International Organizations
စပိန်ဘုရင့်ဖလားတွင် ဘာစီလိုနာနှင့် ဗလင်စီယာတို့ ကွာတားဖိုင်နယ်တက်ရောက်
မက်ဒရစ်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)
ဇန်နဝါရီ ၁၅ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်ဘုရင့်ဖလား ၁၆ သင်းအဆင့် ပွဲစဉ်၌ ဘာစီလိုနာအသင်းက ဒုတိယတန်းမှ အမှတ်ပေးဇယားဦးဆောင်သူ ရေးဆင်း ဆန်တန်ဒါအသင်းကို အဝေးကွင်း၌ ၂-၀ ဂိုးဖြင့် အနိုင်ရရှိကာ ကွာတားဖိုင်နယ်သို့ တက်ရောက်သွားပြီဖြစ်သည်။
ရေးဆင်းအသင်းက ပထမပိုင်းတွင် ခံစစ်ပိတ်ကစားခဲ့ရာ ပက်ဒရီ၊ ရာဖင်ညာနှင့် ရောဘတ် လီဝန်ဒေါစကီးတို့ ပွဲထွက်လူစာရင်းတွင် မပါဝင်ခဲ့သည့် ဘာစီလိုနာအသင်းမှာ ရေးဆင်းဂိုးသမား ယိုကင် အက်ဇ်ကီတာကို ထိထိရောက်ရောက် ခြိမ်းခြောက်နိုင်ခဲ့ခြင်းမရှိပေ။
ပွဲချိန် ၆၅ မိနစ်တွင် ဖာမင် လိုပက်ဇ်၏ သေသပ်ကောင်းမွန်သော ပေးပို့မှုမှတစ်ဆင့် ဖယ်ရန် တောရက်စ်က အဖွင့်ဂိုးသွင်းယူခဲ့သလို ပွဲချိန်နှောင်းပိုင်းတွင် ရေးဆင်းဂိုးသမား အက်ဇ်ကီတာကလည်း ဘာစီလိုနာ၏ ဂိုးကန်သွင်းမှုများကို နှစ်ကြိမ်တိုင်တိုင် အကောင်းဆုံးကာကွယ်ခဲ့ရသည်။
ရေးဆင်းအသင်း ချေပဂိုးရရှိရန် နီးစပ်ခဲ့သော်လည်း အငှားဖြင့်ခေါ်ယူထားသည့် လူငယ်ကစားသမား မာနက်စ် လိုဇာနို၏ ဂိုးကန်သွင်းမှုနှစ်ကြိမ်မှာ လူကျွံဘောသတ်မှတ်ခံခဲ့ရသလို ပွဲပြီးခါနီးတွင် နောက်ထပ်တစ်ကြိမ် ကန်သွင်းမှုကိုလည်း ဘာစီလိုနာဂိုးသမား ယိုအန် ဂါစီယာ ကာကွယ်သွားခဲ့သည်။
ထို့နောက် ပွဲပြီးခါနီးနောက်ဆုံးမိနစ်တွင် ရေးဆင်းကစားသမားများက ချေပဂိုးသွင်းရန် စုပြုံတိုက်စစ်ဆင်နေစဉ် လာမင်း ယမားလ်က တန်ပြန်တိုက်စစ်မှတစ်ဆင့် ပိုင်ပိုင်နိုင်နိုင်အဆုံးသတ်၍ ဘာစီလိုနာအတွက် ဒုတိယဂိုးသွင်းယူခဲ့သည်။
အခြားသော စပိန်ဘုရင့်ဖလားပွဲစဉ်၌ လာလီဂါတွင် တန်းဆင်းဇုန်မှ ရုန်းထွက်နိုင်ရန် အကြိတ်အနယ် ကြိုးပမ်းနေရသည့် ဗလင်စီယာက ဒုတိယတန်းကလပ် ဘူးဂေ့ါစ်ကို အဝေးကွင်းတွင် ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့်အတွက် အနည်းငယ် စိတ်သက်သာရာရစရာဖြစ်ခဲ့သည်။ အဆိုပါပွဲစဉ်အား အယ်လ်ပလန်တီယို အားကစားကွင်း၌ အလွန်အေးခဲစိုစွတ်သော ရာသီဥတုအောက်တွင် ကစားခဲ့ရခြင်းဖြစ်သည်။
ရူဘင် အီရန်ဇိုက ထောင့်ကန်ဘောမှတစ်ဆင့် ခေါင်းတိုက်ကာ ဗလင်စီယာအတွက် စောစောစီးစီး ဦးဆောင်ဂိုးသွင်းယူခဲ့သလို ဒုတိယပိုင်းပြန်စပြီး သုံးမိနစ်အကြာတွင် ကစားသမားသစ် အူမာ ဆာဒစ်က ဒုတိယဂိုးသွင်းယူကာ ဘူးဂေ့ါစ်၏ မျှော်လင့်ချက်များကို အဆုံးသတ်စေခဲ့သည်။
ဘာစီလိုနာ၊ ဗလင်စီယာတို့နှင့်အတူ အက်သလက်တစ် ဘီဘာအို၊ အက်သလက်တီကိုမက်ဒရစ်၊ ဒီပေါ်တီဗို အလာဗက်စ်၊ ရီးရဲလ်ဘက်တစ်၊ ရီးရဲလ်ဆိုစီဒက်နှင့် အယ်လ်ဘာစီတီအသင်းတို့မှာလည်း စပိန်ဘုရင့်ဖလား ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်ကာ ကွာတားဖိုင်နယ် ပွဲစဉ်များအတွက် မဲခွဲပွဲကို ဇန်နဝါရီ ၁၉ ရက်၌ ပြုလုပ်သွားမည်ဖြစ်သည်။ လွန်ခဲ့သောနှစ်များအတွင်း စပိန်ဘုရင့်ဖလားပြိုင်ပွဲတွင် အံ့အားသင့်စရာအကောင်းဆုံး ရလဒ်အဖြစ် ဇန်နဝါရီ ၁၄ ရက်တွင် ဒုတိယတန်းကလပ် အယ်လ်ဘာစီတီက ရီးရဲလ်မက်ဒရစ်ကို အိမ်ကွင်း၌ ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ (Xinhua)

