Connect with us

International Organizations

၂၀၂၅ ခုနှစ် ဧပြီ ၁၁ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလာ အသင်းနှင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပြီး ကောလာဟလများကို အဆုံးသတ်စေခဲ့
လီဗာပူးလ်အသင်း၏ အီဂျစ်လက်ရွေးစင် တိုက်စစ်မှူး မိုဟာမက် ဆာလာမှာ အသင်းနှင့် နှစ်နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ပြီး ရာသီကုန်၌ အန်ဖီးလ်မှထွက်ခွာ၍ ဆော်ဒီပရိုလိဂ်သို့ ပြောင်းရွှေ့တော့မည်ဟူသော ကောလာဟလများကို အဆုံးသတ်စေခဲ့သည်။
ဆာလာအနေဖြင့် လီဗာပူးလ်အတွက် ပွဲပေါင်း ၃၉၃ ပွဲ ပါဝင်ကစားကာ သွင်းဂိုး ၂၄၃ ဂိုး၊ ဂိုးဖန်တီးမှု ၁၀၉ ကြိမ် ပြုလုပ်ထားပြီး အောင်မြင်သော ဘောလုံးရာသီ ရှစ်ရာသီကို ဖြတ်သန်းပြီးနောက် အသင်းမှ ထွက်ခွာဖွယ်ရှိသည့် အခြေအနေများကြား လအတန်ကြာ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။ ဆာလာမှာ ယခုရာသီတွင်လည်း သွင်းဂိုး ၂၇ ဂိုး သွင်းယူထားပြီး လီဗာပူးလ်အနေဖြင့်လည်း ပရီးမီးယားလိဂ်ဆုဖလားကို ဆွတ်ခူးနိုင်ရန် ပိုမိုနီးစပ်လာပြီဖြစ်သည်။
“ကျွန်တော် ဒီအသင်းမှာ ရှစ်နှစ်ကြာကစားခဲ့တာမို့ ၁၀ နှစ်အထိ ဆက်ကစားခွင့်ရတော့မယ်လို့ ထင်ပါတယ်။ ကျွန်တော် ဒီမှာနေရတာကိုရော ဘောလုံးကစားရတာကိုပါ သဘောကျပါတယ်။ ဒီမှာ ကျွန်တော့်ကစားသမားဘဝရဲ့ အကောင်းဆုံးနှစ်တွေကို ပိုင်ဆိုင်ခဲ့ပါတယ်” ဟု လီဗာပူးလ်အသင်းက ဧပြီ ၁၁ ရက် နံနက်ပိုင်းတွင် အဆိုပါသတင်းကို တရားဝင်ကြေညာခဲ့ပြီးနောက် ဆာလာက ပြောကြားခဲ့သည်။
“ကျွန်တော် တကယ့်ကိုစိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော်တို့ သိပ်ကောင်းတဲ့ အသင်းတစ်သင်းကို ပိုင်ဆိုင်ထားပါတယ်” ဟု အသက် ၃၂ နှစ်အရွယ် ဆာလာက ဆိုသည်။
လီဗာပူးလ်အသင်းနည်းပြ အာနယ်ဆလော့ကလည်း ဧပြီ ၁၃ ရက် ဝက်စ်ဟမ်းအသင်းနှင့် ပွဲစဉ်မတိုင်မီ ပွဲကြိုသတင်းစာရှင်းလင်းပွဲ၌ အဆိုပါ သတင်းအား ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့သည်။
…..
