Connect with us

International Organizations

လီဗာပူးလ်နောက်ခံလူ ဘရက်ဒလေ ဒူးဒဏ်ရာကြောင့် ရာသီလက်ကျန်ပွဲစဉ်များကို လွဲချော်မည်

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၈ ရက်က အာဆင်နယ်နှင့် လီဗာပူးလ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်၌ လီဗာပူးလ်အသင်းမှ ကော်နာ ဘရက်ဒလေ (ဝဲ) ၏ ယှဉ်ပြိုင်ကစားဟန်ကို တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

လီဗာပူးလ်အသင်း နောက်ခံလူ ကော်နာ ဘရက်ဒလေမှာ ဇန်နဝါရီ ၈ ရက်က အမ်းမရိတ်ကွင်းတွင် အာဆင်နယ်အသင်းနှင့် ဂိုးမရှိသရေကျခဲ့သည့် ပွဲစဉ်၌ ဒူးဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့သည့်အတွက် ယခုရာသီ လက်ကျန်ပွဲစဉ်များကို လွဲချော်မည်ဖြစ်ကြောင်း သိရသည်။
အသက် ၂၂ နှစ်အရွယ် အဆိုပါ ညာနောက်ခံလူမှာ နာကျင်အချိန်ပိုတွင် ကွင်းဘေးစည်းနား၌ ဘောလုံးရယူရန် ကြိုးပမ်းနေချိန် မြေပေါ်သို့ပြန်အကျတွင် ဒဏ်ရာရရှိခဲ့သဖြင့် လူစားလဲခံခဲ့ရသည်။
ဘရက်ဒလေ၏ ဒဏ်ရာမှာ အရိုးရော အရွတ်ပါ ထိခိုက်မိခဲ့ခြင်းဖြစ်ကြောင်း လီဗာပူးလ်အသင်းက နောက်ပိုင်းတွင် အတည်ပြုခဲ့သော်လည်း ဒူးခေါင်းအတွင်း ရှေ့ခြမ်းအရွတ်ဒဏ်ရာ (ACL) နှင့် ဆက်စပ်မှုမရှိဟု ဆိုသည်။ ဘရက်ဒလေမှာ လာမည့်ရက်ပိုင်းအတွင်း ခွဲစိတ်ကုသမှုခံယူရန် စီစဉ်ထားကြောင်း သိရသည်။

“ညာနောက်ခံလူ ဘရက်ဒလေဟာ ဇန်နဝါရီ ၈ ရက် ညပိုင်းက အာဆင်နယ်အသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ်ရဲ့ ပွဲချိန်နှောင်းပိုင်းမှာ အခုလို ဒဏ်ရာရခဲ့တာပါ။ သူဟာ လာမယ့်ရက်ပိုင်းအတွင်း ခွဲစိတ်မှုခံယူမှာဖြစ်ပြီး အဲဒီနောက် AXA လေ့ကျင့်ရေးစင်တာမှာ ပြန်လည်ထူထောင်ရေးကာလကို စတင်မှာပါ” ဟု လီဗာပူးလ်အသင်းက ဇန်နဝါရီ ၁၁ ရက်၌ ကြေညာချက်ထုတ်ပြန်ခဲ့သည်။
“လောလောဆယ်မှာ သူ ဘောလုံးပြန်ကစားနိုင်မယ့်အချိန်ကို တိတိကျကျ မပြောနိုင်သေးပါဘူး” ဟုလည်း ကြေညာချက်၌ ဖော်ပြထားသည်။
သို့ဖြစ်၍ ဘရက်ဒလေ၏ ဒဏ်ရာမှာ ကလပ်အသင်းအတွက်ရော နိုင်ငံအသင်းအတွက်ပါ ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့သည်။ ၎င်းအနေဖြင့် မတ် ၂၆ ရက်တွင် အီတလီအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ကမ္ဘာ့ဖလား play-off ဆီမီးဖိုင်နယ်ပွဲစဉ်တွင် မြောက်အိုင်ယာလန်အသင်းအတွက် ပါဝင်နိုင်တော့မည်မဟုတ်သလို မြောက်အိုင်ယာလန်အသင်း ခြေစစ်ပွဲတွင် နောက်တစ်ဆင့် တက်ရောက်ခဲ့မည်ဆိုလျှင်လည်း ၎င်းပါဝင်နိုင်ရန် အကြီးအကျယ် မရေရာမှုများရှိနေသည်။ (Xinhua)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၈ ရက်က အာဆင်နယ်နှင့် လီဗာပူးလ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်၌ လီဗာပူးလ်အသင်းမှ ကော်နာ ဘရက်ဒလေ (ယာ) နှင့် အာဆင်နယ်အသင်းမှ ဒက်ကလန် ရိုက်စ်တို့ ရင်ဆိုင်တွေ့နေစဉ် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၇ ရက်က ခရစ္စတယ်ပဲလေ့စ်နှင့် လီဗာပူးလ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်၌ ခရစ္စတယ်ပဲလေ့စ်အသင်းမှ တိုင်ရစ်ခ် မစ်ချယ်လ်အား လီဗာပူးလ်အသင်းမှ ကော်နာ ဘရက်ဒလေ (ဝဲ) ဟန့်တားနေစဉ် (ဆင်ဟွာ)

………………..
(English Version)
Liverpool defender Bradley ruled out for remainder of domestic season after knee injury
LONDON, Jan. 11 (Xinhua) — Liverpool defender Conor Bradley has been ruled out for the rest of the domestic season after suffering a significant knee injury during Thursday night’s 0-0 Premier League draw against Arsenal at the Emirates Stadium.
The 22-year-old right-back was forced off in stoppage time after landing awkwardly near the touchline while chasing the ball.
Liverpool later confirmed the injury involves damage to both bone and ligament, though it is not related to his anterior cruciate ligament (ACL). Bradley is set to undergo surgery in the coming days.
“The right-back suffered the issue in the latter stages of Thursday night’s Premier League fixture away at Arsenal. Bradley will undergo surgery in the coming days and then begin a period of rehabilitation at the AXA Training Centre,” Liverpool said in a statement on Sunday.
“No timeframe is being placed on his return to playing at this stage of the process,” it added.
The setback is a major blow for both club and country. Bradley will miss Northern Ireland’s World Cup play-off semifinal against Italy on 26 March and is now a significant doubt should his country progress further in their qualification campaign.
English Caption 1
Liverpool’s Conor Bradley (L) competes during the English Premier League match between Arsenal FC and Liverpool FC in London, Britain, on Jan. 8, 2026. (Xinhua)
English Caption 2
Liverpool’s Conor Bradley (R) is challenged by Arsenal’s Declan Rice during the English Premier League match between Arsenal FC and Liverpool FC in London, Britain, on Jan. 8, 2026. (Xinhua)
English Caption 3
Liverpool’s Conor Bradley (L) challenges Crystal Palace’s Tyrick Mitchell during the English Premier League match between Crystal Palace FC and Liverpool FC in London, Britain, on Sept. 27, 2025. (Xinhua)