International Organizations
ကမ္ဘာ့ဖလားတွင် ပါဝင်နိုင်ရန် ကြိုးပမ်းနေသည့် နေမာ ဘောလုံးပြန်ကစားနိုင်ရန် နီးစပ်နေ
ရီယိုဒီဂျနေးရိုး၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)
၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘရာဇီးအသင်း လူစာရင်း၌ နေရာတစ်နေရာရရှိရန် ကြိုးပမ်းနေသည့် ဆန်းတို့စ်တိုက်စစ်မှူး နေမာမှာ ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာပြီး ဘောလုံးပြန်ကစားနိုင်ရန် နီးစပ်နေပြီဟု သိရသည်။
အဆိုပါ အသက် ၃၃ နှစ်အရွယ် ကစားသမားမှာ ယမန်နှစ် ဒီဇင်ဘာလက ဘယ်ဘက်ဒူးခေါင်းအား အရိုးအဆစ်အတွင်းကြည့် မှန်ပြောင်းဖြင့် ခွဲစိတ်မှုခံယူပြီးကတည်းက ဘောလုံးကစားနိုင်ခြင်း မရှိသေးသော်လည်း ယခုသီတင်းပတ်တွင် အပြည့်အဝ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့ပြီဖြစ်သည်။
၎င်းအနေဖြင့် ဖေဖော်ဝါရီ ၄ ရက်တွင် ဆော်ပေါ်လိုအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ဘရာဇီးစီးရီးအေ အိမ်ကွင်းပွဲစဉ်၌ ဆန်းတို့စ်အသင်းအတွက် မိနစ်အနည်းငယ် ပါဝင်ကစားဖွယ် ရှိသည်ဟူသော ယူဆချက်များ ရှိနေသော်လည်း အသင်းမန်နေဂျာ ဟွမ် ပတ်ဘလို ဗော့ဗိုဒါကမူ ၎င်းအနေဖြင့် ဘာစီလိုနာနှင့် ပီအက်စ်ဂျီ ကြယ်ပွင့်ဟောင်းကို အလျင်စလို ကစားစေမည်မဟုတ်ဟု ဆိုသည်။
နေမာမှာ ယမန်နှစ်က ဆန်းတို့စ်အတွက် ပြိုင်ပွဲစုံ ၂၈ ပွဲ ကစားခဲ့ရာ ၁၁ ဂိုး သွင်းယူခဲ့ပြီး ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်နိုင်ခဲ့သည်။
၎င်းမှာ ၂၀၂၃ ခုနှစ် အောက်တိုဘာလက ဥရုဂွေးအသင်းနှင့် ကစားခဲ့သည့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်၌ အရှေ့ဘက် ကြက်ခြေခတ်အရွတ်ဒဏ်ရာ ရရှိခဲ့ခြင်းကြောင့် တစ်နှစ်ကျော်ကြာ အနားယူခဲ့ရပြီးနောက် ဒဏ်ရာပြဿနာနှင့်သာ လုံးပန်းခဲ့ရခြင်းဖြစ်သည်။
ဘရာဇီးအသင်း၏ သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး ကစားသမားဖြစ်သူ နေမာအနေဖြင့် အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါတို့က ပူးတွဲအိမ်ရှင်အဖြစ် ဇွန် ၁၁ ရက်မှ ဇူလိုင် ၁၉ ရက်အထိ ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲအမီ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝရန် အပြင်းအထန် လုပ်ဆောင်လျက်ရှိသည်။
သို့သော် နေမာမှာ ဘရာဇီးအသင်းအတွက် ၂ နှစ်ကျော်ကြာ ပါဝင်ကစားနိုင်ခြင်းမရှိသလို ဘရာဇီးအသင်းမန်နေဂျာ ကာလို အန်ဆယ်လော့တီကလည်း ၎င်းအနေဖြင့် သက်ဆိုင်ရာ ကလပ်အသင်းများတွင် ပုံမှန်ပွဲထွက်ခွင့်ရရှိနေသည့် ကစားသမားများကိုသာ ထည့်သွင်းစဉ်းစားမည်ဟု ပြောဆိုထားသည်။ (Xinhua)

ကာတာနိုင်ငံ ဒိုဟာမြို့ရှိ ရက်စ် အဘူ အာဘော့ (၉၇၄) အားကစားကွင်း၌ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်က ယှဉ်ပြိုင်ကစားသည့် ဘောလုံးပွဲစဉ်၌ ဘရာဇီးအသင်း ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီးနောက် ဘရာဇီးကစားသမား နေမာ အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ ဘရာဇီးလီးယားမြို့တွင် ၂၀၂၅ ခုနှစ် မတ် ၂၀ ရက်က ဘရာဇီးအသင်းနှင့် ကိုလံဘီယာအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ တောင်အမေရိကဇုန် ခြေစစ်ပွဲ ဘောလုံးပွဲစဉ်၌ ဘရာဇီးအသင်းမှ ဗင်နီစီယက်စ် ဂျူနီယာ (အလယ်) ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)
……………….
(English Version)
Neymar nears return in World Cup bid
RIO DE JANEIRO, Feb. 3 (Xinhua) — Santos forward Neymar is close to returning from injury as he bids for a place in Brazil’s 2026 FIFA World Cup squad.
The 33-year-old has not played since undergoing arthroscopic surgery on his left knee in December, but returned to full training this week.
He is considered an outside chance to feature in Santos’s home Brazilian Serie A clash against Sao Paulo on Wednesday, though manager Juan Pablo Vojvoda said he would not rush back the former Barcelona and Paris Saint-Germain star.
Neymar made 28 appearances for Santos across all competitions last year, scoring 11 goals and providing four assists.
His injury-hit campaign came after he spent more than a year out with a ruptured anterior cruciate ligament, suffered in a World Cup qualifier against Uruguay in October 2023.
Brazil’s all-time leading scorer is in a race against time to be fit for the World Cup, which runs from June 11 to July 19 in the United States, Mexico and Canada.
He has not represented his country for more than two years and Brazil manager Carlo Ancelotti has said he will only consider players who are playing regularly for their clubs.
English Caption 1
Brazil’s Neymar controls the ball during their 2026 World Cup qualifier against Bolivia at the Olympic Stadium of Para in Belem, Brazil, on Sept. 8, 2023. (Photo by Lucio Tavora/Xinhua)
English Caption 2
Neymar of Brazil celebrates as the team advances into the quarterfinals at the 2022 FIFA World Cup at Ras Abu Aboud (974) Stadium in Doha, Qatar on Dec. 5, 2022. (Xinhua/Chen Cheng)
(English Caption 3
Vinicius Junior (C) of Brazil celebrates a goal during the 2026 FIFA World Cup Latin American Qualifier football match between Brazil and Colombia in Brasilia, Brazil, March 20, 2025. (Photo by Lucio Tavora/Xinhua)
