Africa & Middle East
ဂါဇာကမ်းမြောင်ဒေသသို့ လေကြောင်းမှ အကူအညီအထုပ်ပေါင်း ၁,၀၀၀ ကျော် ချပေး

ဂျေရုဆလင်၊ ဩဂုတ် ၉ ရက် (ဆင်ဟွာ)
ဂါဇာကမ်းမြောင်ဒေသတွင် နိုင်ငံ ၉ နိုင်ငံ ပါဝင်သည့် ဇူလိုင်လနှောင်းပိုင်း လေယာဥ်ပေါ်မှပစ္စည်းများချပေးသည့် နိုင်ငံတကာလုပ်ငန်းစဥ် ပြန်လည်စတင်ချိန်မှစ၍ အကူအညီပေးရေး အထုပ်ပေါင်း ၁,၀၀၀ ကျော် ချပေးခဲ့ပြီးဖြစ်ကြောင်း အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ က သြဂုတ် ၈ ရက်က ပြောကြားခဲ့သည်။
သြဂုတ် ၈ ရက်က ပထမဆုံးအကြိမ်အဖြစ် နယ်သာလန်အပါအဝင် နိုင်ငံ ခြောက်နိုင်ငံက အစားအစာ အထုပ် ပေါင်း ၇၂ ထုပ်ကို ဖြန့်ဝေပေးခဲ့သည်။ အခြားသော ပါဝင်ကူညီသော နိုင်ငံများမှာ ယူအေအီး၊ ဂျော်ဒန်၊ ဂျာမနီ၊ ဘယ်လ်ဂျီယမ်နှင့် ပြင်သစ်တို့ ဖြစ်ကြသည်။
ဂါဇာကမ်းမြောင်ဒေသ၏ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေ ဆိုးဆိုးရွားရွားပြင်းထန်လာပြီး အစ္စရေး၏ ပိတ်ဆို့မှုများဆက်လက်ဖြစ်ပေါ်နေချိန်တွင် ကမ္ဘာတစ်ဝန်းစိုးရိမ်ပူပန်မှုများ မြင့်တက်လာပြီးနောက် လေယာဥ် ပေါ်မှပစ္စည်းများချပေးရေး လုပ်ငန်းစဥ် ဇူလိုင် ၂၆ ရက်တွင် ပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း အစ္စရေးမှ အာဟာရ ချို့တဲ့နေသူများအား ဆေးကုသခွင့်နှင့် အကူအညီများ ဂါဇာအတွင်းသို့ ပိုမိုယူဆောင်ရန် ခွင့်မပြုလျှင် လေယာဥ်ပေါ်မှ ပစ္စည်းများချပေးခြင်းသည် ထိရောက်မှုနည်းပါးမည်ဟု ကုလသမဂ္ဂ တာဝန်ရှိသူများနှင့်ကျွမ်းကျင်သူများက ပြောဆိုခဲ့ကြသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်ကတည်းက ဂါဇာတွင် အစားအစာငတ်မွတ်မှုနှင့် ဆေးကုသပေးနိုင်မှု နည်းပါးခြင်းတို့ကြောင့် ကလေး ၉၈ဦး အပါအဝင် အနည်းဆုံး လူ ၂၀၁ ဦး သေဆုံးခဲ့ပြီးဖြစ်ကြောင်း ဂါဇာ အခြေစိုက် ကျန်းမာရေးတာဝန်ရှိသူများက သြဂုတ် ၈ ရက်၌ ပြောကြားခဲ့သည်။ (Xinhua)
…………………..
(English Version)
Over 1,000 packages airdropped over Gaza in 2 weeks
JERUSALEM, Aug. 8 (Xinhua) — More than 1,000 aid packages have been airdropped over the Gaza Strip since the resumption of the international airdrop operation in late July, with the participation of nine countries, the Israel Defense Forces (IDF) said on Friday.On Friday, six countries — including the Netherlands, which joined the effort for the first time — delivered 72 food packages. Other participating nations included the United Arab Emirates, Jordan, Germany, Belgium, and France.
The airdrops resumed on July 26 after the worsening humanitarian situation in Gaza sparked global outrage amid Israel’s continued blockade.
But United Nations officials and experts say the airdrops will have little impact unless Israel opens the land crossings to allow more aid in and permits medical treatment for the malnourished.
Since Oct. 7, 2023, at least 201 people have died due to starvation and lack of medical treatment in Gaza, including 98 children, according to figures released by the Gaza-based health authorities on Friday.
Photo: Jordanian servicemen drop humanitarian aid over Gaza, on Aug. 1, 2025. (Photo by Mohammad Abu Ghosh/Xinhua)