Connect with us

Asia

တောင်ကိုရီးယားနိုင်ငံ၏ မော်တော်ကားအပိုပစ္စည်း ထုတ်လုပ်ရေးစက်ရုံမီးလောင်မှုကြောင့် လူ ၁၀ ဦး သေဆုံးပြီး ၅၉ ဦး ဒဏ်ရာရ

တောင်ကိုရီးယားနိုင်ငံ ဒယ်ဂျောန်မြို့ရှိ မော်တော်ကားအပိုပစ္စည်း ထုတ်လုပ်ရေးစက်ရုံ မီးလောင်မှုဖြစ်ပွားသောနေရာတွင် ကယ်ဆယ်ရေးလုပ်ဆောင်နေသူများကို ၂၀၂၆ ခုနှစ် မတ် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒယ်ဂျောန်၊ တောင်ကိုရီးယား၊ မတ် ၂၁ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ ဒယ်ဂျောန်မြို့ရှိ မော်တော်ကားအပိုပစ္စည်း ထုတ်လုပ်ရေးစက်ရုံတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၁၀ ဦး သေဆုံးပြီး ၅၉ ဦး ဒဏ်ရရှိကာ ၄ ဦး ပျောက်ဆုံးလျက်ရှိကြောင်း မီးသတ်တပ်ဖွဲ့အာဏာပိုင်များက မတ် ၂၁ ရက်၌ ပြောကြားခဲ့သည်။

အဆိုပါ စက်ရုံအတွင်း အလုပ်သမား ၁၇၀ ဦးခန့် ရှိနေချိန် မတ် ၂၀ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁:၁၇ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ပထမဆုံး ထိခိုက်သူအား ဒုတိယထပ်တွင် နှလုံးခုန်ရပ်နိုင်သည့်အနေအထားဖြင့် တွေ့ရှိခဲ့ပြီး ၎င်းမှာ နောက်ပိုင်းတွင် သေဆုံးသွားကာ အခြားသေဆုံးသူ ကိုးဦးကိုမူ တတိယထပ်၌ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင်များက ပြောခဲ့သည်။
ယင်းအဆောက်အအုံမှာ ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန် တည်ငြိမ်မှုရှိပြီး ဘေးကင်းကြောင်း ကျွမ်းကျင်ပညာရှင်များက ဆုံးဖြတ်ခဲ့ပြီးနောက် မီးသတ်သမားများက မတ် ၂၀ ရက် ညနှောင်းပိုင်း၌ အဆောက်အအုံအတွင်း ဝင်ရောက်ခဲ့ကာ ပျောက်ဆုံးသူများကို ရှာဖွေခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

တောင်ကိုရီးယားနိုင်ငံ ဒယ်ဂျောန်မြို့ရှိ မော်တော်ကားအပိုပစ္စည်း ထုတ်လုပ်ရေးစက်ရုံ မီးလောင်မှုဖြစ်ပွားသောနေရာတွင် ကယ်ဆယ်ရေးလုပ်ဆောင်နေသူများကို ၂၀၂၆ ခုနှစ် မတ် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ ဒယ်ဂျောန်မြို့ရှိ မော်တော်ကားအပိုပစ္စည်း ထုတ်လုပ်ရေးစက်ရုံ မီးလောင်မှုဖြစ်ပွားသောနေရာတွင် ကယ်ဆယ်ရေးလုပ်ဆောင်နေသူများကို ၂၀၂၆ ခုနှစ် မတ် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ ဒယ်ဂျောန်မြို့ရှိ မော်တော်ကားအပိုပစ္စည်း ထုတ်လုပ်ရေးစက်ရုံ မီးလောင်မှုဖြစ်ပွားသောနေရာတွင် ကယ်ဆယ်ရေးလုပ်ဆောင်နေသူများကို ၂၀၂၆ ခုနှစ် မတ် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ ဒယ်ဂျောန်မြို့ရှိ မော်တော်ကားအပိုပစ္စည်း ထုတ်လုပ်ရေးစက်ရုံ မီးလောင်မှုဖြစ်ပွားသောနေရာတွင် ကယ်ဆယ်ရေးလုပ်ဆောင်နေသူများကို ၂၀၂၆ ခုနှစ် မတ် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————-
(English Version)

10 killed, 59 injured in South Korea’s auto parts factory fire

DAEJEON, South Korea, March 21 (Xinhua) — A fire at an auto parts manufacturing factory in Daejeon, South Korea, has left 10 people dead, 59 injured and four missing, fire authorities said Saturday.

The blaze broke out at around 1:17 p.m. local time Friday when about 170 workers were inside the plant.

According to the authorities, the first victim was found in cardiac arrest on the second floor and was later pronounced dead, while nine others were discovered on the third floor.

Firefighters have been searching for the missing since entering the building late Friday night, after safety experts determined the structure was stable enough for rescue operations.

Photo 1 – 5: Rescuers work at the site of a fire that broke out at an automotive parts manufacturing factory in Daejeon, South Korea, on March 20, 2026. (Xinhua/Zhu Hui)