Connect with us

North America

ဟေတီ၌ မက်သူးဟာရီကိန်းမုန်တိုင်းကြောင့် သေဆုံးသူ ၂၆၄ ဦးထိ ရှိလာ


မက္ကဆီကိုစီးတီး ၊အောက်တိုဘာ ၇ ရက်(ဆင်ဟွာ)

ဟေတီနိုင်ငံ၌ မက်သူးဟာရီကိန်းမုန်တိုင်းဒဏ်ကြောင့် အနည်းဆုံး လူပေါင်း ၂၆၄ ဦးထိ သေဆုံးသွားပြီးဖြစ်ကြောင်း နှင့် ၎င်းမုန်တိုင်းမှာ ဘဟာမား နှင့် အမေရိကန်နိုင်ငံသို့ဦးတည် ဝင်ရောက်လျက် ရှိကြောင်း သိရသည်။

အောက်တိုဘာလ ၄ ရက်က နိုင်ငံတွင်းသို့ဝင်ရောက်တိုက်ခတ်လာသည့် မတ်သူးဟာရီကိန်းမုန်တိုင်းသည် ဟေတီနိုင်ငံ၌ အဆိုးဝါးဆုံးကြုံတွေ့ခဲ့ မုန်တိုင်းတစ်ခုဖြစ်ကြောင်း ဟေတီပြည်သူ့ကာကွယ်ရေးဌာန၏ ပြောကြားချက်ကို ကိုးကား၍ EFE စပိန်သတင်းဌာနက ဖော်ပြခဲ့သည်။

အဆိုပါ ဟာရီကိန်းမုန်တိုင်းသည် ကာရေဗီယန်ပင်လယ်အတွင်းရှိ ဆင်းရဲမှုအနိုမ့်ဆုံးနိုင်ငံဖြစ်သည့် ဟေတီနိုင်ငံအား အောက်တိုဘာလ ၄ ရက်က ပြင်းအား တစ်နာရီ ၂၃ဝ ကီလိုမီတာနှုန်းဖြင့် စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ မုန်တိုင်းကြောင့် နိုင်ငံအတွင်း၌ လျှပ်စစ်ဓာတ်အားများပြတ်တောက်သွားပြီး လူပေါင်းများစွာ အစားအစာနှင့်ငွေကြေး ရရှိရန် ခက်ခဲနေကြောင်း သိရသည်။

မက်သူး ဟာရီကိန်းမုန်တိုင်းဒဏ် ခံခဲ့ရသော ဟေတီနိုင်ငံအတွင်းရှိ အပျက်အစီးပုံအားတွေ့ရစဉ်(ဆင်ဟွာ)

မက်သူး ဟာရီကိန်းမုန်တိုင်းဒဏ် ခံခဲ့ရသော ဟေတီနိုင်ငံအတွင်းရှိ အပျက်အစီးပုံအားတွေ့ရစဉ်(ဆင်ဟွာ)

မက်သူး ဟာရီကိန်းမုန်တိုင်းဒဏ် ခံခဲ့ရသော ဟေတီနိုင်ငံအတွင်းရှိ အပျက်အစီးပုံအားတွေ့ရစဉ်(ဆင်ဟွာ)

မက်သူး ဟာရီကိန်းမုန်တိုင်းဒဏ် ခံခဲ့ရသော ဟေတီနိုင်ငံအတွင်းရှိ အပျက်အစီးပုံအားတွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ(USAID)က ဟေတီရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် အမေရိကန်ဒေါ်လာ ၁.၅ သန်း တန်ဖိုးရှိ အရေးပေါ်ထောက်ပံ့မှုများ ကူညီသွားမည်ဟု အောက်တိုဘာလ ၆ ရက်တွင်ကြေညာခဲ့သည်။ ထို့ပြင် ၎င်းတို့၏ သဘာဝဘေးအန္တရာယ် အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့သို့အခင်းဖြစ် နေရာသို့သွားရောက်နေပြီဖြစ်ကြောင်း သိရသည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့ရေးရုံး( OCHA) က မုန်တိုင်းဒဏ်သင့် ပြည်သူ ခန့်မှန်းခြေ ၃၅ဝ,ဝဝဝ ဦးအတွက် အရေးပေါ် အကူအညီများလိုအပ်နေကြောင်း အောက်တိုဘာလ ၅ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.