ဒိုင် ကွင်တာရို ဂွန်ဇာလက်ဇ်အား “eres malisimo” (ခင်ဗျားက တော်တော့်ကိုဆိုးရွားတာပဲ) ဟု ပြောဆိုခဲ့သည့်အတွက် ပြစ်ဒဏ်ချမှတ်ခံရခြင်းဖြစ်သည်။
ထိုပွဲစဉ်၌ လုံးဝပါဝင်ကစားခဲ့ခြင်းမရှိသည့် အန်းဒရစ်ခ်မှာလည်း အရန်ခုံမှထကာ နည်းစနစ်ဧရိယာထဲမှ ထွက်ခွာစဉ် စတုတ္ထဒိုင်အား အော်ဟစ်ပြောဆိုခဲ့ရာ ၎င်းအား နည်းစနစ်ပိုင်းအဖွဲ့ဝင်များက ဝိုင်းဝန်းဖျန်ဖြေ ထိန်းသိမ်းခဲ့ရသည့်အတွက် နှစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရသည်။
သို့ဖြစ်၍ ၎င်းတို့နှစ်ဦးမှာ ဒီဇင်ဘာ ၂၀ ရက်တွင် ဆီဗီလာအား အိမ်ကွင်း၌ဧည့်ခံကစားရမည့် ယခုနှစ်၏ နောက်ဆုံးလာလီဂါပွဲစဉ်အား လွဲချော်မည်ဖြစ်သည်။
ထို့အတူ ဒူးဒဏ်ရာခွဲစိတ်ထားရခြင်းကြောင့် လတ်တလော အနားယူနေရသည့် ဒါနီ ကာဗာဟယ်လ်မှာလည်း အဆိုပါပွဲစဉ်အပြီးတွင် ဥမင်ထဲမှ အဝတ်လဲခန်းသို့ သွားရောက်စဉ် ကွင်းလယ်ဒိုင်အား ကြမ်းကြမ်းတမ်းတမ်း ပြောဆိုခဲ့ခြင်းကြောင့် နှစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရသည်။
ထိုကဲ့သို့ ပွဲပယ်ခံရမှုများကြောင့် ရီးရဲလ်မက်ဒရစ်နည်းပြ ဇာဘီ အလွန်ဆိုမှာ ယခုသီတင်းပတ်ကုန်၌ ယှဉ်ပြိုင်ကစားမည့်ပွဲစဉ်အတွက် ကြံ့ခိုင်မှုပြည့်ဝသော အရည်အသွေးမြင့် ညာနောက်ခံလူ သို့မဟုတ် ဘယ်နောက်ခံလူမပါဘဲ ယှဉ်ပြိုင်ရမည်ဖြစ်သလို ထရန့် အလက်ဇန်းဒါး-အာနိုးလ်နှင့် ဖာလန် မန်ဒီတို့မှာလည်း ဒဏ်ရာရရှိထားသဖြင့် ဆီဗီလာနှင့်ပွဲစဉ်၌ ဘယ်နောက်ခံလူနေရာအတွက် ဂါစီယာတစ်ဦးတည်းသာ ကစားနိုင်မည်ဖြစ်သည်။ (Xinhua)

စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ ဆန်တီယာဂိုဘာနေဗျူး အားကစားကွင်း၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၇ ရက်က ရီးရဲလ်မက်ဒရစ်နှင့် ဆယ်လ်တာဗီဂိုအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါဘောလုံးပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်အသင်းမှ ဗင်နီစီယက်စ် ဂျူနီယာ၏ တုံ့ပြန်မှုအား တွေ့ရစဉ် (ဆင်ဟွာ)

စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ ဆန်တီယာဂိုဘာနေဗျူး အားကစားကွင်း၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၇ ရက်က ရီးရဲလ်မက်ဒရစ်နှင့် ဆယ်လ်တာဗီဂိုအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါဘောလုံးပွဲစဉ်တွင် ဆယ်လ်တာဗီဂို ကစားသမားများ ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)
…………………
(English Version)
Heavy disciplinary price for Real Madrid for red cards in Celta defeat
MADRID, Dec. 10 (Xinhua) — Real Madrid paid a heavy disciplinary price for the red cards shown to defenders Fran Garcia and Alvaro Carreras and forward Endrick in the second half of its 2-0 defeat to Celta Vigo on Sunday.
Garcia has been given a one-game ban by the Disciplinary Committee of the Spanish Football Federation (RFEF), which he will serve this weekend away to Deportivo Alaves after being sent off for two yellow cards.
However, Carreras and Endrick have received two-game bans, with Carreras punished for saying “eres malisimo” (you are really bad) to referee Quintero Gonzalez after his sending off.
Endrick, who never actually got onto the pitch, was also shown a red card and given a two-game ban for “getting up off the bench and leaving the technical area, while shouting at the fourth referee and needing to be held back by members of the technical staff.”
The pair will miss the last La Liga game of the year at home against Sevilla on December 20.
Dani Carvajal, currently sidelined after a knee operation, was also given a two-game ban for insulting the referee in the tunnel to the dressing rooms after the game.
The suspensions leave Real Madrid coach Xabi Alonso without a fit specialist right back or left back for this weekend, with Trent Alexander-Arnold and Ferland Mendy both injured, while Garcia will be his only available left back against Sevilla.
English Caption 1
Real Madrid’s Alvaro Carreras (R) is given a red card during a La Liga football match between Real Madrid and Celta Vigo at Santiago Bernabeu stadium in Madrid, Spain, on Dec. 7, 2025. (Photo by Gustavo Valiente/Xinhua)
English Caption 2
Madrid’s Vinicius Junior reacts during a La Liga football match between Real Madrid and Celta Vigo at Santiago Bernabeu stadium in Madrid, Spain, on Dec. 7, 2025. (Photo by Gustavo Valiente/Xinhua)
English Caption 3
Celta Vigo’s players celebrate a goal during a La Liga football match between Real Madrid and Celta Vigo at Santiago Bernabeu stadium in Madrid, Spain, on Dec. 7, 2025. (Photo by Gustavo Valiente/Xinhua)
