Connect with us

International Organizations

ဘရာဇီးအသင်းက အန်ဆယ်လော့တီကို စာချုပ်သစ်ချုပ်ဆိုရန် နီးစပ်နေ

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ရှိ မာရာကာနာ အားကစားကွင်းတွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၄ ရက်က ဘရာဇီးအသင်းနှင့် ချီလီအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ တောင်အမေရိကဇုန် ခြေစစ်ပွဲစဉ်၌ ဘရာဇီးအသင်းနည်းပြချုပ် ကာလို အန်ဆယ်လော့တီ (ဝဲ) အား တွေ့ရစဉ် (ဆင်ဟွာ)

ရီယိုဒီဂျနေးရိုး၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)
ဘရာဇီးဘောလုံးအဖွဲ့ချုပ် (CBF) အနေဖြင့် ဘရာဇီးလက်ရွေးစင်အသင်း (အမျိုးသား) နည်းပြဖြစ်သူ ကာလို အန်ဆယ်လော့တီအား ယခုနှစ် ဖီဖာကမ္ဘာ့ဖလားအပြီးတွင် စာချုပ်သက်တမ်းတိုးရန် နီးစပ်နေပြီဟု CBF ဥက္ကဋ္ဌ ဆာမီ ရှောက်က ဖေဖော်ဝါရီ ၂၄ ရက်၌ ပြောကြားခဲ့သည်။
အဆိုပါ အီတလီနိုင်ငံသားနည်းပြမှာ လုပ်ထုံးလုပ်နည်းများနှင့် တရားဝင် ညှိနှိုင်းမှုများ မပြုလုပ်မီ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုရန် သဘောတူညီထားပြီးဖြစ်ကြောင်း ရှောက်က ဆိုသည်။
“ကျွန်တော် အမြဲပြောခဲ့သလိုပဲ ကျွန်တော်တို့အနေနဲ့ ချက်ချင်းလက်ငင်းမဟုတ်ဘဲ ရေရှည်ဖော်ဆောင်ရတဲ့ စီမံကိန်းတစ်ခုကို လိုချင်တာပါ” ဟု ရီယိုဒီဂျနေးရိုးမြို့တွင် ရှောက်က သတင်းထောက်များအား ပြောကြားခဲ့သည်။ “အချိန်တစ်နှစ်ဆိုတာ ရေရှည်အကျိုးရလဒ် ဖြစ်ထွန်းစေတဲ့ လုပ်ငန်းစဉ်တစ်ခုကို ဖော်ဆောင်ဖို့ သိပ်ကိုအချိန်နည်းလွန်းတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
အန်ဆယ်လော့တီမှာ ယမန်နှစ် မေလက ဘရာဇီးအသင်းကို စတင်ကိုင်တွယ်ခဲ့ခြင်းဖြစ်ကာ ၎င်း၏ စာချုပ်သက်တမ်းမှာ အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲကာလအထိဖြစ်သည်။ အသက် ၆၆ နှစ်အရွယ် အန်ဆယ်လော့တီ စတင်ကိုင်တွယ်ပြီးနောက် ဘရာဇီးအသင်းမှာ လေးပွဲနိုင်၊ နှစ်ပွဲသရေကျကာ နှစ်ပွဲရှုံးနိမ့်ထားသည်။
“နည်းပြနဲ့ပတ်သက်ပြီး ပြောရရင် ကျွန်တော်တို့ဆီမှာ ကမ္ဘာ့အကောင်းဆုံး အရင်းအမြစ်ကို ပိုင်ဆိုင်ထားပါတယ်။ သူ ဘရာဇီးလက်ရွေးစင်အသင်းနဲ့အတူ ဒီမှာရှိနေတဲ့ အချိန်တွေကို ကျွန်တော်တို့ အကျိုးအရှိဆုံးဖြစ်အောင် လုပ်ရပါမယ်” ဟု ရှောက်က ပြောသည်။
“သူ့ရဲ့လုပ်ဆောင်ချက်တွေအပေါ်မှာ ကျွန်တော် လေးလေးနက်နက် ယုံကြည်ပါတယ်။ အဲဒီယုံကြည်မှုကြောင့်ပဲ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေ စလုပ်ဖြစ်ခဲ့တာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။
ကမ္ဘာ့ဖလား ငါးကြိမ်ဆွတ်ခူးထားသည့် ဘရာဇီးအသင်းမှာ အန်ဆယ်လော့တီ ကိုင်တွယ်သည့် ဒုတိယမြောက် ပွဲစဉ်အဖြစ် ယမန်နှစ် ဇွန်လက ပါရာဂွေးအသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိကာ ဘောလုံးလောက၏ ဂုဏ်သိက္ခာအကြီးဆုံးပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။
ဘရာဇီးအသင်းမှာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့်၌ မော်ရိုကိုအသင်းနှင့် ဇွန် ၁၃ ရက်တွင် စတင်ယှဉ်ပြိုင်ရမည်ဖြစ်ကာ ထို့နောက် ဟေတီ၊ စကော့တလန်အသင်းတို့နှင့် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ (Xinhua)

