Connect with us

International Organizations

ဒဏ်ရာကြောင့် ရူဒီဂါအား ရီးရဲလ်မက်ဒရစ် ၃ လနီးပါးကြာ လက်လွှတ်ရဖွယ်ရှိ

စပိန်နိုင်ငံ၊ မက်ဒရစ်မြို့၌ ကစားခဲ့သည့် ရီးရဲလ်မက်ဒရစ်နှင့် မာယော့ကာတို့၏ လာလီဂါပွဲတွင် ရီးရဲလ်မက်ဒရစ်မှ အန်တိုနီယို ရူဒီဂါ(ဝဲ) နှင့် မာယော့ကာမှ ဆိုင်လီလာရင် (အောက်) တို့၏ ယှဥ်ပြိုင် ကစားပုံအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

မက်ဒရစ်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)
စက်တင်ဘာ ၁၂ ရက်ကပြုလုပ်ခဲ့သည့် လေ့ကျင့်ရေးအစီအစဥ်တွင် ကြွက်သားဒဏ်ရာရခဲ့သော ဂျာမနီ လက်ရွေးစင် ဗဟိုခံစစ်မှူး အန်တိုနီယိုရူဒီဂါကို ရီးရဲလ်မက်ဒရစ်က သုံးလနီးပါး လက်လွှတ်ရဖွယ် ရှိနေကြောင်းသိရသည်။
ရီးရဲလ်ဆေးအဖွဲ့က ပြုလုပ်ခဲ့သော စစ်သပ်စစ်ဆေးမှုများအရ အန်တိုနီယို ရူဒီဂါ၏ ဘယ်ဘက် ခြေထောက်ရှိ Rectus Femoris ကြွက်သားများတွင် ဒဏ်ရာတစ်ခုရခဲ့ကြောင်း ရီးရဲလ်မက်ဒရစ်က ၎င်းတို့၏ ဝက်ဆိုက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ရီးရဲလ်မက်ဒရစ်၏ ထုတ်ပြန်ချက်တွင် ရူဒီဂါပြန်ကစားနိုင်မည့်အချိန်နှင့်ပတ်သက်၍ နောက်ထပ် ဒဏ်ရာအခြေအနေတိုးတက်မှုများအား စောင့်ဆိုင်းရမည်ဟု ဆက်လက်ဖော်ပြထားသော်လည်း စပိန်သတင်းမီဒီယာများဖြစ်သော ဒိုင်ယာရီယို မာကာနှင့် ဒိုင်ယာရီယို အေအက်စ်တို့ နှစ်ခုစလုံးက ရူဒီဂါမှာ သီတင်းပတ် ၁၀ ပတ်မှ ၁၂ ပတ်အကြား အနားယူရလိမ့်မည်ဖြစ်ကြောင်း ဖော်ပြခဲ့ကြသည်။
အဆိုပါအဓိပ္ပါယ်အရ ရူဒီဂါမှာ စက်တင်ဘာ ၂၇ ရက်တွင် အက်သလက်တီကိုမက်ဒရစ်နှင့်ကစားရမည့် မက်ဒရစ်ဒါဘီ၊ အောက်တိုဘာလကုန်ခါနီးတွင် ကစားရမည့် ဘာစီလိုနာနှင့် အယ်ကလပ်စီကိုဒါဘီပွဲများ အပါအဝင် လာလီဂါ ၁၁ ပွဲခန့် လွဲချော်တော့မည်ဖြစ်ကြောင်း သိရသည်။
အလားတူ ရူဒီဂါမှာ အိုလံပစ်မာဆေးလ်၊ ကိုင်ရတ်၊ ဂျုဗင်တပ်၊ လီဗာပူး၊ အိုလံပီယာကို့စ်တို့နှင့် ကစားရမည့် ချန်ပီယံလိဂ်ပွဲစဥ်များကိုလည်း လွဲချော်တော့မည်ဖြစ်ကြောင်း၊ ရူဒီဂါဒဏ်ရာရသွားခြင်းမှာ ခရစ္စမတ်ကာလအထိ သီတင်းတစ်ပတ်လျှင် နှစ်ပွဲနှုန်းကစားရမည့် ရီးရဲလ်မက်ဒရစ်နည်းပြ အလွန်ဆို အတွက် ဗဟိုခံစစ်မှူးသီးသန့်ကစားသမားအဖြစ် ဒင်းဟူဆန်၊ မီလီတာအိုနှင့် ရာအူးလ်အဆန်ဆီယိုတို့ သုံးဦးသာ ရှိတော့သည့်အဖြစ်သို့ ရောက်သွားစေကြောင်း သိရသည်။ (Xinhua)
……………………..
(English Version)
Real Madrid faces being without injured Rudiger for up to three months through injury
MADRID, Sept. 13 (Xinhua) — Real Madrid could be without central defender Antonio Rudiger for up to three months after the German international suffered a muscle injury in training on Friday, the club confirmed.
“Following tests conducted on Toni Rudiger by the Real Madrid Medical Services, he has been diagnosed with an injury to the rectus femoris muscle in his left leg,” read a statement on the club’s website.
Although the club added that news of Rudiger’s return was “awaiting further development,” the Spanish sports papers, Diario Marca and Diario AS, both reported Rudiger will be sidelined for between 10-12 weeks.
That means he will miss around 11 games in La Liga, including the Madrid derby away to Atletico Madrid on September 27, as well as the first ‘Clasico’ against FC Barcelona at the end of October.
Rudiger is also out for Champions League games against Olympique Marseille, Kairat, Juventus, Liverpool and Olympiakos, leaving coach Xabi Alonso with just Dean Huijsen, Eder Militao and Raul Asensio as the only specialist central defenders in a squad that is going to be playing two games a week almost every week until the Christmas break. ■
Photo:
Antonio Rudiger (L) of Real Madrid vies with Cyle Larin (bottom) of RCD Mallorca during the La Liga football match between Real Madrid and RCD Mallorca in Madrid, Spain, Jan. 3, 2024. (Photo by Gustavo Valiente/Xinhua)