Connect with us

International Organizations

ဘာစီလိုနာက လာလီဂါတွင် ဆက်လက်ဦးဆောင်နေပြီး ရင်ခုန်စိတ်လှုပ်ရှားဖွယ် မက်ဒရစ်ဒါဘီတွင် ရီးရဲလ်မက်ဒရစ်က အက်သလက်တီကိုအား ပွတ်ကာသီကာအနိုင်ရ

စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ၂၀၂၆ ခုနှစ် မတ် ၂၂ ရက်က ရီးရဲလ်မက်ဒရစ်အသင်းနှင့် အက်သလက်တီကို မက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် လာလီဂါဘောလုံးပွဲစဉ်၌ ရီးရဲလ်မက်ဒရစ်အသင်းမှ ဖက်ဒရီကို ဗယ်လ်ဗာဒီ (အလယ်) ဂိုးသွင်းပြီးနောက် အသင်းဖော်များနှင့်အတူ အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ မတ် ၂၃ ရက် (ဆင်ဟွာ)

မတ် ၂၂ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါပွဲစဉ်တွင် ဘာစီလိုနာက ရာယို ဗယ်လက်ကာနိုကို အိမ်ကွင်း၌ ၁-၀ ဂိုးဖြင့် အနိုင်ယူကာ နိုင်ငံတကာပွဲစဉ်များမတိုင်မီ ရီးရဲလ်မက်ဒရစ်ကို လေးမှတ်အသာဖြင့် ဦးဆောင်လျက်ရှိသလို အကြိတ်အနယ်ရှိသည့် မက်ဒရစ်ဒါဘီတွင် ရီးရဲလ်မက်ဒရစ်က အက်သလက်တီကိုအား ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ဆန်တီယာဂို ဘာနေဗျူးကွင်း၌ အက်သလက်တီကိုက သွင်းဂိုးစတင်ရရှိခဲ့ကာ ဂူလီယာနို ဆီမြွန်နီနှင့် အက်ဒီမိုလာ လွတ်ခ်မန်းတို့၏ သေသပ်ကောင်းမွန်သည့် တွဲလုံးမှတစ်ဆင့် လွတ်ခ်မန်းက ပွဲချိန် ၃၃ မိနစ်တွင် အဖွင့်ဂိုးသွင်းယူခဲ့သည်။
အက်သလက်တီကိုအသင်းမှ ဒေးဗစ် ဟန်ကိုက ဘရာဟင် ဒီယက်ဇ်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့သဖြင့် ဒုတိယပိုင်းပြန်စပြီး ၁၀ မိနစ်အကြာတွင် ရီးရဲလ်အသင်း ပင်နယ်တီရရှိခဲ့ရာ ဗင်နီစီယက်စ် ဂျူနီယာက အမှားအယွင်းမရှိ ကန်သွင်း၍ ပြန်လည်ချေပခဲ့သည်။ သို့သော် သုံးမိနစ်အကြာတွင် ဟိုဆေး ဂျီမီနက်ဇ်၏ ပိတ်ဆို့ကာကွယ်ပုံ ညံ့ဖျင်းမှုကြောင့် ဖီဒီ ဗယ်လ်ဗာဒီက ရီးရဲလ်အတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သည်။

ထို့နောက် နာဟူရယ် မိုလီနာက အလွန်ကောင်းမွန်သည့် အဝေးကန်ချက်ဖြင့် ချေပဂိုးသွင်းယူခဲ့သော်လည်း ပွဲချိန် ၇၂ မိနစ်တွင် ဗင်နီစီယက်စ်က အတွင်းသို့ချိုးဝင်ကာ အဝေးထောင့်ဆီသို့ ဝေ့ဝိုက်ကန်သွင်း၍ အနိုင်ဂိုးသွင်းယူခဲ့သည်။
ပွဲချိန်နှောင်းပိုင်းတွင် အဲလက်စ် ဘာအယ်နာကို ဖျက်ထုတ်ပုံကြမ်းသည့်အတွက် ဗယ်လ်ဗာဒီ ထုတ်ပယ်ခံခဲ့ရပြီး ဟူလီယန် အယ်လ်ဗာရက်ဇ်၏ အဝေးကန်ချက်မှာ ဂိုးတိုင်ထိမှန်ခဲ့သဖြင့် အက်သလက်တီကိုအသင်း ချေပဂိုးထပ်မံမရရှိခဲ့ပေ။
ဘာစီလိုနာက ရော်နယ် အာရူဟို၏ ပထမပိုင်းသွင်းဂိုးနှင့်အတူ ရာယို ဗယ်လက်ကာနိုကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သော်လည်း အားရစရာခြေစွမ်းမျိုး ပြသနိုင်ခဲ့ခြင်းမရှိဘဲ ဂိုးသမား ယိုအန် ဂါစီယာ လက်စွမ်းပြကာကွယ်နိုင်ခဲ့ခြင်းကြောင့်သာ ရမှတ်မဆုံးရှုံးခဲ့ခြင်းဖြစ်သည်။
ဒုတိယပိုင်းတွင် ရာယို ဗယ်လက်ကာနိုက ဘာစီလိုနာခံစစ်၏ ဟာကွက်များကို အကြိမ်ကြိမ် ထိုးနှက်ခဲ့ရာ မတ် ၂၀ ရက်က စပိန်လက်ရွေးစင်အသင်းအတွက် ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရသည့် ဂါစီယာ လက်စွမ်းပြကာကွယ်ခဲ့ရသည်။ အိမ်ရှင် ဘာစီလိုနာအသင်းမှာ ပွဲပန်းနေပုံရပြီး ပွဲချိန်အများစုတွင် ဘောလုံးရရှိထားချိန်၌ လျော့ရဲရဲဖြစ်နေခဲ့သည်။

