Connect with us

North America

ဆီးရီးယားရှိ အိုင်အက်စ်ပစ်မှတ်များကို အမေရိကန်က အကြီးစားတိုက်ခိုက်မှုများ လုပ်ဆောင်

ဆီးရီးယာနိုင်ငံ ဒမတ်စကပ်စ်မြို့ရှိ လမ်းမပေါ်တွင် ဒေသခံများ စုဝေးနေကြသည်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

အမေရိကန် တပ်ဖွဲ့များက ဆီးရီးယားနိုင်ငံတစ်ဝန်းရှိ အိုင်အက်စ်ပစ်မှတ်များစွာကို အကြီးစားတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း အမေရိကန် ဗဟိုကွပ်ကဲရေးဌာနက ဇန်နဝါရီ ၁၀ ရက်၌ ပြောကြားခဲ့သည်။
“ဒီကနေ့ (ဇန်နဝါရီ ၁၀ ရက်) အရှေ့ပိုင်းစံတော်ချိန် နေ့လယ် ၁၂:၃၀ နာရီလောက်က အမေရိကန် ဗဟိုကွပ်ကဲရေးတပ်ဖွဲ့တွေက မိတ်ဖက်တပ်ဖွဲ့တွေနဲ့အတူ ဆီးရီးယားတစ်ခွင်က အိုင်အက်စ်ပစ်မှတ် အများအပြားကို အကြီးစားတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်” ဟု အဆိုပါကွပ်ကဲရေးဌာနက X လူမှုမီဒီယာတွင် ဖော်ပြခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုများသည် ဆီးရီးယားနိုင်ငံ Palmyra မြို့ရှိ အမေရိကန်နှင့် ဆီးရီးယားတပ်ဖွဲ့များကို အိုင်အက်စ်က ဒီဇင်ဘာ ၁၃ ရက်၌ အပြင်းအထန် တိုက်ခိုက်ခဲ့ခြင်းကို တုံ့ပြန်သောအားဖြင့် ဒီဇင်ဘာ ၁၉ ရက်က စတင် ကြေညာခဲ့သော Operation Hawkeye Strike ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ကွပ်ကဲရေးဌာနက ဆိုသည်။ ယင်းတိုက်ခိုက်မှုမှာ တစ်ကိုယ်တော် အိုင်အက်စ် အကြမ်းဖက်သမားတစ်ဦးက ချောင်းမြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ အမေရိကန် စစ်သည်နှစ်ဦးနှင့် အမေရိကန် အရပ်သားဘာသာပြန်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယခုတိုက်ခိုက်မှုများသည် “မိမိတို့ရဲ့ တိုက်ခိုက်ရေးသမားတွေအတွက် အိုင်အက်စ်အကြမ်းဖက်မှုကို အမြစ်ပြတ်ချေမှုန်းဖို့၊ အနာဂတ်မှာဖြစ်ပေါ်လာနိုင်မယ့် တိုက်ခိုက်မှုတွေကို ကာကွယ်ဖို့၊ ဒေသတွင်းက အမေရိကန်နိုင်ငံသားတွေနဲ့ မိတ်ဖက်တပ်ဖွဲ့တွေကို ကာကွယ်ဖို့ စတဲ့ ကျွန်တော်တို့ကတိပေးထားတာရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ အမေရိကန်နဲ့ မဟာမိတ်တပ်ဖွဲ့တွေက အမေရိကန်ကို ထိခိုက်စေတဲ့ အကြမ်းဖက်သမားတွေကို လိုက်လံရှာဖွေဖို့ စိတ်ပိုင်းဖြတ်ထားဆဲဖြစ်ပါတယ်” ဟု အမေရိကန် ဗဟိုကွပ်ကဲရေးဌာနက ဖြည့်စွက်ပြောခဲ့သည်။ (Xinhua)
………………………..
(English Version)
U.S. launches large-scale strikes against IS targets in Syria
WASHINGTON, Jan. 10 (Xinhua) — U.S. Central Command said Saturday that its forces conducted large-scale strikes against multiple Islamic State (IS) targets across Syria.
“Today, at approximately 12:30 p.m. Eastern Time, U.S. Central Command forces, alongside partner forces, conducted large-scale strikes against multiple ISIS targets across Syria,” the command posted on X.
The command said these strikes were part of Operation Hawkeye Strike, which was launched and announced on Dec. 19 in response to a deadly IS attack on U.S. and Syrian forces in Palmyra, Syria, on Dec. 13. In the attack, a lone IS terrorist carried out an ambush, killing two U.S. soldiers and one U.S. civilian interpreter.
The strikes are “part of our ongoing commitment to root out Islamic terrorism against our warfighters, prevent future attacks, and protect American and partner forces in the region,” U.S. Central Command said, adding that U.S. and coalition forces “remain resolute in pursuing terrorists who seek to harm the United States.”
Photo: Locals rally in a street in Damascus, Syria, Dec. 8, 2024. (Photo by Ammar Safarjalani/Xinhua)