Connect with us

International Organizations

ဘာစီလိုနာနောက်ခံလူ ခွန်ဒဲ ၂၀၃၀ ပြည့်နှစ်အထိ အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန် သဘောတူ

ဂျာမနီနိုင်ငံ ဒေ့ါမွန်မြို့တွင် ဒေ့ါမွန်အသင်းနှင့် ဘာစီလိုနာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်၌ ဘာစီလိုနာကစားသမား ဂျူးစ်ခွန်ဒဲ (ဝဲ) ဂိုးသွင်းရန် ကြိုးပမ်းနေပုံအား ၂၀၂၅ ခုနှစ် ဧပြီ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ ဩဂုတ် ၁ ရက် (ဆင်ဟွာ)
ဘာစီလိုနာအသင်းက တရားဝင်ကြေညာခြင်း မရှိသေးသော်လည်း အသင်း၏ နောက်ခံလူ ဂျူးစ်ခွန်ဒဲက ၎င်းအနေဖြင့် ငါးနှစ်သက်တမ်းရှိ စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီခဲ့ကြောင်း အတည်ပြုပြောကြားခဲ့သည်။
၂၀၃၀ ပြည့်နှစ် ဇွန်လကုန်အထိ စာချုပ်သက်တမ်းတိုးရန် အရာအားလုံးကို အပြီးသတ်လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း အသင်း၏ အာရှခြေစမ်းခရီးစဉ်အဖြစ် တောင်ကိုရီးယားသို့ ရောက်ရှိနေစဉ် ပြင်သစ်လက်ရွေးစင် ခွန်ဒဲက မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။
စာချုပ်သစ်အား လာမည့်ရက်ပိုင်းအတွင်း တရားဝင်ကြေညာမည်ဖြစ်ကာ ဆွေးနွေးမှုများ မြန်မြန်ဆန်ဆန် ပြီးမြောက်ခဲ့သည့်အတွက် အလွန်ပျော်ရွှင်မိကြောင်း ခွန်ဒဲက ဆိုသည်။
“ဘာစီလိုနာအသင်းနဲ့ ကျွန်တော်က စိတ်ကူးချင်းတူပါတယ်။ ကျွန်တော် အသင်းမှာနေရတာ၊ ရည်မှန်းချက်ကြီးတဲ့ အသင်းတစ်သင်းမှာ ရှိနေရတာ သိပ်ပျော်ပါတယ်။ ကျွန်တော်တို့ နှစ်တိုင်း ဆုဖလားတွေအတွက် တိုက်ပွဲဝင်ခွင့်ရတဲ့အတွက်လည်း ပျော်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ ပြီးခဲ့သည့်ရာသီက ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်ဘုရင့်ဖလား (ကိုပါဒယ်ရေး) ဗိုလ်လုပွဲ၌ ဘာစီလိုနာက ရီးရဲလ်မက်ဒရစ်အား အနိုင်ယူခဲ့ရာတွင် ခွန်ဒဲက နောက်ကျအနိုင်ဂိုး သွင်းယူခဲ့ခြင်းဖြစ်သည်။
အသက် ၂၆ နှစ်အရွယ် ခွန်ဒဲမှာ ၂၀၂၂ ခုနှစ်တွင် ဆီဗီလာအသင်းမှ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကာ ဘာစီလိုနာအတွက် ၁၄၁ ပွဲ ပါဝင်ကစားခဲ့ပြီး ၇ ဂိုး သွင်းယူခဲ့သည်။ ကနဦးတွင် ၎င်းအား ဗဟိုနောက်ခံလူအဖြစ် ခေါ်ယူခဲ့ခြင်းဖြစ်သော်လည်း ပြီးခဲ့သည့် ရာသီများတွင်မူ ညာနောက်ခံလူအဖြစ် အံဝင်အောင်ကစားနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ဘာစီလိုနာအသင်းနှင့် ဘင်ဖီကာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်၌ ဘာစီလိုနာကစားသမား လာမင်း ယမားလ် (ယာ) ဂိုးသွင်းပြီးနောက် အသင်းဖော် ဂျူးစ်ခွန်ဒဲနှင့်အတူ အောင်ပွဲခံနေပုံကို ၂၀၂၅ ခုနှစ် မတ် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………….
(English Version)
Barca defender Kounde agrees new contract until 2030
SEOUL, July 30 (Xinhua) — Although the club has yet to make the news official, FC Barcelona defender Jules Kounde on Wednesday confirmed that he has agreed a new five-year contract.
Speaking from the club’s Asian tour in South Korea, the French international commented that “everything has been finished” in terms of a contract extension until the end of June 2030.
He added it was “a question of days” before the contract was made official, saying he was “very happy” the negotiations had been “so fast.”
“Barca and I had the same idea. I am very happy with the team and to be at such an ambitious club and happy we can fight for titles every year,” commented the player who scored a late winner as Barca beat Real Madrid in last season’s Copa del Rey final.
26-year-old Kounde joined Barcelona from Sevilla in 2022 and has scored seven goals in 141 games for Barcelona. Although he was initially signed as a central defender, recent seasons have seen him adapt to play at right-back.
English Caption 1
Jules Kounde (L) of FC Barcelona shoots during the UEFA Champions League quarterfinal 2nd leg football match between Borussia Dortmund and FC Barcelona in Dortmund, Germany, April 15, 2025. (Photo by Joachim Bywaletz/Xinhua)
English Caption 2
Barcelona’s Lamine Yamal (R) celebrates his goal with teammate Jules Kounde during the UEFA Champions League Round of 16 2nd leg football match between FC Barcelona and SL Benfica in Barcelona, Spain, on March 11, 2025. (Photo by Joan Gosa/Xinhua)