Connect with us

North America

အမေရိကန်က ဗြိတိန်နှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် အကောင်အထည်ဖော်ဆောင်မှုအား ယာယီရပ်ဆိုင်း

အမေရိကန်မြို့တော် ဝါရှင်တန်တွင် ကျင်းပသော ပူးတွဲသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသည့် အမေရိကန် သမ္မတ ထရမ့် (ယာဘက်) နှင့် ဗြိတိန် ဝန်ကြီးချုပ် ကီယာစတားမားကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ) Web:အမေရိကန်က ဗြိတိန်နှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် အကောင်အထည်ဖော်ဆောင်မှုအား ယာယီရပ်ဆိုင်း

နယူးယောက်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)

စားသောက်ကုန်၊ စက်မှုလုပ်ငန်းထုတ်ကုန် စံနှုန်းနှင့် ဒစ်ဂျစ်တယ်ကြီးကြပ်မှုကဏ္ဍ၌ ဗြိတိန်၏မူဝါဒများအပေါ် မကျေနပ်သဖြင့် အမေရိကန်က ယခုနှစ် စက်တင်ဘာလတွင် ဗြိတိန်နှင့် ရရှိထားသည့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တစ်ခု အကောင်အထည်ဖော်မှုအား ရပ်ဆိုင်းလိုက်ပြီဖြစ်သည်ဟု အမေရိကန် မီဒီယာများစွာက သတင်းဖော်ပြသည်။ 

အိမ်ဖြူတော် သိပ္ပံနှင့် နည်းပညာမူဝါဒရေးရာရုံး ဌာနမှူး Michael Kratsios က အမေရိကန်-ဗြိတိန် လက်မှတ်ရေးထိုးထားသည့် “နည်းပညာ စည်ပင်ဝပြောမှု သဘောတူညီချက်” အပိုင်း ၃ ပါ သတ်မှတ်ချက်အရ မိမိတို့အနေဖြင့် ဗြိတိန်က အမေရိကန်-ဗြိတိန် ကုန်သွယ်ရေးသဘောတူညီချက်နှင့် သက်ဆိုင်သည့် ကတိကဝတ်များ အကောင်အထည်ဖော်မှုတွင် လက်တွေ့တိုးတက်မှုများ ရရှိပြီးမှသာ ဗြိတိန်နှင့် ပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်စတင်ရန် မျှော်လင့်ကြောင်း ဒီဇင်ဘာ ၁၆ ရက်တွင် လူမှုမီဒီယာ၌ ပြောကြားခဲ့သည်။ အဆိုပါ သဘောတူညီချက်အောက်တွင် ဗြိတိန်နှင့် ဉာဏ်ရည်တု (AI)၊ ကွမ်တန်တွက်ချက်မှု၊ နျူကလီးယားစွမ်းအင်နှင့် အခြား အဓိကနည်းပညာကဏ္ဍ၌ ရလဒ်ကြွယ်ဝသော ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ဖော်ဆောင်သွားရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဗြိတိန်အစိုးရအရာရှိက ဒီဇင်ဘာ ၁၆ ရက်တွင် အမေရိကန်က “နည်းပညာ စည်ပင်ဝပြောမှု သဘောတူညီချက်” အကောင်အထည်ဖော်မှုအား ယာယီရပ်ဆိုင်းသည့် သတင်းကို အတည်ပြုခဲ့ကြောင်း သတင်းအရ သိရသည်။ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမား၏ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက နှစ်ဖက်ဆွေးနွေးညှိနှိုင်းမှု လုပ်ဆောင်နေဆဲဖြစ်ကြောင်း၊ ထိုကဲ့သို့ရှုပ်ထွေးသည့် ဆွေးနွေးညှိနှိုင်းမှုသည် အချိန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ထရမ့်က စက်တင်ဘာလတွင် ဗြိတိန်သို့ နိုင်ငံတော်ခရီးစဉ် သွားရောက်စဉ်အတွင်း နှစ်နိုင်ငံသည် “နည်းပညာ စည်ပင်ဝပြောမှု သဘောတူညီချက်” ကို လက်မှတ်ရေးထိုးခဲ့ပြီး အဓိကအားဖြင့် ဉာဏ်ရည်တု (AI)၊ ကွမ်တန်တွက်ချက်မှုနှင့် အရပ်ဘက်သုံး နျူကလီးယားစွမ်းအင် စသည့် နည်းပညာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

————————————
(Chinese Version)
美国暂停执行与英国达成的科技合作协议
新华社纽约12月16日电(记者刘亚南)据多家美国媒体报道,由于不满英国在食品、工业品标准以及数字监管领域的政策,美国已经暂停执行今年9月与英国达成的一份科技合作协议。
白宫科技政策办公室主任迈克尔·克拉齐奥斯16日在社交媒体上表示,根据美英签署的《科技繁荣协议》第三部分的规定,我们希望在英国就实施相关美英贸易协议承诺取得实质性进展后,重启与英国的合作。他表示,期待在该协议下继续与英国在人工智能、量子计算、核能和其他关键技术领域进行富有成效的合作。
据报道,英国政府官员在16日确认了美国暂停实施《科技繁荣协议》的消息。英国首相斯塔默的一名发言人表示,双边谈判还在进行,这种复杂的谈判需要时间。
美国总统特朗普9月对英国进行国事访问期间,两国签署了《科技繁荣协议》,重点聚焦人工智能、量子计算和民用核能等技术领域合作。(完)
图说:2月27日,美国总统特朗普(右)与英国首相斯塔默在华盛顿白宫出席联合记者会。新华社记者 胡友松 摄