International Organizations
ခက်ခဲသောခရီး ဖြစ်သော်လည်း ၂၀၂၆ မီလန်-ကော်တီနာ အိုလံပစ်ပြိုင်ပွဲအား IOC ဥက္ကဋ္ဌ ကိုဗင်ထရီ အလေးအနက်မျှော်လင့်
မီလန်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)
၂၀၂၆ ခုနှစ် မီလန်-ကော်တီနာ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ဖွင့်လှစ်ကျင်းပရန် လေးရက်သာ လိုတော့ချိန်တွင် နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) ဥက္ကဋ္ဌ ကာစတီ ကိုဗင်ထရီက စိန်ခေါ်မှုများရှိကြောင်း ဝန်ခံခဲ့သော်လည်း ယင်းပြိုင်ပွဲအတွက် စိတ်လှုပ်ရှားမိကြောင်း ပြောကြားခဲ့သည်။
“ဒါဟာ ခရီးရှည်တစ်ခုဖြစ်တာမို့ အိုလံပစ် ခရီးစဉ်တိုင်းလိုပဲ တစ်ခါတစ်လေမှာ အနည်းငယ် အခက်အခဲရှိပါတယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့ မိတ်ဖက်တွေ၊ မိတ်ဆွေတွေနဲ့အတူ ဒီမှာရှိနေရတာက တကယ့်ကို ကြည်နူးစရာပါပဲ” ဟု မီလန်မြို့ရှိ သမိုင်းဝင် အော်ပရာပြဇာတ်ရုံဖြစ်သည့် တီအာထရို အလာစကာလာ၌ ဖေဖော်ဝါရီ ၂ ရက် ညနေခင်းက ကျင်းပသည့် ၁၄၅ ကြိမ်မြောက် IOC အစည်းအဝေးတွင် ကိုဗင်ထရီက ပြောကြားခဲ့သည်။
၎င်းက အဆိုပါ နာမည်ကျော် ပြဇာတ်ရုံအား မကြာမီကျင်းပမည့် အိုလံပစ်ပြိုင်ပွဲကြီးနှင့် ဆက်စပ်ပြောဆိုခဲ့သည်။
“လာစကာလာဟာ အနုပညာနဲ့ ရှင်သန်မှု၊ လူသားတွေရဲ့ ဖန်တီးမှုစွမ်းရည်၊ အစဉ်အလာဓလေ့နဲ့ ဆန်းသစ်တီထွင်မှုကို ပေါင်းစပ်မှုအပေါ် နက်နက်ရှိုင်းရှိုင်း မြတ်နိုးတတ်တဲ့ အီတလီနိုင်ငံသားတွေရဲ့ စိတ်ဓာတ်ကို ကိုယ်စားပြုပါတယ်” ဟု ကိုဗင်ထရီက ဆိုသည်။
“အဲဒီစိတ်ဓာတ်ဟာ အိုလံပစ်အိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ ပြင်ဆင်နေကြတဲ့ ကမ္ဘာ့အကောင်းဆုံး ဆောင်းရာသီအားကစား မောင်မယ်တွေကိုလည်း လွှမ်းခြုံသွားပါလိမ့်မယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
အသက် ၄၂ နှစ်အရွယ် IOC ဥက္ကဋ္ဌက “အားကစားသမားတိုင်းရဲ့ စိတ်ကူးအိပ်မက်တွေ လက်တွေ့အကောင်အထည်ပေါ်လာဖို့ အိုလံပစ်ကျေးရွာက ပံ့ပိုးပေးပါတယ်” ဟု ပြောကြားလျက် အားကစားသမားများအပေါ် အလေးထားမှုကို အလေးအနက်ပြောဆိုခဲ့သည်။
စီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးအစီရင်ခံစာ ထုတ်ပြန်မှုနှင့် တားမြစ်ဆေးတိုက်ဖျက်ရေး အစီအမံများနှင့်အတူ IOC ၏ “Fit for the Future” အစီအမံအရ မဟာဗျူဟာ ဦးစားပေးကိစ္စရပ်များကို ယင်းအစည်းအဝေး၌ အလေးထားဆွေးနွေးသွားမည်ဖြစ်သည်။
၂၀၂၆ ခုနှစ် မီလန်-ကော်တီနာ၊ ၂၀၂၈ ခုနှစ် လော့စ်အိန်ဂျလိစ်နှင့် ၂၀၃၄ ခုနှစ်အထိ ကျင်းပမည့် အနာဂတ် အိုလံပစ်ပြိုင်ပွဲများအတွက် ညှိနှိုင်းဆောင်ရွက်ရေး ကော်မရှင်များနှင့် စီစဉ်ကျင်းပရေး ကော်မတီများက နောက်ဆုံးအခြေအနေများကိုလည်း ထုတ်ပြန်ဖွယ်ရှိကြောင်း သိရသည်။
အစည်းအဝေးလုပ်ငန်းစဉ်များအနက် အိုလံပစ်ပဋိညာဉ် ပြင်ဆင်ရေးအဆိုပြုချက်များနှင့် IOC အဖွဲ့ဝင်များ ရွေးကောက်တင်မြှောက်ရေးကော်မရှင်၏ အစီရင်ခံတင်ပြချက်များလည်း ပါဝင်လျက်ရှိသည်။ ဤအစည်းအဝေး၏ အဓိက အစီအစဉ်များကို ဖေဖော်ဝါရီ ၃ ရက်မှ ၄ ရက်အထိလည်းကောင်း၊ မီလန်မြို့တွင် ဖေဖော်ဝါရီ ၂၂ ရက်၌လည်းကောင်း ပြုလုပ်သွားမည်ဟု သိရသည်။ (Xinhua)

