Connect with us

North America

ကယ်လီဖိုးနီးယား၌ ယာဉ်မတော်တဆမှုဖြစ်ပွားရာ ၄ ဦးသေဆုံး


လော့စ်အိန်းဂျလိစ် ၊ အောက်တိုဘာ ၁၆ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒီယေဂိုမြို့တွင် အောက်တိုဘာ ၁၅ ရက် ညနေပိုင်းက ထရပ်ကားတစ်စီးသည် ကော်ရိုနာဒို တံတားပေါ်မှ တံတားအောက်ရှိ လူအုပ်ထဲသို့ပြုတ်ကျမှု ဖြစ်ပွားခဲ့ရာ လူလေးဦးသေဆုံးပြီး အများအပြားဒဏ်ရာရ သွားကြောင်း သိရသည်။

အဆိုပါထရက်ကားသည် တံတားပေါ်မှ ပြုတ်ကျသွားခဲ့ပြီး တံတားအောက်ရှိ လူအများအပြားစုဝေးရောက်ရှိနေသော ချီကာနို ပန်းခြံအတွင်းရှိ ဆိုင်ကယ်စီးပွဲတော် ကျင်းပနေသည့် နေရာသို့ ထိုးဆင်းသွားခြင်းဖြစ်ကြောင်း ဆန်ဒီယေဂိုရဲတပ်ဖွဲ့က ဆိုသည်။

အခင်းဖြစ်နေရာအား ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်နေစဉ်(ဓာတ်ပုံ-အင်တာနက်)

အခင်းဖြစ်နေရာအား ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်နေစဉ်(ဓာတ်ပုံ-အင်တာနက်)

ဒေသဆိုင်ရာကယ်ဆယ်ရေးအဖွဲ့ဝင်များက ပြောကြားရာတွင် အခင်းဖြစ်နေရာ၌ လူ ၄ ဦးမှာ ပွဲချင်းပြီးသေဆုံးသွားကြောင်း နှင့် အခြားဒဏ်ရာရသူ ၈ ဦးကိုဆေးရုံသို့ပို့ဆောင်ထားကြောင်း သိရသည်။ ယာဉ်မောင်းအပါအဝင် အနည်းဆုံးလူ ၂ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

အခင်းဖြစ်ပွားချိန်တွင် ပန်းခြံအတွင်း လူပေါင်း ၁ဝဝ ကျော် စုဝေးရောက်ရှိနေကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ ယာဉ်တိမ်းမှောက်ခဲ့ရသည့် အကြောင်းအရာကို ဆက်လက်စုံစမ်း လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.