International Organizations
အရှေ့အလယ်ပိုင်းဒေသအခြေအနေကြောင့် ကမ္ဘာ့ကျွမ်းဘားအားကစားအဖွဲ့ချုပ်က ဒိုဟာကမ္ဘာ့ဖလားပြိုင်ပွဲကို ဖျက်သိမ်း
ဂျီနီဗာ၊ မတ် ၂၁ ရက် (ဆင်ဟွာ)
ကာတာနိုင်ငံ မြို့တော်ဒိုဟာ၌ ဧပြီတွင် ကျင်းပရန်စီစဉ်ထားသည့် အလှပြကျွမ်းဘားကမ္ဘာ့ဖလားပြိုင်ပွဲကို “အရှေ့အလယ်ဒေသပိုင်း၏ လက်ရှိအခြေအနေကြောင့်” ဖျက်သိမ်းလိုက်ကြောင်း ကျွမ်းဘားအားကစားဆိုင်ရာ ကမ္ဘာ့အုပ်ချုပ်ရေးအဖွဲ့ဖြစ်သည့် ကမ္ဘာ့ကျွမ်းဘားအားကစားအဖွဲ့ချုပ်က မတ် ၂၀ ရက်၌ ထုတ်ပြန်ခဲ့သည်။
“ဒိုဟာမြို့မှာ ဧပြီလ ၁၅ ရက်ကနေ ၁၈ ရက်အထိ ကျင်းပဖို့ စီစဉ်ထားခဲ့တဲ့ ၂၀၂၆ ခုနှစ် Artistic Gymnastics Apparatus World Cup (ကိရိယာသုံး အလှပြကျွမ်းဘား ကမ္ဘာ့ဖလားပြိုင်ပွဲ) ကို အရေးပေါ်အွန်လိုင်းဆန္ဒမဲခံယူမှုအရနဲ့ အရှေ့အလယ်ပိုင်းဒေသရဲ့ လက်ရှိအခြေအနေကြောင့် ဖျက်သိမ်းဖို့ ကမ္ဘာ့ကျွမ်းဘားအားကစားအဖွဲ့ချုပ်ရဲ့ အမှုဆောင်ကော်မတီက ဆုံးဖြတ်လိုက်ကြောင်းကို ကမ္ဘာ့ကျွမ်းဘားအားကစားအဖွဲ့ချုပ်အနေနဲ့ ထုတ်ပြန်ပါတယ်” ဟု ကမ္ဘာ့ကျွမ်းဘားအားကစားအဖွဲ့ချုပ်က ကြေညာချက်တစ်စောင်တွင် ဖော်ပြခဲ့သည်။
“ပွဲကို ပြန်ပြီးတော့ စီစဉ်မှာ မဟုတ်ပါဘူး” ဟုလည်း ၎င်းအဖွဲ့ချုပ်က ဖြည့်စွက်ထုတ်ပြန်ခဲ့သည်။
အမေရိကန်-အစ္စရေးတို့၏ အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှုများ စတင်ချိန်မှစ၍ အရှေ့အလယ်ပိုင်းဒေသတွင် ကျင်းပသည့် ပြိုင်ပွဲများအတွက် လျှောက်ထားမှုကို အားကစားအသင်းများစွာက ဖျက်သိမ်းလာခဲ့ကြကြောင်း သိရသည်။ (Xinhua)

ကာတာနိုင်ငံ မြို့တော်ဒိုဟာ၌ ကျင်းပသည့် ၁၇ ကြိမ်မြောက် ကိရိယာသုံး အလှပြကျွမ်းဘား ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ပါဝင်ယှဉ်ပြိုင်နေသည့် တရုတ်နိုင်ငံမှ ယိုးဟောက် ကို ၂၀၂၅ ခုနှစ် ဧပြီ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကာတာနိုင်ငံ မြို့တော်ဒိုဟာ၌ ကျင်းပသည့် ၁၇ ကြိမ်မြောက် ကိရိယာသုံး အလှပြကျွမ်းဘား ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ပါဝင်ယှဉ်ပြိုင်နေသည့် တရုတ်နိုင်ငံမှ ထန်ချီ ကို ၂၀၂၅ ခုနှစ် ဧပြီ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကာတာနိုင်ငံ မြို့တော်ဒိုဟာ၌ ကျင်းပသည့် ၁၇ ကြိမ်မြောက် ကိရိယာသုံး အလှပြကျွမ်းဘား ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ပါဝင်ယှဉ်ပြိုင်နေသည့် တရုတ်နိုင်ငံမှ ဟုန်ယန်မင် ကို ၂၀၂၅ ခုနှစ် ဧပြီ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကာတာနိုင်ငံ မြို့တော်ဒိုဟာ၌ ကျင်းပသည့် ၁၇ ကြိမ်မြောက် ကိရိယာသုံး အလှပြကျွမ်းဘား ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ပါဝင်ယှဉ်ပြိုင်နေသည့် ဩစတြေးလျနိုင်ငံမှ ကိတ်မက်ဒေါ်နယ်ကို ၂၀၂၅ ခုနှစ် ဧပြီ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………
(English Version)
World Gymnastics cancels Doha World Cup due to Middle East situation
GENEVA, March 21 (Xinhua) — The artistic gymnastics World Cup scheduled to take place in Doha in April has been canceled “in light of the current situation in the Middle East,” the sport’s world governing body said on Friday.
“World Gymnastics reports that, following an urgent online vote and in light of the current situation in the Middle East, its executive committee has decided to cancel the 2026 edition of the Artistic Gymnastics Apparatus World Cup in Doha, scheduled to take place from April 15 to 18,” World Gymnastics said in a statement.
“The event will not be rescheduled,” it added.
Since the U.S.-Israeli strikes on Iran began, many teams had canceled their application for the competitions held in the Middle East. ■
English Caption 1
Hong Yanming of China competes during the 17th Artistic Gymnastics Apparatus World Cup in Doha, Qatar, April 16, 2025. (Photo by Nikku/Xinhua)
English Caption 2
You Hao of China competes during the 17th Artistic Gymnastics Apparatus World Cup in Doha, Qatar, April 16, 2025. (Photo by Nikku/Xinhua)
English Caption 3
Tang Qi of China competes during the 17th Artistic Gymnastics Apparatus World Cup in Doha, Qatar, April 16, 2025. (Photo by Nikku/Xinhua)
English Caption 4
Hong Yanming of China competes during the 17th Artistic Gymnastics Apparatus World Cup in Doha, Qatar, April 16, 2025. (Photo by Nikku/Xinhua)
English Caption 5
Kate Mcdonald of Australia competes during the 17th Artistic Gymnastics Apparatus World Cup in Doha, Qatar, April 16, 2025. (Photo by Nikku/Xinhua)
