International Organizations
နောက်ခံလူ မန်ဒီ ဘက်တစ်အသင်းမှ ရာယိုအသင်းသို့ ရောက်ရှိ

မက်ဒရစ်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ)
ရာယို ဗယ်လက်ကာနိုအသင်းက ရာသီသစ်အတွက် ၎င်း၏ နောက်တန်းကို အားကောင်းစေရန် ဆီနီဂေါ ဗဟိုခံစစ်ကစားသမား နိုဘယ် မန်ဒီအား ရီးရဲလ်ဘက်တစ်မှ ခေါ်ယူလိုက်ပြီဖြစ်သည်။
အသက် ၂၀ နှစ်အရွယ် ကစားသမား မန်ဒီက ရာယိုအသင်းအား ရာသီကုန်တွင် အမြဲတမ်းအပြောင်းအရွှေ့ကို ခွင့်ပြုပေးမည့် သဘောတူညီမှုတစ်ခုဖြင့် ရောက်ရှိလာခြင်းဖြစ်သည်။
နယ်သာလန်ကလပ်အသင်း PSV Eindhoven သို့ ပြောင်းရွှေ့ရန် ကြံရွယ်ခဲ့သော်လည်း အလုပ်ဗီဇာ မရသောကြောင့် ပျက်သွားခဲ့သည့် နွေရာသီအား မန်ဒီ၏ ယခုအပြောင်းအရွှေ့က ပြီးဆုံးစေခဲ့ပြီဖြစ်သည်။ မန်ဒီမှာ စကော့တလန်ကလပ်အသင်း Glasgow Rangers နှင့်လည်း သဘောတူညီမှုရရန် နီးစပ်ခဲ့သော်လည်း ၎င်း၏ကြံ့ခိုင်မှုအပေါ် အသင်းက သံသယရှိခဲ့သည်။
ရာယိုအသင်းက ဩဂုတ် ၂၁ ရက်ည၌ UEFA ကွန်ဖရင့်လိဂ် Play-off ပွဲစဥ်တွင် ဘီလာရုစ်ကလပ် Neman Grodno နှင့် ယှဥ်ပြိုင်ကစားရမည်ဖြစ်သည်။
မန်ဒီက ၂၀၂၃ ခုနှစ်တွင် ပဲရစ် FC မှ အငှားစာချုပ်ဖြင့် ဘက်တစ်အသင်းသို့ ရောက်ရှိခဲ့ပြီး တစ်နှစ်အကြာတွင် ပြောင်းရွှေ့ကြေး ယူရိုတစ်သန်း (အမေရိကန်ဒေါ်လာ ၁.၁၆ သန်း)ဖြင့် ဘက်တစ်အသင်းသို့ အပြီးသတ် ရောက်ရှိလာခဲ့သည်။ သို့သော်လည်း မန်ဒီက စပိန်လာလီဂါတွင် နှစ်ပွဲအပါအဝင် ပြီးခဲ့သည့်ရာသီ၌ ၅ ပွဲသာ ကစားခဲ့သည်။ (Xinhua)
……………………………………………………
(English Veresion)
Defender Mendy joins Rayo from Betis
MADRID, Aug. 20 (Xinhua) — Rayo Vallecano has signed Senegalese center-back Nobel Mendy from Real Betis to strengthen its back line for the new season.
The 20-year-old arrives in a deal that allows Rayo to make the move permanent at the end of the campaign.
The transfer ends a summer which saw Mendy’s proposed move to Dutch side PSV Eindhoven fall through because he was unable to get a work visa. He was also close to signing for Glasgow Rangers, but the Scottish club had doubts over his fitness.
Rayo will face Belarusian club Neman Grodno in the UEFA Conference League play-off on Thursday night.
Mendy joined Betis on loan from Paris FC in 2023, with the Seville-based club playing one million euros (1.16 million U.S. dollars) to make the move permanent a year later. However, Mendy only made five first team appearances last season, including two in La Liga. ■
English Caption
Aurelien Tchouameni (R) of Real Madrid vies with Oscar Valentin of Vallecano during a Spanish La Liga football match between Rayo Vallecano and Real Madrid in Madrid, Spain, Nov. 7, 2022. (Photo by Gustavo Valiente/Xinhua)