အက်သလက်တစ် ဘီဘာအိုက ရီးရဲလ်ဘက်တစ်ကို ဒါနီ ဗီဗီယန်နှင့် အိုဟန် ဆန်းဆက်တို့၏ ပထမပိုင်းသွင်းဂိုးများနှင့်အတူ အိမ်ကွင်း၌ ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ဘီဘာအိုနည်းပြ အာနက်စတို ဗယ်လ်ဗာဒီက ရာသီကုန်တွင် အသင်းမှထွက်ခွာတော့မည်ဟု ကြေညာခဲ့ပြီး နှစ်ရက်အကြာတွင် ယခုပွဲစဉ်ကို ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။
ဘီဘာအိုက ပထမပိုင်းတွင် ပွဲကိုထိန်းချုပ်နိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင် ဘက်တစ်က ကစားပုံပိုမိုကောင်းမွန်လာခဲ့ပြီး ပွဲချိန် ၇၅ မိနစ်တွင် ပတ်ဘလို ဖော်နယ်စ်က ဖရီးကစ်မှတစ်ဆင့် ချေပဂိုးသွင်းယူခဲ့သဖြင့် ပွဲမှာအကြိတ်အနယ်ရှိလာခဲ့သည်။
အလာဗက်စ်အသင်းကလည်း ယခုရာသီ၏ comeback ပွဲစဉ်တစ်ပွဲအဖြစ် ဆယ်လ်တာဗီဂိုအား အဝေးကွင်းတွင် ၃ ဂိုးရှုံးနိမ့်နေရာမှ ၄-၃ ဂိုးဖြင့် အနိုင်ပြန်ယူကာ တန်းဆင်းဇုန်နှင့် လွတ်လွတ်ကျွတ်ကျွတ် ရပ်တည်နိုင်ခဲ့သည်။ (Xinhua)

စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ၂၀၂၆ ခုနှစ် မတ် ၂၂ ရက်က ရီးရဲလ်မက်ဒရစ်အသင်းနှင့် အက်သလက်တီကို မက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် လာလီဂါဘောလုံးပွဲစဉ်၌ ရီးရဲလ်မက်ဒရစ်အသင်းမှ ကီလီယန် အမ်ဘာပေ (ဝဲ) နှင့် အက်သလက်တီကို မက်ဒရစ်အသင်းမှ မားကို့စ် လော်ရန်တေးတို့ ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)

စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ၂၀၂၆ ခုနှစ် မတ် ၂၂ ရက်က ရီးရဲလ်မက်ဒရစ်အသင်းနှင့် အက်သလက်တီကို မက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် လာလီဂါဘောလုံးပွဲစဉ်၌ အက်သလက်တီကို မက်ဒရစ်အသင်းမှ အက်ဒီမိုလာ လွတ်ခ်မန်း (ယာ) သွင်းဂိုးရရှိပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

…………………………………….
(English Version)
Barcelona maintains La Liga lead as Madrid edges Atletico in derby thriller
MADRID, March 22 (Xinhua) — Barcelona took a four-point lead over Real Madrid into the international break after grinding out a 1-0 home win over Rayo Vallecano on Sunday, while Madrid beat Atletico Madrid 3-2 in a lively derby.
Atletico struck first at the Santiago Bernabeu when Giuliano Simeone combined neatly with Ademola Lookman, who opened the scoring in the 33rd minute.
Vinicius Junior leveled from the penalty spot 10 minutes after halftime after David Hancko fouled Brahim Diaz, and poor defending from Jose Gimenez allowed Fede Valverde to put Madrid ahead three minutes later.
Nahuel Molina equalized with a superb long-range effort, but Vinicius restored Madrid’s lead in the 72nd minute, cutting inside before curling a shot into the far corner.
Valverde was later sent off for a late challenge on Alex Baena, and Julian Alvarez rattled the post from distance, but Atletico could not find a second equalizer.
Barcelona was far from convincing in its 1-0 win over Rayo Vallecano, needing Ronald Araujo’s first-half goal and an outstanding display from goalkeeper Joan Garcia to secure the points.
Garcia, who received his first call-up to the Spain squad on Friday, made several fine saves in the second half as Rayo repeatedly exposed gaps in Barcelona’s defense. The home side looked tired and sloppy in possession for long spells.
Athletic Club beat Real Betis 2-1 at home after first-half goals from Dani Vivian and Oihan Sancet, two days after Ernesto Valverde announced he would step down as coach at the end of the season.
Athletic controlled the first half, but Betis improved after the break and Pablo Fornals’ free kick in the 75th minute set up a tense finish.
Alaves produced one of the comebacks of the season, recovering from 3-0 down away to Celta Vigo to win 4-3 and move further clear of the relegation zone.
English Caption 1
Real Madrid’s Federico Valverde (C) celebrates his goal with teammates during a La Liga football match between Real Madrid and Atletico de Madrid in Madrid, Spain, on March 22, 2026. (Photo by Gustavo Valiente/Xinhua)
English Caption 2
Real Madrid’s Kylian Mbappe (L) vies with Atletico de Madrid’s Marcos Llorente during a La Liga football match between Real Madrid and Atletico de Madrid in Madrid, Spain, on March 22, 2026. (Photo by Gustavo Valiente/Xinhua)
English Caption 3
Atletico de Madrid’s Ademola Lookman (R) celebrates his goal during a La Liga football match between Real Madrid and Atletico de Madrid in Madrid, Spain, on March 22, 2026. (Photo by Gustavo Valiente/Xinhua)