Connect with us

International Organizations

ဂျီရိုနာအသင်းနှင့် ပွဲစဉ်မတိုင်မီ ရီးရဲလ်မက်ဒရစ်နည်းပြ အာဘီလိုအာက ၎င်း၏ကစားသမားများကို ကာကွယ်ပြောဆို

စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ၂၀၂၆ ခုနှစ် ဧပြီ ၇ ရက်က ရီးရဲလ်မက်ဒရစ်နှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၅/၂၀၂၆ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်၌ ရီးရဲလ်မက်ဒရစ်အသင်း ပရိသတ်များ အားပေးနေပုံကို တွေ့ရစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)
ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ အယ်လ်ဗာရို အာဘီလိုအာက ကစားသမားများ၏ စိတ်နေသဘောထားနှင့် ပတ်သက်၍ ကာကွယ်ပြောဆိုခဲ့ကာ ဧပြီ ၁၀ ရက် ညပိုင်းတွင် အိမ်ကွင်း၌ ဂျီရိုနာအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် လာလီဂါပွဲစဉ်၌ ပွဲထွက်လူစာရင်းကို အပြောင်းအလဲပြုလုပ်သွားမည်ဟု အတိအလင်းပြောဆိုခဲ့သည်။
ရီးရဲလ်မက်ဒရစ်အနေဖြင့် ဧပြီ ၇ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်၌ ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်း၌ ၁-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သလို လွန်ခဲ့သည့် သီတင်းပတ်ကုန်က ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါပွဲစဉ်၌လည်း မာယော့ကာကို ၁-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် အာဘီလိုအာ၏အသင်းမှာ လာလီဂါတွင် ၈ ပွဲကစားရန် ကျန်ရှိနေစဉ် အမှတ်ပေးဇယားထိပ်ဆုံးမှ ဘာစီလိုနာနှင့် ၇ မှတ်ကွာဟလျက်ရှိသည်။
အသင်းအနေဖြင့် ရှုံးပွဲတစ်ပွဲနှင့် ထပ်မံရင်ဆိုင်ခဲ့ရခြင်းက ဆုဖလားမျှော်လင့်ချက်များအပေါ် သိသိသာသာ ရိုက်ခတ်မှုရှိမရှိ ဆိုသည်ကို မေးမြန်းရာတွင် အာဘီလိုအာက “ပွဲစဉ်တိုင်းက အရေးကြီးပြီး အမှားသိပ်မခံတော့ဘူးဆိုတာကို ကျွန်တော့်ကစားသမားတွေ သိထားပါတယ်” ဟု အခိုင်အမာပြောကြားခဲ့သည်။
လာမည့် ဧပြီ ၁၅ ရက်တွင် မြူးနစ်၌ သွားရောက်ကစားရမည့် ပွဲစဉ်မှာ အရေးကြီးသည်ဆိုသော်လည်း တန်းမဆင်းရရန် အကြိတ်အနယ် ကြိုးပမ်းနေသည့် ပြိုင်ဘက်နှင့် ရင်ဆိုင်ရမည့် ဧပြီ ၁၀ ရက်ပွဲစဉ်အပေါ် အာရုံစိုက်မှု လျော့ကျသွားမည်မဟုတ်ဟု အာဘီလိုအာက ဆိုသည်။
“ဧပြီ ၇ ရက်တုန်းက ရလဒ်က ကျွန်တော်တို့ မျှော်မှန်းထားတဲ့ရလဒ်မျိုး မဟုတ်မှန်း ကစားသမားတွေက သိထားကြတာမို့ သူတို့တွေ ပါဝင်ကစားခွင့်ရဖို့ ဆန္ဒပြင်းပြနေပါတယ်။ ကျွန်တော် ကစားသမား တော်တော်များများနဲ့ စကားပြောကြည့်တော့ သူတို့ ပါဝင်ကစားပြီး ပရိသတ်တွေအတွက် နိုင်ပွဲရယူပေးဖို့ ဆန္ဒရှိနေကြပါတယ်” ဟု ၎င်းက အခိုင်အမာပြောဆိုခဲ့သည်။
ကစားသမားအချို့မှာ ယုံကြည်ချက်ပျောက်ဆုံးနေသည်ဟူသော ပြောကြားချက်များကိုလည်း ရီးရဲလ်မက်ဒရစ်နည်းပြက ပယ်ချခဲ့သည်။
“ဘဝမှာ ကောင်းမွန်တဲ့ စိတ်နေသဘောထားနဲ့ ယုံကြည်ချက်ရှိဖို့က သိပ်အရေးကြီးပါတယ်။ ကစားသမားတွေက ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေဖြစ်ပေမဲ့ အမြဲတစ်သမတ်တည်း ဖြစ်ချင်တယ်ဆိုရင်တော့ အရည်အသွေး တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး” ဟု ၎င်းက ဆိုသည်။
ထို့ပြင် ယခင်ရှုံးပွဲနှစ်ပွဲအတွက် ဦးတည်ပစ်မှတ်ထားကာ ဝေဖန်ခံနေရသည့် ကွင်းလယ်လူ အက်ဒွါဒို ကာမာဗင်ဂါအတွက်လည်း နည်းပြအာဘီလိုအာက အထူးအလေးပေးပြောဆိုခဲ့သည်။
“သူ ကျွန်တော့်လက်ထက်မှာ ပွဲအများကြီးကစားခဲ့ရသလို ဧပြီ ၁၀ ရက်မှာလည်း သူ ပွဲထွက်လာဦးမှာပါ။ သူက ကျွန်တော့်အတွက်ရော အသင်းအတွက်ပါ အရေးပါတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး သူ့ရဲ့အရည်အသွေးတွေကိုလည်း သက်သေပြပြီးပါပြီ။ သူက နည်းပြအပါအဝင် အသင်းမှာရှိတဲ့သူအားလုံးရဲ့ ယုံကြည်မှုကို ရရှိထားပါတယ်” ဟု အာဘီလိုအာက ပြောသည်။
နောက်ဆုံးတွင်မူ အာဘီလိုအာက ဧပြီ ၁၀ ရက်၌ အသင်းလူစာရင်းကို အပြောင်းအလဲ ပြုလုပ်သွားမည်ဟု ကြေညာခဲ့ကာ ဂျုဒ် ဘယ်လင်ဟမ်နှင့် အီဒါ မီလီတိုတို့မှာ ပွဲထွက်လူစာရင်း၌ ပါဝင်လာမည်ဖြစ်သော်လည်း ဖာလန် မန်ဒီမှာမူ ကြွက်သားဒဏ်ရာကြောင့် ပွဲကစားခွင့်ရရှိရန် ဧပြီ ၁၅ ရက်အထိ စောင့်ဆိုင်းရမည်ဖြစ်ကြောင်း ရှင်းလင်းပြောဆိုခဲ့သည်။
ဂျီရိုနာအသင်းမှာ ဧပြီ ၆ ရက် ညပိုင်းက ဗီလာရီးရဲလ်အသင်းကို အိမ်ကွင်း၌ အနိုင်ကစားနိုင်ခဲ့သော်လည်း အသင်း၏ ထိပ်တန်းဂိုးသွင်းရှင် ဗလာဒီဆလက်ဗ် ဗာနက်ထ်မှာ တံကောက်ကြော စုတ်ပြဲဒဏ်ရာ ရရှိခဲ့သည့်အတွက် အသင်း၏ လက်ကျန်ပွဲစဉ်များတွင် ပါဝင်နိုင်တော့မည်မဟုတ်ပေ။ (Xinhua)

စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ၂၀၂၆ ခုနှစ် ဧပြီ ၇ ရက်က ရီးရဲလ်မက်ဒရစ်နှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၅/၂၀၂၆ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်၌ ဘိုင်ယန်မြူးနစ်အသင်းမှ မိုက်ကယ် အိုလစ်ဆီ (အလယ်) နှင့် ရီးရဲလ်မက်ဒရစ်အသင်းမှ ဖက်ဒရီကို ဗယ်လ်ဗာဒီ (ယာ) ၊ အော်ရယ်လီယန် ချူအာမီနီတို့ ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)

စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၇ ရက်က ရီးရဲလ်မက်ဒရစ်နှင့် လီဗန်တေးအသင်းတို့ ယှဉ်ပြိုင်ကစားသည့် လာလီဂါဘောလုံးပွဲစဉ်မတိုင်မီ ရီးရဲလ်မက်ဒရစ်နည်းပြ အယ်လ်ဗာရို အာဘီလိုအာ (ဝဲ) အား တွေ့ရစဉ် (ဆင်ဟွာ)

………………………………………….
(English Version)
Real Madrid coach Arbeloa defends players ahead of Girona game
MADRID, April 9 (Xinhua) — Real Madrid coach Alvaro Arbeloa defended his players’ attitude and announced changes to his starting lineup ahead of Friday night’s La Liga game at home to Girona.
Real Madrid goes into the match after Tuesday night’s 2-1 home defeat to Bayern Munich in the Champions League and a 2-1 La Liga loss in Mallorca last weekend, which left Arbeloa’s side seven points behind Barcelona in the standings with eight games to play.
Asked whether another defeat would effectively end his side’s title hopes, Arbeloa insisted the players “know that every game is vital and there is less margin for error.”
Arbeloa said the importance of next Wednesday’s trip to Munich would not distract from Friday’s game against a rival that still has work to do to secure safety from relegation.
“The players are the first who want to play, because they know Tuesday’s result wasn’t what we expected. I have spoken to most of them and they want to play and offer a win to the fans,” he insisted.
The Real Madrid coach also rejected suggestions that some players lacked commitment.
“It is vital in life to have a good attitude and commitment. The players are the best in the world, but talent alone isn’t enough if we want to be consistent,” he said.
The coach also had special words for midfielder Eduardo Camavinga, who was singled out for criticism after the last two defeats.
“He has played a lot under me and he will start tomorrow (Friday). He is an important player for me and for the club, and he has shown the quality he has. He has the confidence of everyone at the club, including the coach,” said Arbeloa.
Finally, Arbeloa announced changes to Friday’s side, with Jude Bellingham and Eder Militao coming into the starting lineup, although he explained that Ferland Mendy’s muscle injury meant he would have to “wait until Wednesday.”
Girona won at home to Villarreal Monday night, but will be without top scorer Vladislav Vanat, who will miss the rest of the season after tearing a hamstring.
English Caption 1
Fans of Real Madrid cheer for the team during the 2025/2026 UEFA Champions League quarterfinal first leg football match between Real Madrid and Bayern Munich in Madrid, Spain, April 7, 2026. (Xinhua/Cheng Min)
English Caption 2
Michael Olise (C) of Bayern Munich vies with Federico Valverde (R) and Aurelien Tchouameni of Real Madrid during the 2025/2026 UEFA Champions League quarterfinal first leg football match between Real Madrid and Bayern Munich in Madrid, Spain, April 7, 2026. (Xinhua/Cheng Min)
English Caption 3
Real Madrid’s manager Alvaro Arbeloa (L) is seen before the La Liga football match between Real Madrid and Levante UD in Madrid, Spain, on Jan. 17, 2026. (Photo by Gustavo Valiente/Xinhua)