Asia
မွန်ဂိုလီးယားနိုင်ငံတွင် အရပ်ဘက်ဝန်ထမ်းများအား သီတင်းပတ်တစ်ပတ်လျှင် ၁ ရက် အဝေးမှ အလုပ်လုပ်ခွင့်ပြု
အူလန်ဘာတာ၊ ဧပြီ ၉ ရက် (ဆင်ဟွာ)
မွန်ဂိုးလီးယားအစိုးရက အရပ်ဘက်ဝန်ထမ်းများအား သီတင်းပတ်၏ ရုံးဖွင့်ရက်ငါးရက်အနက် တစ်ရက်ကို အဝေးမှ အလုပ်လုပ်ခွင့်ပြုရန် ဧပြီ ၈ ရက်၌ ဆုံးဖြတ်ခဲ့ကြောင်း အစိုးရ၏ ပြန်ကြားရေးရုံးက ကြေညာခဲ့သည်။
အဆိုပါဆုံးဖြတ်ချက်ကို အစိုးရ၏ ပုံမှန်အစိုးရအဖွဲ့ အစည်းအဝေးအတွင်း ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ပြန်ကြားရေးရုံးက ကြေညာခဲ့သည်။
ထို့အပြင် အရပ်ဘက်ဝန်ထမ်းများကို စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များ၌ အချိန်ပိုင်း သို့မဟုတ် အချိန်ပြည့် အလုပ်လုပ်ခြင်းကိုလည်း တားမြစ်ထားသည်။
အဆိုပါအစီအမံမှာ စီးပွားရေးအရ ထိရောက်မှုရှိပြီး အရပ်ဘက်ဝန်ထမ်းများအကြား အလုပ်အကိုင်ကျေနပ်မှုနှင့် အလုပ်လုပ်နိုင်စွမ်း နှစ်မျိုးလုံးကို တိုးတက်ကောင်းမွန်စေရန် အထောက်အကူဖြစ်စေမည်ဟု အစိုးရက ယုံကြည်ထားသည်။
၂၀၂၅ ခုနှစ်အထိ လူဦးရေ ၃.၅ သန်းရှိသော မွန်ဂိုးလီးယားနိုင်ငံရှိ ပြည်သူပိုင်အဖွဲ့အစည်း ၄,၃၃၀ တွင် အရပ်ဘက်ဝန်ထမ်း ၂၁၃,၆၀၀ ကျော်ကို အလုပ်ခန့်အပ်ထားကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။ (Xinhua)
……………..
(English Version)
Mongolian civil servants allowed to work remotely 1 day per week
ULAN BATOR, April 9 (Xinhua) — The Mongolian government on Wednesday decided to allow civil servants to work remotely for one day out of the five-day workweek, said the government’s press office.
The decision was made during the government’s regular cabinet meeting, the press office said.
In addition, working either part-time or full-time on weekends is discouraged for civil servants.
The government believes the measure will be economically efficient and help improve both job satisfaction and productivity among civil servants.
According to official data, as of 2025, more than 213,600 civil servants are employed across 4,330 public organizations in Mongolia, which has a population of 3.5 million. ■
English Caption
An aerial drone photo taken on Oct. 2, 2025 shows the Green Lake 1,008 Housing Units Project in Ulan Bator, Mongolia. (China Second Metallurgical Group Co., Ltd./Handout via Xinhua)