အီတလီနိုင်ငံ မီလန်မြို့ရှိ လာစကာလာပြဇာတ်ရုံ၌ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်က ကျင်းပသည့် ၁၄၅ ကြိမ်မြောက် IOC အစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် အီတလီသမ္မတ ဆာဂျီယို မက်တာရယ်လာ မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

အီတလီနိုင်ငံ မီလန်မြို့ရှိ လာစကာလာပြဇာတ်ရုံ၌ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်က ကျင်းပသည့် ၁၄၅ ကြိမ်မြောက် IOC အစည်းအဝေး ဖွင့်ပွဲအခမ်းအနား မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)


………………….
(English Version)
IOC President Coventry looks to Milan-Cortina 2026 Games amid ‘bumpy’ journey
MILAN, Feb. 2 (Xinhua) — With four days to go until the Milan-Cortina 2026 Winter Olympics opens, International Olympic Committee President Kirsty Coventry acknowledged challenges but expressed excitement for the event.
“It has been a long journey, sometimes a bit bumpy, like every Olympic journey… but it is truly wonderful to be here, among our Italian partners and friends,” Coventry said Monday evening at the opening of the 145th IOC Session at Milan’s historic opera house, Teatro alla Scala.
She linked the famed venue to the spirit of the upcoming Games.
“La Scala represents the Italian spirit: a deep love of the arts and life, of human creativity, of blending tradition and innovation,” Coventry said.
“It is the same spirit that will now embrace the world’s best winter sports athletes as they prepare to make their Olympic dream come true.”
The 42-year-old president emphasized enthusiasm for the athletes, stating, “It takes an Olympic Village to make every athlete’s dream come true.”
The session will focus on strategic priorities under the IOC’s “Fit for the Future” initiative, alongside governance, financial reporting and anti-doping measures.
Updates are expected from coordination commissions and organizing committees for the upcoming Games, including Milan-Cortina 2026, Los Angeles 2028 and future editions through 2034, as well as the Youth Olympic Games.
The agenda also includes proposed amendments to the Olympic Charter and reports from the IOC Members Election Commission.
The session’s main proceedings will be held from February 3-4 and on February 22 in Milan.
English Caption 1
IOC President Kirsty Coventry delivers a speech during the opening ceremony of the 145th IOC Session at La Scala Theatre in Milan, Italy on Feb. 2, 2026. (Xinhua/Sun Fei)
English Caption 2
Italian President Sergio Mattarella delivers a speech during the opening ceremony of the 145th IOC Session at La Scala Theatre in Milan, Italy on Feb. 2, 2026. (Xinhua/Sun Fei)
English Caption 3
Photo taken on Feb. 2, 2026 shows a general view of the opening ceremony of the 145th IOC Session at La Scala Theatre in Milan, Italy. (Xinhua/Sun Fei)
