Europe
ပဲရစ်မြို့တွင် တရုတ်နှစ်သစ်ကူး စီတန်းလှည့်လည်အခမ်းအနား၌ စက်ရုပ်များက ခေတ်မီအသွင်သစ်ဖြင့် ပါဝင်လာ
ပဲရစ်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)
တရုတ်နှင့် ပြင်သစ် အနုပညာရှင်အများအပြားက တရုတ်ပြက္ခဒိန် မြင်းနှစ်ကို ကြိုဆိုသည့်အနေဖြင့် ကမ္ဘာ့အကျော်ကြားဆုံးနေရာများအနက် တစ်ခုတွင် ရှေးခေတ်ရိုးရာဓလေ့နှင့် ခေတ်မီဆန်းသစ်ဟန်တို့ကို ရောယှက်ထားသည့် အခမ်းအနားတစ်ခုကို ဖေဖော်ဝါရီ ၁ ရက်က ပဲရစ်မြို့၏ Champs-Elysees ရိပ်သာလမ်းတွင် လူသားပုံသဏ္ဌာန်ဖန်တီးပုံဖော်ထားသော စက်ရုပ်ကလည်း အလိုက်သင့်ပါဝင်စီးမျောလျက်ရှိသည်။
ဖျော်ဖြေတင်ဆက်သူ ၈၀၀ ခန့်တို့၏ စီတန်းလှည့်လည်ခြင်းမတိုင်မီ အဆိုပါစက်ရုပ်က တည်တည်ငြိမ်ငြိမ်ဖြင့် လမ်းလျှာက်လာကာ တေးဂီတသံနှင့်အတူ ကိုယ်ခန္ဓာကိုလှည့်တစ်ခါ ရပ်တစ်လှည့်ဖြင့် ပရိသတ်များကို လက်ဝှေ့ယမ်းပြနှုတ်ဆက်နေရာ ပရိသတ်များ၏ ချီးကျူးသံများ ထွက်ပေါ်လာသလို လမ်းမကျယ်တစ်လျှောက် စီတန်းနေသည့် လူအုပ်ကြီးကလည်း ဖုန်းများထုတ်ကာ ဓာတ်ပုံရိုက်ကူးလျက်ရှိကြသည်။
၂၀၂၆ ခုနှစ် တရုတ်နှစ်သစ်ကူး စီတန်းလှည့်လည်ပွဲကို ကြည့်ရှုရန် Champs-Elysees ရိပ်သာလမ်းတစ်လျှောက် ဒေသခံများ၊ ခရီးသွားဧည့်သည်များ အရေအတွက် ၁၀၀,၀၀၀ ခန့် ရှိခဲ့ရာ ထိုလမ်းတစ်လျှောက် ပျော်ရွှင်ကြည်နူးဖွယ် နွေဦးပွဲတော် အငွေ့အသက်က ပြည့်လျှံသွားခဲ့ကြောင်း ပွဲစီစဉ်သူများက ဆိုသည်။
Champs-Elysees ကော်မတီနှင့် ပဲရစ်မြို့ရှိ တရုတ်နိုင်ငံ အမျိုးသား ခရီးသွားဧည့်သည်ဆိုင်ရာရုံးတို့က ပူးတွဲစီစဉ်ကျင်းပသော အဆိုပါ အခမ်းအနားက တရုတ်နိုင်ငံနှင့် ပြင်သစ်နိုင်ငံအကြား တိုးတက်လာသောယဉ်ကျေးမှုဖလှယ်ခြင်း၊ ခေတ်ပြိုင်ဆန်းသစ်ဖန်တီးမှုနှင့် ဂုဏ်ယူလေးစားဖွယ် ဓလေ့ထုံးတမ်း ပေါင်းစပ်မှုတို့ကို အလေးထားဖော်ပြလိုက်ခြင်းပင် ဖြစ်သည်။
တရုတ်ကုမ္ပဏီက တီထွင်ကာ ပြင်သစ်နည်းပညာလုပ်ငန်း INNOV8 Group က ရောင်းသော လူပုံစံတူစက်ရုပ်က အဆိုပါ စီတန်းလှည့်လည်အခမ်းအနား၏ လူပြောအများဆုံးအကြောင်းအရာများအနက် တစ်ခုအဖြစ် မြန်မြန်ဆန်ဆန်ဖြစ်လာခဲ့ကာ ပွဲတော်အစီအစဉ်များအတွင်း ပျော်ရွှင်စိတ်လှုပ်ရှားဖွယ် ခေတ်မီနည်းပညာအသွင်သစ် ဖြည့်ဆည်းပေးလျက်ရှိသည်။
“ဒါဟာ ခိုင်မာအားကောင်းတဲ့ အထိမ်းအမှတ်အဓိပ္ပါယ်ပါပဲ” ဟု INNOV8 Group အမှုဆောင်အရာရှိချုပ် Stephane Bohbot က ဆိုသည်။ နည်းပညာသစ်များက ဤကဲ့သို့အခမ်းအနားများတွင် ပေါင်းစပ်ပါဝင်နိုင်သလို နည်းပညာက ပြည်သူများ၏ လူမှုဘဝများကို မည်ကဲ့သို့ တိုးတက်အောင် စွမ်းဆောင်နိုင်သည်ကိုလည်း ပြသလျက်ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။
ထောင်စုနှစ်သက်တမ်းရှိသော နွေဦးပွဲတော်သည် အနာဂတ်နှင့် အနာဂတ်မျိုးဆက်သစ်များနှင့်လည်း သက်ဆိုင် သည်ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/9Wr

