Africa & Middle East
အာဖဂန်နစ္စတန်တွင် ဩဂုတ် ၃၁ ရက်က ငလျင်ကြောင့် လူ ၂,၂၀၀ ကျော် သေဆုံးပြီးနောက် ပြင်းအား ၅.၆ အဆင့်ရှိ ငလျင် ထပ်မံလှုပ်ခတ်

ကဘူးလ်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းတွင် နန်ဂါဟာပြည်နယ် မြို့တော်ဂျလာလာဘတ် အရှေ့ဘက် ၁၄ ကီလိုမီတာ အကွာကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၅.၆ အဆင့်ရှိ ငလျင်တစ်ခု စက်တင်ဘာ ၄ ရက် ဂရင်းနစ်စံတော်ချိန် ၁၆၅၆ နာရီ၌ လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ငလျင်၏ဗဟိုချက်မှာ အနက် ၁၀ ကီလိုမီတာရှိပြီး မြောက်လတ္တီကျု ၃၄.၇၂ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၇၀.၇၉ ဒီဂရီ ဖြစ်သည်။
GFZ ဂျာမနီဘူမိသိပ္ပံသုတေသနစင်တာကမူ ၎င်းငလျင်၏ ပြင်းအားကို ၆.၂ ရှိသည်ဟု တိုင်းတာခဲ့သည်။
အဆိုပါငလျင်မှာ မကြာသေးမီရက်များအတွင်း နန်ဂါဟာနှင့် အိမ်နီးချင်း ကူနာ၊ လာဂမန်နှင့် နူရီစတန်ပြည်နယ်များကို ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးစေခဲ့သည့် ငလျင်များ ဆက်တိုက်လှုပ်ခတ်ပြီးနောက် ယခုနောက်ဆုံး ငလျင်လှုပ်ခတ်မှုဖြစ်သည်။
အဆိုးရွားဆုံးဖြစ်သည့် ပြင်းအား ၆.၀ အဆင့်ရှိ ငလျင်မှာ ဩဂုတ် ၃၁ ရက်နှောင်းပိုင်းက လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ကြီးမားသော ပျက်စီးမှုများ ဖြစ်ပေါ်စေခဲ့ကာ အသက်အိုးအိမ်စည်းစိမ် အများအပြားဆုံးရှုံးခဲ့ရသည်။
တရားဝင်ထုတ်ပြန်ချက်များက လူပေါင်း ၂,၂၀၀ ကျော် သေဆုံး ၃,၆၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အတည်ပြုခဲ့ပြီး အပျက်အစီးများမှ ရုပ်အလောင်းများကို ပြန်လည်ဖော်ထုတ်နိုင်ရန် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။
အာဏာပိုင်များနှင့် အကူအညီပေးရေးအဖွဲ့အစည်းများက မြင့်တက်လာသော အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းနေစဥ် အဆိုပါငလျင်ဘေးသင့်ဒေသမှာ မြင့်မားသော သတိပေးချက်တွင် ကျန်ရှိနေသေးကြောင်း သိရသည်။ (Xinhua)

အာဖန်နစ္စတန်နိုင်ငံ ကူနာပြည်နယ် နာဂယ်ခရိုင်တွင် ငလျင်ဘေးသင့်နယ်မြေတစ်ခု၌ ကယ်ဆယ်ရေးရဟတ်ယာဥ်တစ်စင်းအနီး စုဝေးနေသော ပြည်သူများကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

အာဖန်နစ္စတန်နိုင်ငံ ကူနာပြည်နယ် နာဂယ်ခရိုင်ရှိ ငလျင်ဘေးသင့်နယ်မြေတစ်ခု၌ အပျက်အစီးများပေါ်၌ မတ်တပ်ရပ်နေသော ယောက်ျားလေးတစ်ဦးကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁ ရက်က တွေ့ရစဥ် (ဆင်ဟွာ)
…………….
Afghanistan rocked by 5.6-magnitude earthquake after Sunday quake kills over 2,200
KABUL, Sept. 4 (Xinhua) — A 5.6-magnitude earthquake struck eastern Afghanistan on Thursday, centered 14 km east of Jalalabad, the capital of Nangarhar province, at 1656 GMT, according to the U.S. Geological Survey.
The quake’s epicenter, at a depth of 10 km, was located at 34.72 degrees north latitude and 70.79 degrees east longitude.
The GFZ German Research Centre for Geosciences measured the quake at a magnitude of 6.2.
This latest temblor follows a series of earthquakes that have devastated Nangarhar and neighboring Kunar, Laghman and Nuristan provinces in recent days.
The most catastrophic, a 6.0-magnitude quake, hit late Sunday, causing extensive destruction and significant loss of life and property.
Official reports confirmed over 2,200 deaths and more than 3,600 injuries, with rescue operations ongoing to recover bodies from the rubble.
The region remains on high alert as authorities and aid organizations grapple with the escalating crisis. ■
English Caption 1
Afghan people transfer earthquake relief supplies in Suki district of Kunar province, Afghanistan, Sept. 3, 2025. (Xinhua/Li Ang)
English Caption 2
People gather near a rescue helicopter at the earthquake-hit area in Nurgal district of Kunar province, Afghanistan, Sept. 1, 2025. (Photo by Saifurahman Safi/Xinhua)
English Caption 3
A boy stands on ruins at the earthquake-hit area in Nurgal district of Kunar province, Afghanistan, Sept. 1, 2025.