Europe
အူနိုင်းအမ်မရီ၏ အရေးပါမှုကို ဗီလာတိုက်စစ်မှူးသစ် အက်ဗန်ဂက်စ်ဆန်း ချီးကျုး

လန်ဒန်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)
အက်စ်တွန်ဗီလာက ပြင်သစ်လီဂူး-၁ ကလပ်နိုက်စ်မှတိုက်စစ်မှုး အက်ဗန်ဂက်စ်ဆန်းကို ကနဦးပြောင်းရွှေ့ကြေး ပေါင် ၂၆ သန်း(အမေရိကန်ဒေါ်လာ ၃၅သန်း) စာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်သည်။
အသက် ၂၄ နှစ်အရွယ်တိုက်စစ်မှူး အက်ဗန်ဂက်စ်ဆန်းမှာ ကော်ဆီကာကျွန်းစုတွင်မွေးဖွားခဲ့သူဖြစ်သော် လည်း လက်ရွေးစင်အသင်းကြီးအတွက်ကစားရာတွင် အိုင်ဗရီကို့စ်ကို ကိုယ်စားပြုခဲ့သူဖြစ်သည်။ ဗီလာကလည်း ယမန်နှစ်ရာသီက အငှားစာချုပ်ဖြင့်ခေါ်ယူခဲ့သည့် ရက်ရှ်ဖို့ဒ်၊ အဆန်ဆီယိုတို့ကို ပြန်လည်စေလွတ်ပေးလိုက်ရပြီးနောက် တိုက်စစ်မှူးစစ်စစ်အဖြစ်ကစားနိုင်သည့် အိုလီဝက်ကင်တစ်ဦးတည်းသာရှိနေသည့်အတွက် အဆိုပါ အင်္ဂလန်တိုက်စစ်မှူး ၏ အရန်အဖြစ် အက်ဗန်ဂက်စ်ဆန်းကို ခေါ်ယူလိုက်ခြင်းဖြစ်သည်။
အက်ဗန်ဂက်စ်ဆန်းမှာ ယူအီးအက်ဖ်အေ၏ ဘဏ္ဍာရေးမျှခြေစည်းမျဥ်းနှင့်အံဝင်အောင် နွေရာသီကစားသမားအပြောင်းအရွှေ့စျေးကွက်အတွင်း ခက်ခဲစွာလှုပ်ရှားနေရသည့် ဗီလာအတွက် ဗီလာပါ့ခ်သို့ရောက်ရှိလာသည့် ဒုတိယမြောက်ကစားသမားလည်း ဖြစ်လာခဲ့သည်။
ဗီလာမှာ ပြင်သစ်ကလပ် ဘရက်စ်မှ ဂိုးသမား မာကိုဘီဇော့တ်ကို ခေါ်ယူပြီးနောက် အက်ဗန်ဂက်စ်ဆန်းကို ထပ်မံခေါ်ယူခဲ့ခြင်းဖြစ်သည်။
အက်စတွန်ဗီလာရုပ်သံနှင့်ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် နည်းပြချုပ် အူနိုင်းအမ်မရီနှင့်လက်တွဲလုပ်ကိုင်ရမည့်အချက်က ဗီလာပါ့ခ်သို့လာရောက်ကစားရန် ဆွဲဆောင်မှုတစ်ခုဖြစ်ခဲ့သည်ဟု အက်ဗန်ဂက်စ်ဆန်းက ဆိုသည်။
“အူနိုင်းအမ်မရီက ကျွန်တော့်ကို ဗီလာပါ့ခ်မှာလာကစားဖို့ လက်ခံယုံကြည်စေခဲ့တဲ့သူပါ။ ကျွန်တော်တို့လည်း အူနိုင်းအမ်မရီရဲ့နည်းပြဘဝဖြတ်သန်းမှုတွေကို သိထားကြပြီးသားလေ” ဟု အက်ဗန်ဂက်စ်ဆန်းက ပြောကြားခဲ့သည်။
အူနိုင်းအမ်မရီကို ပီအက်စ်ဂျီနည်းပြအဖြစ်တာဝန်ယူနေစဥ်ကာလအတန်ကြာကတည်းက သိရှိခဲ့ကြောင်း၊ အမ်မရီမှာ ၄င်းနှင့်လက်တွဲလုပ်ကိုင်နေသည့်ကစားသမားများကို တိုးတက်အောင်လုပ်ပေးနိုင်သူဖြစ်ခြင်းကြောင့် အဆိုပါအချက်ကိုလည်း ထည့်သွင်းစဥ်းစားခဲ့ကြောင်း အက်ဗန်ဂက်စ်ဆန်းက ဆက်လက်ပြောကြားသည်။
“ကျွန်တော်က လူငယ်ကစားသမားတစ်ယောက်ပါ။ တိုးတက်ချင်ပါသေးတယ်။ တိုးတက်မယ့် အရည်အချင်းတွေလည်း အများကြီးရှိတယ်။ နည်းပြနဲ့စကားပြောကြည့်ပြီးနောက် အမ်မရီဟာ ကျွန်တော့ကို ကောင်းသထက်ကောင်းအောင် လုပ်ပေးနိုင်မယ့် မှန်ကန်တဲ့နည်းပြတစ်ဦးဆိုတာ သိခဲ့တယ်” ဟု ယမန်နှစ်ရာသီက နိုက်စ်အတွက် လိဂ် ၃၂ ပွဲကစား၊ ၁၂ ဂိုးသွင်းနိုင်ခဲ့သည့် အက်ဗန်ဂက်စ်ဆန်းက ပြောသည်။ (Xinhua)
……………………..
(English Version)
New Aston Villa striker Guessand hails Emery influence
LONDON, Aug. 8 (Xinhua) — Aston Villa has signed striker Evann Guessand from French side Nice for an initial fee of 26 million pounds (35 million U.S. dollars).
The 24-year-old, who was born on the island of Corsica but represents the Cote d’Ivoire at international level, will provide back-up to Ollie Watkins, who was the only recognized forward in the Villa squad after the end of the loan deals for Marcus Rashford and Marco Asensio last season.
Guessand is the club’s second arrival of a difficult summer in which the club’s transfer activity has been limited by the need to comply with UEFA’s financial fair play rules.
The club’s other signing is goalkeeper Marco Bizot from Brest.
Speaking to Aston Villa’s TV channel, Guessand said the change to work with head coach Unai Emery was one thing that attracted him to the club.
“He really is the person who convinces me to come here, and of course, we know the career of this coach.”
“A long time ago, I saw him in the French league [as Paris Saint-Germain coach], and he’s known for the way he used to improve the players he used to work with, so I was thinking about this.”
“I’m a young player and I want to improve. I have many qualities that can improve, so when I spoke with the coach, I know this is the right coach for me to become better and better,” said the forward, who scored 12 goals in 32 league appearances last season in France.