Asia
အိန္ဒိယနိုင်ငံသို့ စင်ကာပူဝန်ကြီးချုပ်၏ ၃ ရက်ကြာ အလည်အပတ်ခရီး စတင်

နယူးဒေလီ၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နရန်ဒြာရာမိုဒီ၏ဖိတ်ကြားချက်အရ စင်ကာပူဝန်ကြီးချုပ် လောရင့်ဝေါင်မှာ ၎င်း၏ အိန္ဒိယနိုင်ငံသို့ ပထမဆုံးအလည်အပတ်ခရီးအဖြစ် စက်တင်ဘာ ၂ ရက်ညက နယူးဒေလီမြို့သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
ဝေါင်၏ ၃ ရက်ကြာမြင့်မည့် တရားဝင်အလည်အပတ်ခရီးတွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အကြီးတန်းအရာရှိကြီးများ အပါအဝင် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့လည်း အတူလိုက်ပါခဲ့ကြောင်း သိရသည်။ ဝေါင်း၏အလည်အပတ်ခရီးစဥ်အတွင်း အိန္ဒိယတာဝန်ရှိကိုယ်စားလှယ်များနှင့် နှစ်နိုင်ငံအစည်းအဝေးများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ စက်တင်ဘာ ၄ ရက်တွင် နှစ်ဖက်သဘောတူ နားလည်မှုဆိုင်ရာစာချွန်လွှာအချို့ကို လက်မှတ်ရေးထိုးဖွယ်ရှိကြောင်း ခန့်မှန်းထားကြသည်။
စင်ကာပူဝန်ကြီးချုပ်သည် အိန္ဒိယနိုင်ငံ သမ္မတ ဒရူပါတီမာမူနှင့်လည်း တွေ့ဆုံရန်စီစဉ်ထားကြောင်း၊ အိန္ဒိယထိပ်တန်းစီးပွားရေးခေါင်းဆောင်များနှင့် အပြန်အလှန်ဆွေးနွေးမှုများပြုလုပ်မည်ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံ၏ပြည်ထောင်စုဝန်ကြီးအချို့နှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း သိရသည်။
စင်ကာပူဝန်ကြီးချုပ်၏ အိန္ဒိယနိုင်ငံသို့အလည်အပတ်ခရီးသည် အိန္ဒိယနှင့် စင်ကာပူတို့ သံတမန်ဆက်ဆံရေးထူထောင်ခဲ့သည့် နှစ် ၆၀ ပြည့် နှစ်ပတ်လည်အဖြစ် လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်မှုအရ သိရသည်။ (Xinhua)
……………………..
(English Version)
Singaporean PM begins 3-day visit to India
NEW DELHI, Sept. 3 (Xinhua)
Singaporean Prime Minister Lawrence Wong landed in New Delhi on Tuesday night for his first visit to India as Singaporean PM at the invitation of Indian Prime Minister Narendra Modi.
Wong was accompanied by a high-level delegation in his three-day official visit, including cabinet ministers and senior officials. The highlight of his visit would be the bilateral meeting with his Indian counterpart on Thursday where a few bilateral memorandums of understanding (MoUs) were expected to be inked.
The Singaporean PM was also scheduled to meet Indian President Droupadi Murmu, besides interacting with Indian business leaders and meeting a couple of the country’s federal ministers.
The visit coincided with the 60th anniversary of India-Singapore diplomatic relations, said India’s Ministry of External Affairs. ■
Photo:
Lawrence Wong speaks during a swearing-in ceremony held at Singapore’s Istana on May 15, 2024. (Ministry of Communications and Information of Singapore/Handout via Xinhua)