Connect with us

International Organizations

LA28 အိုလံပစ်အားကစားပြိုင်ပွဲလက်မှတ်အတွက် စာရင်းသွင်းခြင်း စတင်ဖွင့်လှစ်

၂၀၂၈ ခုနှစ် လော့စ်အိန်ဂျလိစ် အိုလံပစ်အားကစားပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားအား ၂၀၂၈ ခုနှစ် ဇူလိုင် ၁၄ ရက်၌ ပူးတွဲကျင်းပမည့် လော့စ်အိန်ဂျလိစ်အထိမ်းအမှတ်အားကစားရုံကြီးကို တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

၂၀၂၈ ခုနှစ် လော့စ်အိန်ဂျလိစ် အိုလံပစ်အားကစားပြိုင်ပွဲ (LA28) အတွက် လက်မှတ်ဝယ်ယူရန် စာရင်းသွင်းကာလ စတင်ပြီဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ (IOC) က ဇန်နဝါရီ ၁၄ ရက်၌ ကြေညာခဲ့သည်။
စာရင်းသွင်းကာလမှာ ဇန်နဝါရီ ၁၄ ရက်မှ မတ်လ ၁၈ ရက်အထိဖြစ်ပြီး လက်မှတ်ဝယ်ယူလိုသူတိုင်း LA28 ဝက်ဘ်ဆိုက်တွင် မှတ်ပုံတင်ရမည်ဖြစ်ပြီး ပရိုဖိုင်တစ်ခု ဖန်တီးရမည်ဟု IOC က ထုတ်ပြန်ခဲ့သည်။
မှတ်ပုံတင်မှုအောင်မြင်သော ပရိသတ်များအနေဖြင့် လက်မှတ်ဝယ်ယူရန် ကျပန်းအချိန်စာရင်းအား သတ်မှတ်ပေးမည့် လက်မှတ်ကံစမ်းမဲ၌ ပါဝင်နိုင်မည်ဖြစ်သည်။ ယင်းအချိန်စာရင်းများကို ၂၀၂၆ ခုနှစ် ဧပြီလ၌ ဖွင့်လှစ်မည်ဖြစ်ပြီး ပထမဆုံးလက်မှတ်ဝင်းဒိုး (window) တွင် လက်မှတ်သုံးသန်းကျော် ရရှိနိုင်ကြောင်း သိရသည်။
လက်မှတ်ဈေးနှုန်းများမှာ အမေရိကန်ဒေါ်လာ ၂၈ ဒေါ်လာမှ စတင်မည်ဖြစ်ပြီး အကောင့်တစ်ခုလျှင် လက်မှတ် ၁၂ စောင်အထိသာ အများဆုံးဝယ်ယူခွင့် ကန့်သတ်ထားကြောင်း IOC က ကြေညာခဲ့သည်။
အဆိုပါလော့စ်အိန်ဂျလိစ် အိုလံပစ်အားကစားပြိုင်ပွဲကို ၂၀၂၈ ခုနှစ် ဇူလိုင် ၁၄ ရက်မှ ၃၀ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
……………….
(English Version)
LA28 Olympic ticket registration open
GENEVA, Jan. 15 (Xinhua) — The IOC announced Wednesday that the registration period to buy tickets for the 2028 Los Angeles Olympic Games has begun.
The IOC said the registration period runs from January 14 to March 18, during which anyone who wishes to buy tickets must register and create a profile on the LA28 website.
Fans who have registered successfully will enter into the ticket draw, which will assign a random time slot to purchase tickets. These time slots will open in April 2026, with over three million tickets available during the first ticket window.
Ticket prices will start at 28 U.S. dollars and each account is limited to buying 12 tickets, the IOC said.
The Los Angeles Olympics will be held from July 14 to 30, 2028. ■
English Caption
The Los Angeles Memorial Coliseum will co-host the opening ceremony of the 2028 Olympic Games on July 14, 2028. (Xinhua)