Connect with us

North America

အစ္စရေးအပေါ် အမေရိကန်၏ ထောက်ခံအားပေးမှုအား အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အလေးထား ပြောကြား

ဟူစတန်၊ မတ် ၂၄ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီရိုသည် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် မတ် ၂၃ ရက်တွင် ဖုန်းဖြင့်ဆက်သွယ်၍ အစ္စရေးအပေါ် အမေရိကန်၏ ထောက်ခံအားပေးမှုအား အလေးထားပြောကြားခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Tammy Bruce က ယင်းနေ့တွင် ပြောကြားခဲ့သည်။နှစ်ဖက်အနေဖြင့် ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်လုပ်ဆောင်နေမှုနှင့် ဖမ်းဆီးထိန်းသိမ်းခံရသည့် အစ္စရေးများ ပြန်လည်လွတ်မြောက်ရေး အကူအညီပေးရန် စသည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း Tammy Bruce က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူရုံး၌ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

အမေရိကန်အစိုးရအနေဖြင့် ယီမင် ဟူသီလက်နက်ကိုင်များအပေါ် စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်မည့်ဆုံးဖြတ်ချက်ကို မာကို ရူဘီရိုက ဖုန်းဖြင့် ဆက်သွယ်စဉ် ပြောကြားခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ၊ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ ပေါက်ကွဲဖြစ်ပွားလာသည့် အချိန်မှစ၍ ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုများကြောင့် သေဆုံးသူ ၅၀,၀၀၀ ကျော်၊ ဒဏ်ရာရသူ ၁၁၃,၀၀၀ ကျော်ရှိကြောင်း ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသ ကျန်းမာရေးဝန်ကြီးဌာန၏ မတ် ၂၃ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။ (Xinhua)
#Israel #Gaza #US #အစ္စရေး #ဂါဇာ #အမေရိကန်
—————————–
(Chinese Version)
美国务卿强调美对以支持
新华社休斯敦3月23日电(记者徐剑梅)美国国务院发言人塔米·布鲁斯23日说,美国务卿鲁比奥与以色列总理内塔尼亚胡当天通电话,强调美国对以色列的支持。
布鲁斯在美国国务院发言人办公室发表的声明中表示,双方讨论了以色列在加沙地带持续进行的军事行动,以及帮助被扣押以方人员获释等问题。
声明说,鲁比奥在通话中还表明了美国政府对也门胡塞武装采取军事行动的决心。
巴勒斯坦加沙地带卫生部门23日发表声明说,自2023年10月新一轮巴以冲突爆发以来,以色列在加沙地带的军事行动已造成逾5万人死亡、逾11.3万人受伤。(完)
1. 2月18日,以色列士兵在黎以边境黎巴嫩一侧巡逻。新华社发(阿亚尔·马戈林摄/基尼图片社)
(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.