Connect with us

North America

ဆော်ဒီထံ F-35 တိုက်လေယာဉ် ရောင်းချရန် စီစဉ်နေသည်ဟု ထရမ့် ဆို

မေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်တွင် အိမ်ဖြူတော်သို့ ပြန်လာသော အမေရိကန်နိုင်ငံ သမ္မတ ထရမ့်အား ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ထရမ့်က ၎င်းအနေဖြင့် ဆော်ဒီအာရေဗျနိုင်ငံသို့ အမေရိကန်နိုင်ငံထုတ် F-35 တိုက်လေယာဉ်ရောင်းချမှုအား ခွင့်ပြုပေးရန် စီစဉ်နေကြောင်း၊ အရောင်းအဝယ်ဖြစ်ပါက ဆော်ဒီသည် အရှေ့အလယ်ပိုင်းဒေသတွင် အစ္စရေးအပြင် အဆိုပါတိုက်လေယာဉ်အား ရရှိထားသည့် ပထမဆုံးနိုင်ငံ ဖြစ်လာမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။ထရမ့်သည် ထိုနေ့တွင် အိမ်ဖြူတော်၌ သတင်းထောက်မေးမြန်းမှုကို ဖြေကြားရာတွင် ဆော်ဒီသည် အမေရိကန်၏ အရေးကြီးမဟာမိတ်ဖြစ်ကြောင်း၊ “ကျွန်တော်တို့ အဲဒီလိုလုပ်လိမ့်မယ်ဆိုတာ ကျွန်တော်သေချာပေါက် ပြောနိုင်ပါတယ်” ဟုပြောကြားခဲ့သည်။

ထရမ့်သည် နိုဝင်ဘာ ၁၈ ရက်တွင် အိမ်ဖြူတော်၌ ဆော်ဒီအိမ်ရှေ့မင်းသား Mohammed bin Salman နှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားပြီး ဆွေးနွေးမည့်အကြောင်းအရာများတွင် F-35 တိုက်လေယာဉ် အရောင်းအဝယ်ပြုလုပ်မှု၊ အမေရိကန်-ဆော်ဒီ ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်နှင့် ဆော်ဒီ-အစ္စရေးဆက်ဆံရေး ပုံမှန်ဖော်ဆောင်မှု စသည်တို့ ပါဝင်နိုင်ကြောင်း သိရသည်။

အစ္စရေးအနေဖြင့် အမေရိကန်က F-35 တိုက်လေယာဉ်ရောင်းချမှုကို အစ္စရေးနှင့် ပုံမှန်ဆက်ဆံရေး ထူထောင်မှုဖြင့် ချိတ်ဆက်ထားရန်နှင့် အစ္စရေးအတွက် သက်ဆိုင်ရာလုံခြုံရေးအာမခံ ပံ့ပိုးပေးရန် တောင်းဆိုနိုင်ကြောင်း၊ ဥပမာအားဖြင့် ဆော်ဒီထံရောင်းချသည့် F-35 တိုက်လေယာဉ်မှန်သမျှသည် အစ္စရေးနှင့်နီးကပ်သည့် ဆော်ဒီအနောက်ပိုင်းဒေသ၌ ဖြန့်ကြက်နေရာချထားခြင်းမပြုရန်တို့ ဖြစ်ကြောင်း အမေရိကန်မီဒီယာများ သတင်းဖော်ပြချက်အရ သိရသည်။

F-35 တိုက်လေယာဉ်ကို အမေရိကန် Lockheed Martin ကုမ္ပဏီမှ ထုတ်လုပ်ခြင်းဖြစ်ပြီး ကမ္ဘာပေါ်တွင် ခေတ်အမီဆုံး ကိုယ်ပျောက် စွယ်စုံသုံး ဂျက်တိုက်လေယာဉ်ဖြစ်များအနက် တစ်ခုဖြစ်သည်။ ၎င်းသည် တာဝေးတိုက်ခိုက်မှုစွမ်းရည်ရှိပြီး သတင်းအချက်အလက်များ စုဆောင်း၍ မြေပြင်နှင့်အတူမျှဝေခြင်း၊ ဒရုန်းအုပ်စုကို တိုက်ခိုက်မှုလုပ်ဆောင်ရန် ညွှန်ကြားခြင်း၊ ရန်သူ၏ ဘက်စုံလေကြောင်းကာကွယ်ရေးစနစ် တည်နေရာအတည်ပြု၍ ဖျက်ဆီးခြင်းတို့ လုပ်ဆောင်နိုင်သည်။
အမေရိကန်အနေဖြင့် ရေရှည်စစ်ရေးမဟာမိတ်များထံသို့သာ အဆိုပါတိုက်လေယာဉ်အမျိုးအစားကို‌ ရောင်းချပေးခြင်းဖြစ်သည်။ သမ္မတက ခွင့်ပြုသည့်တိုင် လွှတ်တော်သည်လည်း တင်ပို့မှုလိုင်စင်အား ရပ်ဆိုင်းပိုင်ခွင့်ရှိသည်။

အမေရိကန်အနေဖြင့် ဆော်ဒီထံ F-35 တိုက်လေယာဉ် ရောင်းချခြင်းသည် အရှေ့အလယ်ပိုင်းဒေသ စစ်ရေးဟန်ချက်ညီမျှမှုကို ပြောင်းလဲသွားစေနိုင်ပြီး အစ္စရေးက ၎င်းအိမ်နီးချင်းနိုင်ငံထက် စစ်ရေးအားသာချက်အား လျော့နည်းသွားစေနိုင်ကြောင်း အချို့သော သုံးသပ်သူများက ယူဆကြသည်။ (Xinhua)

———————————
(Chinese Version)
特朗普称计划向沙特出售F-35战机
新华社华盛顿11月17日电(记者徐剑梅)美国总统特朗普17日表示,他计划批准向沙特阿拉伯出售美国制造的F-35战斗机。如果成交,沙特将成为中东地区除以色列之外首个获得该战机的国家。
特朗普当天在白宫答记者问时说,沙特是美国的重要盟友,“我可以肯定地说,我们会这么做”。
特朗普定于18日在白宫会见沙特王储穆罕默德·本·萨勒曼,会谈议题或包括F-35战机交易、美沙防务协议和沙以关系正常化等。
据美媒报道,以色列可能要求美国将F-35军售与以沙关系正常化挂钩,并为以方提供相关安全保障,例如向沙特出售的任何F-35战机都不得部署到接近以色列的沙特西部地区。
F-35战机由美国洛克希德-马丁公司制造,是世界上最先进的隐形多功能喷气式战斗机之一,具备远程打击能力,能收集情报并与地面共享、指挥无人机群发起攻击、定位并摧毁敌方综合防空系统等。美国只向长期军事盟友出售该型战机。即使总统批准,国会也有权搁置出口许可证。
一些分析人士认为,美国向沙特出售F-35战机可能改变中东军事平衡,削弱以色列相对于周边国家的军事优势。(完)
图说:11月16日,在美国首都华盛顿,美国总统特朗普返回白宫。新华社记者 胡友松 摄