Asia
ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံကြား နယ်စပ်တင်းမာမှုက အဘယ်ကြောင့် ပြန်လည်ဖြစ်ပွားခဲ့ရသနည်း
ဘန်ကောက်၊ ဖနွမ်းပင်၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံကြား ငြိမ်းချမ်းရေးပူးတွဲကြေညာချက် လက်မှတ်ရေးထိုးပြီးနောက် အချိန်နှစ်လပင်မရှိသေးသောကာလအတွင်း ဒီဇင်ဘာ ၇ ရက်မှ ဒီဇင်ဘာ ၈ ရက်အထိ နေရာများစွာ၌ အမြောက်များပစ်ခတ်ခြင်းဖြင့် နယ်စပ်အကြမ်းဖက်တိုက်ခိုက်မှုများ ထပ်မံဖြစ်ပွားခဲ့ရာ ပြည်နယ်များစွာရှိ ဒေသခံပြည်သူများမှာ ဘေးလွတ်ရာသို့ အလျင်အမြန်ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ နှစ်ဖက်လုံးက တိုက်ခိုက်မှုများကို ကနဦးပြုလုပ်ခဲ့ကြသည်ဟု အပြန်အလှန်စွပ်စွဲခဲ့ကြပြီး လူသေဆုံးမှုများကိုလည်း အတည်ပြုခဲ့ကြသည်။
လက်တလောမြေပြင်အခြေအနေမှာ မည်သို့ရှိသနည်း။ နှစ်ဖက်လုံးက မည်သို့တုံ့ပြန်ကြသနည်း။ တစ်ကျော့ပြန်ဖြစ်ပွားသော ပဋိပက္ခက မည်သို့ကြောက်မက်ဖွယ်ရာဖြစ်သနည်း။
လတ်တလော နယ်စပ်အခြေအနေ မည်သို့ရှိသနည်း
ထိုင်းနိုင်ငံ ဆီဆာကတ်ပြည်နယ် နယ်စပ်ကျေးရွာရှိ ဒေသခံများက ဒီဇင်ဘာ ၈ ရက် နံနက် ၆:၀၀ နာရီခန့်မှစ၍ အမြောက်သံများ ဆက်တိုက်ကြားခဲ့ရကြောင်း ထိုင်းသတင်းစာ Khaosod က သတင်းဖော်ပြခဲ့သည်။
ပထမဆုံး အမြောက်ကျည်ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ ယင်းဧရိယာကို အန္တရာယ်ဇုန်အဖြစ် အာဏာပိုင်များက ကြေညာခဲ့သည်။ ကျေးရွာသူရွာသားအချို့က ၎င်းတို့၏ကားများဖြင့် ဘေးကင်းရာသို့ ထွက်ပြေးခဲ့ကြရာ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက အကူအညီပေးခဲ့ကြသည်။ ဒေသန္တရလုံခြုံရေးအဖွဲ့များကလည်း ကျန်ရှိသောဒေသခံများအား သတ်မှတ်ထားသည့် အန္တရာယ်ကင်းဇုန်များသို့ ပြောင်းရွှေ့ကြရန် သတိပေးချက်များကို အသံလွှင့်ထုတ်ပြန်ခဲ့သည်ဟု သတင်းအရ သိရသည်။
ကမ္ဘောဒီးယားနိုင်ငံဘက်ခြမ်း၌လည်း ဒီဇင်ဘာ ၈ ရက် နံနက်အစောပိုင်းတွင် Preah Vihear ပြည်နယ်ရှိ အိမ်ထောင်မိသားစုများက တိုက်ပွဲများမှ လွတ်မြောက်ရန် မော်တော်ဆိုင်ကယ်များဖြင့် ကုန်းတွင်းပိုင်းသို့ သွားရောက်ခဲ့ကြသည်။
ဒီဇင်ဘာ ၇ ရက် နေ့လယ်ပိုင်းက အနည်းအကျဉ်း အပြန်အလှန်ပစ်ခတ်ခဲ့ချိန်မှစ၍ ထိုင်းစစ်တပ်က ပြည်နယ်လေးခုရှိ ဒေသခံများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် ညွှန်ကြားခဲ့ရာ ဒီဇင်ဘာ ၈ ရက် နံနက်ပိုင်းမတိုင်မီ ၇၀ ရာခိုင်နှုန်းခန့်မှာ အန္တရာယ်ကင်းရာသို့ ပြောင်းရွှေ့ခဲ့ကြကြောင်း သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/8If

ထိုင်းနိုင်ငံ ဘူရီရမ်ပြည်နယ်ရှိ ခိုလှုံရေးစင်တာတွင် စုဝေးနေကြသော အရပ်သားပြည်သူများကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


……………………………………..
(English Version)
Why do border tensions between Thailand, Cambodia reignite?
BANGKOK/PHNOM PENH, Dec. 9 (Xinhua) — Less than two months after Thailand and Cambodia signed a joint peace declaration, violent border clashes broke out again from Sunday to Monday, with artillery fire reported in several areas and residents in multiple provinces rushing to evacuate. Both sides accused the other of initiating the attack and confirmed casualties.
What is the current situation on the ground? How are both sides responding? And what triggered the renewed conflict?
WHAT IS THE CURRENT BORDER SITUATION?
In a border village in Thailand’s Si Sa Ket province, residents reported hearing continuous shelling from around 6:00 a.m. on Monday, Thai newspaper Khaosod reported.
The first round of artillery fire prompted authorities to declare the area a danger zone. Security personnel assisted with evacuations while some villagers fled in their own cars. Local security teams also broadcast warnings urging remaining residents to move to designated safe zones, according to the report.
On the Cambodian side early Monday, families in Preah Vihear province traveled inland by motorcycle to escape the clashes.
Since small-scale exchanges of fire began on Sunday afternoon, the Thai military has ordered residents in four border provinces to evacuate, with roughly 70 percent moved to safety by Monday morning.
xhtxs.cn/8If
Photo 1, 3: Cambodian civilians flee their homes near border with Thailand for a safe shelter in Siem Reap province, Cambodia on Dec. 8, 2025. (Agence Kampuchea Presse/Handout via Xinhua)
Photo 2, 4: Civilians gather in an evacuation center in Buriram province, Thailand on Dec. 8, 2025. (Xinhua)
