Connect with us

Asia

ချေးငွေအတိုးနှုန်းလျှော့ချရန် ပြည်တွင်းပြည်ပဘဏ်များအား ဗီယက်နမ်ဗဟိုဘဏ် တိုက်တွန်း

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ ဖိနပ်စက်ရုံတွင် ပြည်ပတင်ပို့ရန် ဖိနပ်များထုတ်လုပ်နေသော အလုပ်သမားများကို ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- VNA/Handout via Xinhua)

ဟနွိုင်း၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ)

အပ်ငွေအတိုးနှုန်းများတည်ငြိမ်ရေးနှင့် ချေးငွေအတိုးနှုန်းများလျှော့ချနိုင်ရေးအတွက် ကြီးကြီးမားမား ကြိုးပမ်းဆောင်ရွက်ကြရန် ပြည်တွင်းပြည်ပကူးသန်းရောင်းဝယ်ရေးဘဏ်များအား ဗီယက်နမ်ဗဟိုဘဏ် (SBV) က တိုက်တွန်းတောင်းဆိုခဲ့သည်ဟု ဗီယက်နမ်သတင်းအေဂျင်စီ၏ သြဂုတ် ၆ ရက်သတင်းဖော်ပြမှုအရ သိရသည်။

ယခုကဲ့သို့ နှိုးဆော်ရခြင်းမှာ ဘဏ်များထံမှ ငွေချေးယူမှုတိုးတက်လာစေရန်နှင့် ယခု ၂၀၂၅ ခုနှစ်အတွင်း စီးပွားရေးတိုးတက်မှုနှုန်း ၈ ရာခိုင်နှုန်းအထိရောက်ရှိရန် ရည်မှန်းချက်ထားဆောင်ရွက်နေသည့် ဗီယက်နမ်အစိုးရ၏ ရည်မှန်းချက်ပြည့်မီစေရေးအတွက်အထောက်အကူပြုရန် SBV က တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

SBV ၏ဒုတိယဥက္ကဌ ဖန်သန်ဟာက အပ်ငွေအတိုးနှုန်းများတည်ငြိမ်ခြင်းနှင့် ချေးငွေအတိုးနှုန်းများ လျှော့ချခြင်းတို့မှာ စီးပွားရေးနာလန်ထူမှုကိုအားပေးရန်နှင့် မက်ခရိုစီးပွားရေးတည်ငြိမ်မှုကို ဆက်ထိန်းနိုင်ရေးအတွက် မရှိမဖြစ်လိုအပ်သည့်အစီအမံများဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဆက်လက်ပြီး SBV ဒုတိယဥက္ကဌက ငွေကြေးအဖွဲ့အစည်းအနေဖြင့် ချေးငွေအတိုးနှုန်းများကို ထပ်မံလျှော့ချနိုင်ရန်အတွက် လုပ်ငန်းလည်ပတ်မှုစရိတ်များကိုလျှော့ချခြင်းနှင့် အမြတ်ငွေ လျှော့ချလက်ခံပေးကြရန်လည်း တောင်းဆိုခဲ့သည်။ ထိုကဲ့သို့ ချေးငွေအတိုးနှုန်းများကို လျှော့ချပေးခြင်းဖြင့် မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများအပေါ်ကျရောက်နေသည့် ဘဏ္ဍာရေးဖိအားကို ပြေလျော့သက်သာစေရန် ရည်ရွယ်ခြင်းလည်း ဖြစ်သည်။

ချေးငွေပမာဏများအား ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် အခြားဦးစားပေးကဏ္ဍများသို့ တိုက်ရိုက် ပိုမိုချထားပေးသင့်သော်လည်း စွန့်စားအန္တရာယ်မြင့်မားသည့် စီးပွားရေးကဏ္ဍများသို့ ချေးငွေ ထုတ်ပေးခြင်းကိုမူ တင်းတင်းကျပ်ကျပ်ကိုင်တွယ်ထိန်းချုပ်ရမည်ဟု SBV ဒုတိယဥက္ကဌက တစ်ဆက်တည်း သတိပေးခဲ့သည်။

ဗဟိုဘဏ်မှထုတ်ပြန်ခဲ့သည့်စာရင်းများအရ ဇူလိုင်လအစောပိုင်းမှစ၍ ဘဏ်အမြောက်အမြားမှာ ၆ လမှ ၁၃ လအထိကြာမြင့်သည့် စာရင်းသေအပ်ငွေအတိုးနှုန်းများကို ၀.၁ မှ ၀.၂ ရာခိုင်နှုန်းအထိ ပြင်ဆင်ခဲ့ကြသည်ဟု သိရသည်။ (Xinhua)

…………………….
(English Version)

Vietnam’s central bank urges lending rate cuts

HANOI, Aug. 6 (Xinhua) — The State Bank of Vietnam (SBV) has urged both domestic and foreign commercial banks to make greater efforts to stabilize deposit rates and reduce lending rates, Vietnam News Agency reported Wednesday.

The move aimed to improve credit access and support the government’s target of achieving 8 percent economic growth this year.

SBV Deputy Governor Pham Thanh Ha said that stabilizing deposit rates and lowering lending rates are essential measures to stimulate economic recovery and maintain macroeconomic stability.

He called on credit institutions to cut operational costs and accept lower profit margins in order to reduce lending rates further, thereby easing financial pressure on households and businesses.

Credit growth should be directed toward manufacturing, business, and other priority sectors, while lending to high-risk sectors must be strictly controlled, he said.

According to the central bank, since early July, several banks have trimmed deposit rates by 0.1 to 0.2 percentage points for terms ranging from six to 13 months.
Workers make shoes for export at a workshop of the footwear company in Hanoi, Vietnam, April 1, 2022. (VNA/Handout via Xinhua)