စပိန်နိုင်ငံ ဗီလာရီးရဲလ်မြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်က ဗီလာရီးရဲလ်နှင့် ဘာစီလိုနာအသင်းတို့ ယှဉ်ပြိုင်ကစားသည့် လာလီဂါဘောလုံးပွဲစဉ်၌ ဘာစီလိုနာအသင်းမှ လာမင်း ယမားလ် ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဓာတ်ပုံ- Str/Xinhua)

စပိန်နိုင်ငံ အယ်လ်ဘာစီတီမြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၄ ရက်က အယ်လ်ဘာစီတီအသင်းနှင့် ရီးရဲလ်မက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် စပိန်ဘုရင့်ဖလား ၁၆ သင်းအဆင့် ဘောလုံးပွဲစဉ်အပြီးတွင် အနိုင်ရခဲ့သည့် အယ်လ်ဘာစီတီအသင်းသားများ အောင်ပွဲခံနေစဉ် (ဓာတ်ပုံ – Stringer/Xinhua)

……………..
(English Version)
FC Barcelona, Valencia book Copa del Rey quarterfinal spots
MADRID, Jan. 15 (Xinhua) — FC Barcelona advanced into the quarterfinal of the Copa del Rey with a 2-0 win away to second division leader Racing Santander on Thursday night.
Racing defended deep in the first half, and a Barcelona side that started without Pedri, Raphinha or Robert Lewandowski was unable to trouble home goalkeeper Jokin Ezkieta.
Ferran Torres scored the opener on 65 minutes after an excellent pass from Fermin Lopez, and Ezkieta made two excellent saves to keep the score down in the closing minutes.
Racing was close to an equalizer, with young loanee Manex Lozano seeing two efforts ruled out for offside, and another shot saved by Joan Garcia in the final minutes.
Lamine Yamal scored Barcelona’s second in the last minute to finish off a counter-attack with Racing’s players stranded in attack looking for an equalizer.
Elsewhere, Valencia had some relief from its La Liga relegation battle with a 2-0 win away to second-tier Burgos in very cold and wet conditions in the El Plantio Stadium.
Ruben Iranzo’s header from a corner gave Valencia an early lead, with new signing Umar Sadiq ending Burgos’ hopes three minutes into the second half.
Barcelona and Valencia join Athletic Club, Atletico Madrid, Deportivo Alaves, Real Betis, Real Sociedad and Albacete in Monday’s quarterfinal draw, with second-tier Albacete having produced the biggest Cup upset in recent seasons with a 3-2 win at home to Real Madrid on Wednesday.
English Caption 1
Players of FC Barcelona celebrate a goal during the Laliga football match between FC Barcelona and Elche CF at Olimpico Lluis Companys Stadium in Barcelona, Spain, on Nov. 2, 2025. (Photo by Joan Gosa/Xinhua)
English Caption 2
Lamine Yamal of Barcelona celebrates a goal during the La Liga football match between Villarreal and Barcelona in Vila-Real, Spain, Dec. 21, 2025. (Str/Xinhua)
English Caption 3
Players of Albacete celebrates the victory after the Copa del Rey round of 16 football match between Albacete and Real Madrid in Albacete, Spain, Jan. 14, 2026. (Stringer/Xinhua)
