Connect with us

North America

အမေရိကန်တွင် စစ်လေယာဉ်တစ်စီးပျက်ကျရာ လူ ၅ ဦးသေဆုံး

အမေရိကန်နိုင်ငံတောင်ပိုင်း ဂျော်ဂျီယာပြည်နယ် တွင် ဧပြီ ၂ ရက်က ပျက်ကျခဲ့သည့် WC-130 Hercules လေယာဉ် အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ မေ ၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံတောင်ပိုင်း ဂျော်ဂျီယာပြည်နယ် တွင် ဧပြီ ၂ ရက်က အမေရိကန် စစ်လေယာဉ်တစ်စီး ပျက်ကျခဲ့ရာ လိုက်ပါလာသူ ၅ဦးစလုံးသေဆုံးခဲ့ကြောင်း ဂျော်ဂျီယာ အမျိုးသားအစောင့်တပ်ဖွဲ့ ကပြောကြားခဲ့သည်။

ယင်းမတော်တဆမှုတွင် ဂျော်ဂျီယာ အမျိုးသားအစောင့်တပ်ဖွဲ့ မှ WC-130 Hercules လေယာဉ်တစ်စီး ပါဝင်ပြီး ဆာဗန်နာမြို့အနီးတွင် ဒေသစံတော်ချိန် မွန်းလွဲပိုင်း မတိုင်ခင် ပျက်ကျသွားခြင်းဖြစ်ကြောင်း ဒေသခံ မီးသတ်တပ်ဖွဲ့ဝင်များကပြောကြားခဲ့သည်။

ဖယ်ဒရယ် လေကြောင်း ဦးစီးဌာန ၏ ပြောကြားချက်ကို ကိုးကား၍ ဒေသခံမီဒီယာက လူ ၅ဦးသယ်ဆောင်လာသော လေယာဉ်သည် အရီဇိုးနား ရှိ လေတပ်စခန်းသို့ ပျံသန်းနေခြင်းဖြစ်ကြောင်း သိရသည်။ ယင်းလေယာဉ်သည် ဆာဗန်နာမြို့ ဟယ်လ်တန် ဟက် အပြည်ပြည်ဆိုင်ရာလေဆိပ် မှ ထွက်ခွာလာပြီး မကြာမီပင် ပျက်ကျခဲ့ခြင်းဖြစ်ပြီး မျက်မြင်သက်သေများ၏ ပြောကြားချက်အရ လေယာဉ်သည် လမ်းမတစ်ခု အနီးတွင် ပျက်ကျခဲ့ခြင်းဖြစ်ကာ မော်တော်ယာဉ်များ နှင့် တိုက်မိခဲ့နိုင်ကြောင်း သိရသည်။

လေယာဉ်ပျက်ကျရခြင်းအကြောင်းရင်းကို ရှင်းလင်းစွာ သိရှိခြင်းမရှိသေးဘဲ အမျိုးသားအစောင့်တပ်ဖွဲ့ က မတော်တဆမှုကို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

C-130 Hercules လေယာဉ်သည် ၁၉၅၀ပြည့်လွန်နှစ်များတွင် စတင်တာဝန်ထမ်းဆောင် ခဲ့သည့် သယ်ယူပို့ဆောင်ရေး စစ်လေယာဉ်တစ်စီး ဖြစ်ပြီး WC-130 သည် ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိရန် အထူးမွမ်းမံထားသည့် လေယာဉ်တစ်စီးဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.