Asia
ဆန်သစ်ပေါ်ချိန် ဂျပန်နိုင်ငံ၏ ဆန်စျေးနှုန်း မြင့်တက်

တိုကျို၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံရှိ စူပါမားကတ်များတွင် သြဂုတ် ၁၀ ရက်အထိ တစ်ပတ်အတွင်း ဆန် လက်လီစျေး ၅ ကီလိုဂရမ်လျှင် ပျှမ်းမျှ ၃,၇၃၇ ယန်း (အမေရိကန် ဒေါ်လာ ၂၅.၂၆ခန့်) အထိ မြင့်တက်သွားကြောင်း တရားဝင် ကိန်းဂဏန်း များက ပြသခဲ့သည်။
လယ်ယာစိုက်ပျိုးရေး၊ သစ်တောနှင့်ငါးလုပ်ငန်းဝန်ကြီးဌာန အဆိုအရ ယခင်ရက်သတ္တပတ်ကထက် ၁၉၅ ယန်း တက်လာခြင်းဖြစ်ကြောင်း သိရသည်။
ဆန်သစ်သည် ပုံမှန်အားဖြင့် သိုလှောင်ဆန်များထက် စျေးပိုလေ့ရှိသောကြောင့် ထိုသို့ဈေးမြင့်တက်မှုသည် ယခုနှစ် ဆန်သစ်ပေါ်ချိန် စတင်ရောင်းချမှုကို သက်ရောက်မှုရှိနိုင်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
နိုင်ငံတစ်ဝန်းရှိ စူပါမားကတ် ၁,၀၀၀ ခန့်တွင် အပတ်စဥ်စာရင်းကောက်ယူမှုကိုအခြေခံသည့် အချက်အလက် များအရ ဒေသတစ်ခုတည်းမှထွက်သည့် နာမည်ရှိပြီးသားဆန်နှင့် အခြားဆန်အမျိုးအစားများက ပျှမ်းမျှ ၅ ကီလိုဂရမ်လျှင် ၄,၂၃၉ ယန်းစျေးရှိပြီး ယခင်သီတင်းပတ်ကထက် ၃၇ ယန်းတက်ကာ သိုလှောင်ဆန်အမျိုးအစားများ အပါအဝင် ရောစပ်ဆန်အမျိုးအစားများက ပျှမ်းမျှ ၃,၁၉၀ ယန်း စျေးရှိကြောင်းသိရသည်။ (Xinhua)
……………………..
(English Version)
Japan’s rice prices rise amid new harvest sales
TOKYO, Aug. 19 (Xinhua) — The average retail price of rice at supermarkets across Japan rose to 3,737 yen (about 25.26 U.S. dollars) per 5 kilograms in the week through Aug. 10, official data showed.
The data was up 195 yen from the previous week, according to the Ministry of Agriculture, Forestry and Fisheries.
The ministry said the increase may reflect the start of sales of this year’s new rice crop, which is typically more expensive than stockpiled rice.
Based on weekly surveys at about 1,000 supermarkets nationwide, the data showed that branded rice, sold by single production area and variety, averaged 4,239 yen per 5 kg, up 37 yen from the previous week. Blended rice, including stockpiled varieties, averaged 3,190 yen. ■
A consumer shops for rice at a supermarket in Tokyo, Japan, May 21, 2025. (Xinhua/Hu Xiaoge)