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ Champs-Elysees ရိပ်သာလမ်းတွင် မကြာမီကျရောက်မည့် တရုတ်နှစ်သစ်ကူး အထိမ်းအမှတ်ပွဲတော်တစ်ခုအတွင်း ခြင်္သေ့အက ကပြဖျော်ဖြေမှုကို ကြည့်ရှုနေသူများအား ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ Champs-Elysees ရိပ်သာလမ်းတွင် မကြာမီကျရောက်မည့် တရုတ်နှစ်သစ်ကူး အထိမ်းအမှတ်ပွဲတော်တစ်ခုအတွင်း Yingge အကဖြင့် တင်ဆက်ကပြနေသော အနုပညာရှင်များကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………………………..
(English Version)
Robot adds futuristic twist to Chinese New Year Parade in Paris
PARIS, Feb. 2 (Xinhua) — A human-shaped robot set the pace on Paris’s Champs-Elysees on Sunday as hundreds of Chinese and French artists welcomed the Chinese Year of the Horse, blending ancient tradition with futuristic flair on one of the world’s most famous avenues.
The robot, walking steadily at the head of a parade of around 800 performers, turned, paused and waved to spectators in time with the music, prompting cheers and raised smartphones as crowds lined the boulevard.
Organizers said about 100,000 residents and tourists gathered along the Champs-Elysees to watch the 2026 Chinese New Year parade, filling the avenue with a festive Spring Festival atmosphere.
The event, co-organized by the Champs-Elysees Committee and the China National Tourist Office in Paris, highlighted growing cultural exchanges between China and France, combining time-honored customs with contemporary creativity.
The robot, invented by a Chinese company and supplied by French technology firm INNOV8 Group, quickly became one of the most talked-about features of the parade, adding a light-hearted technological twist to the festivities.
“It carries strong symbolic meaning,” said Stephane Bohbot, chief executive of INNOV8 Group. He added that new technologies could be integrated into these celebrations and show how technology can improve people’s lives.
The millennia-old Spring Festival is also about the future and future generations, he noted.
xhtxs.cn/9Wr
Photo 1: A humanoid robot, invented by a Chinese company and supplied by French technology firm INNOV8 Group, waves during a parade celebrating the upcoming Chinese New Year on the Champs-Elysees avenue in Paris, France, Feb. 1, 2026. (Xinhua/Zhang Baihui)
Photo 2: People watch a lion dance performance during a parade celebrating the upcoming Chinese New Year on the Champs-Elysees avenue in Paris, France, Feb. 1, 2026. (Xinhua/Zhang Baihui)
Photo 3: Artists preform a Yingge dance during a parade celebrating the upcoming Chinese New Year on the Champs-Elysees avenue in Paris, France, Feb. 1, 2026. (Xinhua/Zhang Baihui)
