Africa & Middle East
ဟားမက်စ်အဖွဲ့ကို လက်ခံထားသည့် နိုင်ငံများမှာ အစ္စရေး၏ နောက်ထပ်ပစ်မှတ် ဖြစ်နိုင်ဟု အစ္စရေးဝန်ကြီးချုပ် ပြော

ဂျေရုဆလမ်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)
ဟားမက်စ်ခေါင်းဆောင်များနှင့် အစ္စရေးက ရန်သူအဖြစ် သတ်မှတ်ထားသော အခြားအဖွဲ့အစည်းများကို လက်ခံထားသည့် နိုင်ငံများအနေဖြင့် ယင်းအဖွဲ့အစည်းများအပေါ် အရေးယူဆောင်ရွက်ခြင်းမရှိပါက အဆိုပါနိုင်ငံများသည်လည်း ပစ်မှတ်ဖြစ်လာနိုင်သည်ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက စက်တင်ဘာ ၁၀ ရက်၌ သတိပေးခဲ့သည်။ အစ္စရေးက ဒိုဟာ၌ တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ခြင်းကြောင့် နိုင်ငံတကာမှ ကျယ်ကျယ်ပြန့်ပြန့် ပြစ်တင်ရှုတ်ချမှုများ အလျင်အမြန် ထွက်ပေါ်လာခဲ့ပြီး တစ်ရက်အကြာတွင် ယခုကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်သည်။
“အကြမ်းဖက်သမားတွေကို လက်ခံထားတဲ့ ကာတာ အပါအဝင် နိုင်ငံအားလုံးအနေနဲ့ အဲဒီအကြမ်းဖက်သမားတွေကို မောင်းထုတ်ဖို့ ဒါမှမဟုတ် တရားဥပဒေအရ ပြစ်ဒဏ်စီရင်ဖို့ ပြောချင်ပါတယ်။ သင်တို့ဘက်က အဲဒီလိုမလုပ်ဘူးဆိုရင် ကျွန်တော်တို့ လုပ်ရပါလိမ့်မယ်” ဟု နေတန်ယာဟုက ဗီဒီယိုမှတစ်ဆင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
လူ ၁,၂၀၀ ခန့် သေဆုံးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုအတွက် တိုက်ရိုက်ပါဝင်ပတ်သက်ခဲ့သည့် ဟားမက်စ်အဖွဲ့ ခေါင်းဆောင်များကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုဟု အစ္စရေး အာဏာပိုင်များက ထုတ်ဖော်ပြောဆိုထားသည့် ဖြစ်စဉ်အတွင်း ဟားမက်စ် အကြီးတန်းတာဝန်ရှိသူများ အသုံးပြုနေသည့် ဒိုဟာမြို့ရှိ အဆောက်အအုံတစ်လုံးအား စက်တင်ဘာ ၉ ရက်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့် ရလဒ်အား အစ္စရေးဘက်က အသေးစိတ်ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
ဟားမက်စ် ကိုယ်စားလှယ်အဖွဲ့အနေဖြင့် အမေရိကန်က တင်သွင်းသည့် အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်သစ်နှင့် စပ်လျဉ်း၍ ဆွေးနွေးနေချိန်တွင် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဟားမက်စ်တို့က စက်တင်ဘာ ၉ ရက်၌ ပြောကြားခဲ့သည်။ စေ့စပ်ညှိနှိုင်းရေးအဖွဲ့မှာ ယင်းတိုက်ခိုက်မှုမှ လွတ်မြောက်ခဲ့သော်လည်း အခြားသူ ခြောက်ဦး သေဆုံးခဲ့သည်ဟု ဟားမက်စ်အဖွဲ့က ဆိုသည်။
ထိုတိုက်ခိုက်မှုမှာ သတ်မှတ်ထားသည့် ပစ်မှတ်များကို ထိမှန်ခဲ့ခြင်းမရှိဟုဆိုသော ခန့်မှန်းချက်များ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာသည်ဟု အစ္စရေးနိုင်ငံပိုင်ရုပ်သံ Kan TV က စက်တင်ဘာ ၁၀ ရက်၌ ထုတ်လွှင့်ဖော်ပြခဲ့သည်။
ကာတာနိုင်ငံက မိမိတို့အနေဖြင့် အစ္စရေး၏ တိုက်ခိုက်မှုအား တုံ့ပြန်ရန်နှင့် နောင်တွင် တိုက်ခိုက်မှုများ ထပ်မံမဖြစ်ပွားအောင် တားဆီးရန် “ကျယ်ကျယ်ပြန့်ပြန့် ချဉ်းကပ်နည်း” ကို ကျင့်သုံးမည်ဖြစ်ကြောင်း၊ မိမိတို့၏ အချုပ်အခြာအာဏာအား ထိပါးချိုးဖောက်မှုမှန်သမျှကို သည်းခံမည်မဟုတ်ကြောင်း အခိုင်အမာပြောကြားထားသည်။
