Connect with us

North America

လူမျိုးရေးခွဲခြားမှုများကို အပြစ်တင်ရှုံ့ချသည်ဟု ထရမ့်က ဆို

မနှစ်က စုဝေးဆန္ဒပြပွဲတွင် အဓိကရုဏ်းဖြစ်ပွားနေစဉ် (ဓါတ်ပုံ-အင်တာနက်)

ဝါရှင်တန် ၊ သြဂုတ် ၁၂ ရက်(ဆင်ဟွာ)

ယခုနှစ် သြဂုတ်လ ၁၂ ရက်နေ့သည် အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် Charlottesville တွင် လူဖြူ လူမျိုးရေးလှုပ်ရှားမှုကြောင့် ပဋိပက္ခဖြစ်ပွားရသည့် ၁ နှစ်ပြည့်ကာလ ဖြစ်သည်။ ထရမ့်က လူမျိုးရေးခွဲခြားမှု အားလုံးကို အပြစ်တင်ရှုံ့ချကြောင်းနှင့် စည်းလုံးညီညွတ်ရန် တိုက်တွန်းကြောင်း သြဂုတ် ၁၁ ရက်တွင် ၎င်း၏ တွစ်တာလူမှုကွန်ရက်တွင် ရေးသားခဲ့သည်ဟု သိရသည်။

“လွန်ခဲ့သော တစ်နှစ်က Charlottesville တွင် ဖြစ်ပွားခဲ့သည့် ရုန်းရင်းဆန်ခတ်မှုတွေကြောင့် အကြောင်းမဲ့ သေဆုံးမှုတွေ၊ ကွဲလွဲမှုတွေ ဖြစ်ပွားခဲ့ရတယ်။ နိုင်ငံတစ်နိုင်ငံအနေနဲ့ ကျွန်တော်တို့ဟာ အတူတကွ လျှောက်လှမ်းရမှာ ဖြစ်တယ်။ လူမျိုးရေးခွဲခြားမှုဝါဒနှင့် အကြမ်းဖက်မှုတွေအားလုံးကို ကျွန်တော် အပြစ်တင် ရှုံ့ချပါတယ်။” ဟု ထရမ့်က ၎င်း၏ တွစ်တာတွင် ရေးသားခဲ့သည်။

လွန်ခဲ့သောနှစ် သြဂုတ်လ ၁၂ ရက်နေ့က အမေရိကန်နိုင်ငံနေရာအနှံ့ရှိ လူဖြူလူမျိုးရေးဝါဒီများနှင့် နာဇီ လက်သစ်များက Charlottesvilleတွင် “Unite the Right”ဆန္ဒပြပွဲတစ်ခု ကျင်းပရာ ၎င်းတို့အား ဆန့်ကျင်ဆန္ဒပြသူများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သောကြောင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက ဖြိုခွင်း ခဲ့ရသည်။ ထို့နောက် လူဖြူ လူမျိုးရေးဝါဒသမား တစ်ဦးက ကားမောင်း၍ဆန္ဒပြလူအုပ်ကြီးကို ဝင်ရောက် တိုက်ခိုက်ခဲ့သောကြောင့် လူ ၁ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ၊ လုံခြုံရေးရဲတပ်ဖွဲ့ဝင်နှစ်ဦးလည်း လေကြောင်းကင်းလှည့် နေစဉ် ရဟတ်ယာဉ်ပျက်ကျမှုကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။

အမေရိကန်အစိုးရနှင့်အရပ်ဖက်အဖွဲ့အစည်းများက ထိုပဋိပက္ခမှာ လူဖြူလူမျိုးရေးဝါဒီများ၏ ဆန္ဒပြပွဲ ကြောင့် ဖြစ်ပွားရခြင်းဖြစ်ပြီး နာဇီကြွေးကြော်သံ၊အလံနှင့် KKKပါတီ တံဆိပ်များ အများကြီး ထွက်ပေါ် လာသောကြောင့် အမေရိကန်ပြည်သူ အများစုကို ထိတ်လန့်အံသြစေခဲ့သည်ဟု ဟု ဆိုပါသည်။ ထရမ့်က ဖြစ်ပွားရသည့် ပဋိပက္ခ မှာ လက်ယာစွန်းရောက်ဝါဒီများနှင့် ၎င်းတို့အားဆန့်ကျင်သည့် လူစု နှစ်ဖက်စလုံးတွင်တာဝန်ရှိကြောင်း ပြောဆိုခဲ့သောကြောင့် အများအငြင်းပွားဖွယ် ဝေဖန်ပြောဆိုဖွယ် ဖြစ်ခဲ့သည်။

လွန်ခဲ့သည့်ရက်နည်းငယ်ခန့်က အမေရိကန် အမျိုးသားဥယျာဉ် စီမံခန့်ခွဲမှုဌာန(NPS)သည် မနှစ်က စုဝေးဆန္ဒပြပွဲပြုလုပ်ခဲ့သည့် လက်ယာစွန်းများ၏ ထပ်မံစုဝေးရန် လျှောက်ထားမှုကို ခွင့်ပြုပေးခဲ့ ကြောင်း ၊ ၎င်းတို့အား သြဂုတ် ၁၂ ရက်တွင် အိမ်ဖြူတော် မြောက်ဘက် Lafayette ရင်ပြင်၌ လူ ၄၀၀ ခန့်ပါဝင်သည့် “Unite the Right 2”စုဝေးပွဲ တစ်ခု ကျင်းပရန် ခွင့်ပြုပေးခြင်းဖြစ်ကြောင်း သိရသည်။ အချို့အဖွဲ့အစည်းများက အိမ်ဖြူတော်အနီးတွင် လူဖြူလူမျိုးရေးဝါဒီသမားများ ဆန့်ကျင့်ရန် လုပ်ဆောင်နေကြကြောင်းသိရသည်။ ဝါရှင်တန် လုံခြုံရေးရဲတပ်ဖွဲ့က မနှစ်ကဖြစ်ရပ်မျိုးမဖြစ်ပွားစေရန် လမ်းများကို ပိတ်ဆို့တားမြစ်ထားမည်ဖြစ်သည် ဟု ပြောကြားခဲ့သည်။ ဗာဂျီးနီးယားပြည်နယ် Charlottesville တွင်လည်း အရေးပေါ်အခြေအနေများ ကြေညာ ထားပြီး အန္တရာယ်မဖြစ်ပွားအောင် လုံခြုံရေးအင်အားကို အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.