Connect with us

Asia

တရုတ်ယဉ်ကျေးမှု စွမ်းရည်ပြိုင်ပွဲ နီပေါနိုင်ငံတွင် ကျင်းပပြုလုပ်

ခတ္တမန္ဒူ၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ)

နီပေါကျောင်းသားများအတွက် ၁၁ ကြိမ်မြောက် တရုတ်ယဉ်ကျေးမှု စွမ်းရည်ပြိုင်ပွဲကို ဩဂုတ် ၅ ရက်က နီပေါနိုင်ငံရှိ Learning Realm International School တွင် ကျင်းပပြုလုပ်ခဲ့သည်။

ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူ ၃၀၀ နီးပါးက တရုတ်သီချင်း ၁၀ ပုဒ်၊ တရုတ် မော်ဒန်နှင့် ဂန္ထဝင်အက ၁၀ မျိုးတို့ဖြင့် ၄င်းတို့၏ ပါရမီစွမ်းရည်ကို သရုပ်ဖော်ပြသခဲ့ကြရာ လာရောက်ကြသည့် ပရိသတ်များ၏လက်ခုပ်ဩဘာသံများ လွှမ်းခြုံသွားခဲ့သည်။

“သားတို့သမီးတို့ပြောတဲ့ စကားလုံးတိုင်း၊ ရေးသားသရုပ်ဖော်တဲ့ ဇာတ်ကောင်စရိုက်တိုင်း ဒါမှမဟုတ် ဒီနေ့၊ ဒီနေရာမှာ သရုပ်ဖော်တင်ဆက်တဲ့ ယဉ်ကျေးမှုဆိုင်ရာ အရိပ်လက္ခဏာတိုင်းဟာ နိုင်ငံ နှစ်နိုင်ငံရဲ့ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေကြားမှာ ဆက်လက်ပူးပေါင်းလုပ်ဆောင်ကြဖို့ တံတားတစ်ခုလိုပေါင်းကူးပေးတဲ့ခြေလှမ်းတစ်ခုပါပဲ“ ဟု Learning Realm International School ကျောင်းအုပ်ကြီး ဘာဒယ်ပရက်ဒ်ဟန်က ပြောကြားခဲ့သည်။

ဆက်လက်ပြီး ကျောင်းအုပ်ကြီးပရက်ဒ်ဟန်က ” ဒီပြိုင်ပွဲက တရုတ်ဘာသာစကားနဲ့ ယဉ်ကျေးမှု သမိုင်းကြောင်းကို စူးစမ်းရှာဖွေလေ့လာမှုတွေ ဆက်လက်ပြုလုပ်လိုသူအားလုံးအတွက် စိတ်အားထက်သန်တက်ကြွမှုတွေ များစွာပေးစွမ်းနိုင်ပါလိမ့်မယ်” ဟု ပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည့် မူလတန်းနှင့် အလယ်တန်းကျောင်းသားကျောင်းသူများကို ရည်ရွယ်ပြောကြားခဲ့သည်။

အဆိုပါပြိုင်ပွဲကို နီပေါနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် နီပေါရှိ တရုတ်ဘာသာစကား ပညာရေးအဖွဲ့တစ်ခုဖြစ်သော Volunteers’ Home တို့က ပူးပေါင်းစီစဉ်ကျင်းပခဲ့ခြင်းဖြစ်သည်။ (Xinhua)

……………………….
(English Version)
Chinese culture talent competition held for Nepali students.

KATHMANDU, Aug. 5 (Xinhua) — The 11th Chinese culture talent competition for Nepali students was held here on Tuesday.

Nearly 300 contestants demonstrated their talents through 10 Chinese songs and 10 Chinese modern and classic dances, drawing a frequent outburst of cheers and applause from the audience.

“Every word you speak, every character you write, or every cultural element that you’re going to perform here today is a step toward building bridges between our two nations,” said Badal Pradhan, principal of the Learning Realm International School in Nepal.

“May this event inspire you all to continue exploring the history of the Chinese language and culture,” Pradhan told the primary and secondary school students present for the competition, jointly organized by the Chinese embassy in Nepal and the Volunteers’ Home for International Chinese Language Education in Nepal.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.