ထိုအတောအတွင်း အစ္စရေးစစ်တပ်က ဂါဇာဒေသ၌ ထိုးစစ်ဆင်မှုကို ဆက်လက်လုပ်ဆောင်လျက်ရှိကာ အစ္စရေးလေတပ်က လွန်ခဲ့သော သီတင်းပတ်မှစ၍ ဂါဇာမြို့ရှိ နေရာပေါင်း ၃၆၀ အား သုံးသုတ်ခွဲ၍ တိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ဆိုသည်။
ဂါဇာဒေသအနှံ့တွင် စက်တင်ဘာ ၁၀ ရက်က လူပေါင်း ၄၁ ဦးထက်မနည်း ထပ်မံသေဆုံးခဲ့သည့်အတွက် ၂၀၂၃ ခုနှစ် အောက်တိုဘာလနောက်ပိုင်း ဂါဇာဒေသတွင် သေဆုံးသူပေါင်း ၆၄,၆၅၆ ဦး ရှိလာပြီဖြစ်ကြောင်း၊ အစ္စရေး၏ ထိုးစစ်ကြောင့် ဂါဇာဒေသ၏ နေရာအများအပြားမှာ အကြီးအကျယ်ပျက်စီးခဲ့ရပြီး ငတ်မွတ်ခေါင်းပါးမှုများ ဖြစ်ပေါ်လျက်ရှိသည်ဟု ဂါဇာအခြေစိုက် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ (Xinhua)
……………….
(English Version)
Countries hosting Hamas could be Israel’s next targets: Israeli PM
JERUSALEM, Sept. 10 (Xinhua) — Countries hosting Hamas leaders or other groups regarded by Israel as enemies could themselves become targets if they failed to act against the groups, Israeli Prime Minister Benjamin Netanyahu warned Wednesday, a day after Israel’s Doha strike that drew swift and broad international condemnation.
“I say to Qatar and all nations who harbor terrorists, you either expel them or you bring them to justice … because if you don’t, we will,” Netanyahu said in a video statement.
Israel has not released details on the outcome of its airstrike in Doha on Tuesday that targeted a building used by senior Hamas officials in what Israeli authorities described as an attempt to assassinate leaders of the group who were “directly responsible for” the attack on Oct. 7, 2023 that left about 1,200 people dead.
Hamas said Tuesday that the strike occurred while its delegation was discussing a new ceasefire proposal presented by Washington. According to the group, the negotiating team survived, but six others were killed.
On Wednesday, Israel’s state-owned Kan TV reported that estimates were growing the attack has failed to hit its intended targets.
Qatar has vowed to adopt a “comprehensive” approach to respond to the Israeli strike and deter future attacks, noting that the country will not tolerate any violations of its sovereignty.
Meanwhile, the Israeli military pressed on with its offensive in Gaza, saying its air force has carried out three waves of strikes on 360 sites in Gaza City since last week.
At least 41 people were killed across Gaza on Wednesday, bringing the total death toll in the enclave to 64,656 since October 2023, Gaza-based health authorities said, noting that Israel’s ongoing offensive has also reduced much of Gaza to rubble and caused famine. ■
English Caption
This video screenshot shows Israeli Prime Minister Benjamin Netanyahu delivering a video address on June 13, 2025. (Xinhua)