Africa & Middle East
အာဖဂန်နစ္စတန်နိုင်ငံ ကန်ဒါဟာပြည်နယ်တွင် ဖွံ့ဖြိုးရေးစီမံကိန်း ၁၆၀ တည်ဆောက်ပြီးစီး

ကဘူးလ်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)
အာဖဂန်နစ္စတန်နိုင်ငံ၊ ကန်ဒါဟာပြည်နယ်တောင်ပိုင်းရှိ စိုက်ပျိုးရေးနှင့် ကျေးလက်အခြေခံ အဆောက်အအုံများမြှင့်တင်ရေးအတွက် ရည်ရွယ်ဆောင်ရွက်ထားသော စီမံကိန်း ၁၆၀ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့ပြီဖြစ်ကြောင်း အာဖဂန် ကျေးလက်ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။
အဆိုပါစီမံကိန်းများသည် ကုန်ကျစရိတ် အာဖဂန်နီငွေ ၂၇၅ သန်းကျော် (အမေရိကန်ဒေါ်လာ ၃.၉၆ သန်းခန့်) ရှိခဲ့ပြီး မိုင်ဝန်းခရိုင် အစွန်အဖျားဒေသများတွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ စီမံကိန်းများတွင် တူးမြောင်းများ၊ ဆည်များ၊ ရေနုတ်မြောင်းများနှင့် လမ်းများပါဝင်ကြောင်းလည်း သိရသည်။ (Xinhua)
………………………..
(English Version)
160 development projects completed in Afghanistan’s Kandahar province
KABUL, Aug. 31 (Xinhua)
The Afghan Ministry of Rural Rehabilitation and Development has said that 160 development projects, designed to bolster agricultural and rural infrastructure, have been completed in the southern Kandahar province.
The projects, at a cost of over 275 million afghani (approximately 3.96 million U.S. dollars), were carried out on the outskirts of Maiwand district, the ministry said.
The projects included canals, dams, culverts and roads.
Photo:
A farmer picks plums at an orchard in the outskirt of Zhari district, south Afghanistan’s Kandahar Province, June 27, 2024. (Photo by Arghand/Xinhua)