North America
အမေရိကန်နိုင်ငံတွင် သေနတ်ကိုင်ပစ်ခတ်မှု ဖြစ်ပွားနှုန်း တိုးမြင့်လာရာ ၂ နှစ် အတွင်း သေဆုံးဒဏ်ရာရသူ ၁ ထောင် နီးပါးရှိ

ဝါရှင်တန် ၊ မေလ ၈ ရက်(ဆင်ဟွာ)
အမေရိကန်နိုင်ငံတွင် active shooter ဟူခေါ်သော “တက်ကြွ လှုပ်ရှားနေသည့် သေနတ်ကိုင် သမားများ”က လူသူစုဝေးသည့်နေရာများတွင် ဖြစ်ပွားသော သေနတ်ကိုင် ပစ်ခတ်မှုများ တိုးမြင့်လာ သောကြောင့် ယခု ၂ နှစ်အတွင်း သေဆုံးဒဏ်ရာရသူ ၁ ထောင် နီးပါးရှိပြီ ဖြစ် သည်ဟု ယခုရက်ပိုင်း များတွင် ထုတ်ပြန်ထားသည့် အမေရိကန်နိုင်ငံ ပြည်ထောင်စု စုံစမ်း စစ်ဆေးရေးဗျူရို (FBI)၏ အစီရင်ခံစာတွင် ရေးသားဖော်ပြထားသည်။
၂၀၁၆ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း အမေရိကန်တစ်နိုင်ငံလုံး၌ဖြစ်ပွားခဲ့သော active shooter incidents စုစုပေါင်း ၅၀ ကျော် ကြောင်း၊ ၎င်းအမှုများကြောင့် သေဆုံးသူ ၂၂၁ ဦး ရှိပြီး ၇၂၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုအစီရင်ခံစာတွင်ရေးသားထားသည်။
အမေရိကန်ရှိ ပြည်နယ် ၅၀ ပြည်နယ်အနက် ၂၁ ပြည်နယ်တွင် active shooter incidents ဖြစ်ပွား ခဲ့ရာ တက္ကဆက်၊ကယ်လီဖိုးနီးယား၊ ဖလော်ရီဒါတို့တွင် ဖြစ်ပွားမှုနှုန်း အများဆုံး ဖြစ်ကြောင်း သိရ သည်။ ၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် Las Vegas ၌ ဖြစ်ပွားသည့် သေနတ်ပစ်ခတ်မှုတွင် လူ ၅၈ ဦး သေဆုံးပြီး ၄၈၉ ဦး ဒဏ်ရာရရှိခဲ့ရာ အမေရိကန်သမိုင်းတွင် သေဆုံးဒဏ်ရာရမှုအများဆုံး သေနတ်ပစ်ခတ်မှုဖြစ်ခဲ့သည်။
၂၀၁၄ ခုနှစ် နှင့် ၂၀၁၅ ခုနှစ်များတွင် အမေရိကန်တစ်နိုင်ငံလုံး၌ ဖြစ်ပွားသော active shooter incidents အမှု စုစုပေါင်း ၄၀ ခု ရှိကြောင်း သိရသည်။ (Xinhua)