— ယူအီးအက်ဖ်အေ ကွန်ဖရင့်စ်လိဂ် ကွာတားဖိုင်နယ် ပထမအကျော့တွင် ချဲလ်ဆီးက ပိုလန်ကလပ် လက်ဂီယာ ဝါဆောကို သက်သောင့်သက်သာ အနိုင်ရရှိ
ဧပြီ ၁၀ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ ကွန်ဖရင့်စ်လိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်တွင် ချဲလ်ဆီးအသင်းက ပိုလန်ကလပ် လက်ဂီယာ ဝါဆောကို ၃-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ယူခဲ့ပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ရန် ခြေတစ်လှမ်း ပိုမိုနီးစပ်သွားပြီဖြစ်သည်။
ပွဲကစားချိန် ၄၉ မိနစ်တွင် ‌ရိစ်ဂျိမ်းစ်၏ကန်ချက်အား လက်ဂီယာ ဝါဆောဂိုးသမား တိုဘီယက်ဇ် ပုတ်ထုတ်ကာကွယ်ရာမှ လျှံထွက်လာသော ဘောလုံးကို တိုင်းရစ်ဂျော့ဂျ်က အမိအရပိတ်သွင်းနိုင်ခဲ့သဖြင့် ချဲလ်ဆီးအသင်း ဦးဆောင်ဂိုးရရှိခဲ့သည်။
ထို့နောက် ရှစ်မိနစ်အကြာ ပွဲကစားချိန် ၅၇ မိနစ်တွင် ဧည့်သည်အသင်းက ဒုတိယဦးဆောင်ဂိုး ရရှိခဲ့ပြီး နိုနီ မာဒူကီက ပြိုင်ဘက်ဂိုးသမားကိုကျော်၍ အနီးတိုင်ဘက်သို့ အနိမ့်ကန်သွင်းယူခဲ့ခြင်းဖြစ်သည်။
ပွဲကစားချိန် ၇၅ မိနစ်တွင် ‌ဂျေဒန် ဆန်ချို၏ ဖြတ်တင်ဘောပေးပို့မှုမှတစ်ဆင့် မာဒူကီက ယခုပွဲစဉ်၌ ၎င်း၏ ဒုတိယသွင်းဂိုးကို ထပ်မံသွင်းယူခဲ့သဖြင့် ပိုလန်ကလပ် လက်ဂီယာ ဝါဆောအဖို့ အလွန်ခက်ခဲသော အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ ဒုတိယအကျော့ ပွဲစဉ်ကိုမူ လန်ဒန်မြို့တွင် ဧပြီ ၁၇ ရက်၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
…..
— ရီးရဲလ်မက်ဒရစ်နှင့် နယ်သာလန် နည်းပြဟောင်း ဘင်းန်ဟက်ကာ အသက် ၈၂ နှစ်အရွယ်၌ ကွယ်လွန်
ဥရောပ ထိပ်တန်းအသင်းများ၊ နိုင်ငံလက်ရွေးစင်အသင်းများနှင့်အတူ အောင်မြင်မှုများစွာ ရယူနိုင်ခဲ့ခြင်းကြောင့် ထင်ရှားကျော်ကြားခဲ့သည့် ဂုဏ်ပြုခံ နယ်သာလန်ဘောလုံးနည်းပြ လီယို ဘင်းန်ဟက်ကာမှာ ဧပြီ ၁၀ ရက် မွန်းလွဲပိုင်းက အသက် ၈၂ နှစ်အရွယ်၌ ကွယ်လွန်သွားခဲ့ကြောင်း ၎င်း၏မိသားစုက နယ်သာလန်ရုပ်သံ NOS အား အတည်ပြုပြောကြားခဲ့သည်။
ဘင်းန်ဟက်ကာမှာ စပိန်ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ် နည်းပြချုပ်အဖြစ် တာဝန်ယူစဉ်အတွင်း ၁၉၈၆ ခုနှစ်မှ ၁၉၈၉ ခုနှစ်အထိ သုံးနှစ်ဆက်တိုက် လာလီဂါအမှတ်ပေးချန်ပီယံဖြစ်အောင် ဦးဆောင်နိုင်ခဲ့သည့်အတွက် နိုင်ငံတကာ၌ ကျယ်ကျယ်ပြန့်ပြန့် ချီးကျူးဂုဏ်ပြုခြင်း ခံခဲ့ရသည်။ ၎င်းကိုင်တွယ်စဉ်အတွင်း ရီးရဲလ်မက်ဒရစ်အနေဖြင့် ၁၉၈၉ ခုနှစ်၌ စပိန်ဘုရင့်ဖလား၊ ၁၉၈၈ ခုနှစ်နှင့် ၁၉၈၉ ခုနှစ်တို့တွင် စပိန်စူပါဖလားတို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။
ဘင်းန်ဟက်ကာမှာ ၁၉၉၇ ခုနှစ်တွင် ဖီယင်နု ရော့တာဒမ်အသင်းအား စတင်ကိုင်တွယ်ခဲ့ပြီး ၁၉၉၈-၁၉၉၉ ဘောလုံးရာသီတွင် နယ်သာလန်ထိပ်တန်းလိဂ် ချန်ပီယံဆု၊ ၁၉၉၉ ခုနှစ်တွင် Johan Cruyff Shield ဆုဖလားတို့ကို ကိုင်မြှောက်နိုင်စေရန် အဓိကနေရာမှ စွမ်းဆောင်ပေးခဲ့သည်။
…..