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ရှိ မာရာကာနာ အားကစားကွင်းတွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၄ ရက်က ဘရာဇီးအသင်းနှင့် ချီလီအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ တောင်အမေရိကဇုန် ခြေစစ်ပွဲစဉ်မတိုင်မီ ဘရာဇီးအသင်း၏ ပွဲထွက်ကစားသမားများ အသင်းလိုက်ဓာတ်ပုံရိုက်နေစဉ် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲအတွင်း ဘရာဇီး ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဆာမီရှောက်ထံမှ ၎င်း၏အမည် ရေးထိုးထားသော ဘရာဇီးလက်ရွေးစင်အသင်း ဂျာစီအား လက်ခံရယူနေသည့် ဘရာဇီးအသင်း နည်းပြချုပ် ကာလို အန်ဆယ်လော့တီ (ဝဲ) အား ၂၀၂၅ ခုနှစ် မေ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………..
(English Version)
Brazil nearing new deal with Ancelotti
RIO DE JANEIRO, Feb. 24 (Xinhua) — The Brazilian Football Confederation (CBF) is close to extending the contract of the men’s national team coach, Carlo Ancelotti, beyond this year’s FIFA World Cup, CBF president Samir Xaud said on Tuesday.
Xaud said the Italian had agreed to a new deal pending “bureaucratic and legal adjustments”.
“What we want, as I always say, is not something immediate, but rather a long-term project,” Xaud told reporters in Rio de Janeiro. “We believe one year is far too little to develop work that produces lasting results.”
Ancelotti took charge of Brazil last May on a contract running until the World Cup in the United States, Mexico and Canada.
The 66-year-old has overseen four wins, two draws and two losses since his appointment.
“We have the best raw material in the world when it comes to a coach, and we have to make the most of his time here in Brazil with the national team,” Xaud said.
“I strongly believe in the work he has been doing. It is that confidence that led us to begin these renewal talks.”
Five-time World Cup champion Brazil secured its place in the next edition of football’s biggest tournament with a 1-0 win over Paraguay last June, the Italian’s second game in charge.
Brazil will begin its 2026 World Cup campaign against Morocco on June 13 before also facing Haiti and Scotland in the group stage.
English Caption 1
Carlo Ancelotti (L), head coach of Brazil, reacts during the 2026 FIFA World Cup CONMEBOL Qualifier football match between Brazil and Chile at Maracana Stadium in Rio de Janeiro, Brazil, on Sept. 4, 2025. (Photo by Claudia Martini/Xinhua)
English Caption 2
Starting players of Brazil pose for team photos before the 2026 FIFA World Cup CONMEBOL Qualifier football match between Brazil and Chile at Maracana Stadium in Rio de Janeiro, Brazil, on Sept. 4, 2025. (Photo by Claudia Martini/Xinhua)
English Caption 3
Carlo Ancelotti (L), head coach of Brazil’s national football team, receives a Brazil national team jersey with his name from Samir Xaud, president of the Brazilian Football Confederation, during a press conference in Rio de Janeiro, Brazil, on May 26, 2025. (Photo by Claudia Martini/Xinhua)