— ISSF World Cup ပြိုင်ပွဲ ဆုတံဆိပ်ရရှိမှု အဆင့်ရပ်တည်ချက်၌ တရုတ်နိုင်ငံက ထိပ်ဆုံးမှဦးဆောင်
ဧပြီ ၁၀ ရက်က အာဂျင်တီးနားနိုင်ငံ ဗျူရိုအေးရိစ်မြို့၌ ယှဉ်ပြိုင်ခဲ့သည့် ISSF World Cup ပြိုင်ပွဲ ၁၀ မီတာ လေပစ္စတိုပစ် ကျားမနှစ်ယောက်တွဲ အသင်းလိုက်ပြိုင်ပွဲတွင် တရုတ်အသင်းက ရွှေတံဆိပ်ဆုနှင့် ငွေတံဆိပ်ဆုများ ဆွတ်ခူးနိုင်ခဲ့ပြီး ဆုတံဆိပ်ရရှိမှု အဆင့်ရပ်တည်ချက်၌ ရွှေတံဆိပ်ငါးခု၊ ငွေတံဆိပ်သုံးခု၊ ကြေးတံဆိပ်သုံးခုဖြင့် ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိသည်။
တရုတ်ကစားသမားများဖြစ်သည့် Ma Qianke/Zhang Yifan နှင့် Yao Qianxun/Hu Kai တို့က ရှုံးထွက်အဆင့်များတွင် စိုးမိုးထားနိုင်ခဲ့ပြီး ထိပ်ဆုံးနှစ်နေရာ၌ ရပ်တည်နိုင်ခဲ့ကာ ဗိုလ်လုပွဲ၌ တရုတ်ကစားသမားများအချင်းချင်း ထိပ်တိုက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ (Xinhua)

………………………..
(English Version)
Mohamed Salah ends speculation, signs new Liverpool deal
Liverpool’s Egypt international striker Mohamed Salah has signed a two-year contract extension, ending rumors that he would leave Anfield at the end of the season to move to Saudi Arabia.
The agreement comes after months of negotiations and moments when it looked as if Salah would leave the club after eight successful seasons that have seen him score 243 goals and give 109 assists in 393 games, with 27 goals in the Premier League this season as Liverpool closes in on the title.
“I have played eight years here, hopefully it’s going to be 10. I’m enjoying my life here, enjoying my football. I have had the best years of my career here,” said Salah in declarations after the news was made official by the club on Friday morning.
“Of course I’m very excited – we have a great team now,” said 32-year-old Salah.
Liverpool coach Arne Slot welcomed the news in his press conference ahead of Sunday’s game against West Ham.
…..
Chelsea eases past Legia Warsaw in UEFA Conference League quarterfinal first leg
Chelsea moved a step closer to the UEFA Conference League semifinals with a convincing 3-0 win over Polish side Legia Warsaw in the first leg of their quarterfinal on Thursday night.
Tyrique George pounced on a rebound in the 49th minute after Tobiasz had saved a shot from Reece James, giving the Premier League side the lead.
The visitors doubled their advantage eight minutes later when Noni Madueke beat Tobiasz with a low shot to the near post in the 57th minute.
Madueke added his second goal of the night in the 75th minute, finishing off a cross from Jadon Sancho to seal the result and leave Legia facing a steep uphill battle. The second leg is scheduled for April 17 in London.
…..
Former Real Madrid, Netherlands coach Beenhakker dies at 82
Leo Beenhakker, the esteemed Dutch soccer coach renowned for his successful stints with top European clubs and national teams, passed away Thursday afternoon at the age of 82, his family confirmed to Dutch national broadcaster NOS.
Beenhakker gained international acclaim as head coach of Real Madrid, guiding the Spanish giants to three consecutive La Liga titles from 1986 to 1989. During his tenure, Real Madrid also clinched the Copa del Rey in 1989 and the Spanish Super Cup in 1988 and 1989.
In 1997, Beenhakker took the helm at Feyenoord Rotterdam, leading them to an Eredivisie championship in the 1998-99 season and a Johan Cruyff Shield victory in 1999.
…..
China tops medal table at ISSF World Cup
China claimed gold and silver medals in the 10m air pistol mixed team event here on Thursday, finishing the ISSF World Cup in Buenos Aires atop the medal standings with five gold, three silver and three bronze medals.
Two Chinese pairs – Ma Qianke/Zhang Yifan and Yao Qianxun/Hu Kai – dominated the qualification rounds, securing the top two positions to guarantee an all-Chinese final.