Connect with us

North America

ကမ္ဘာ့အဖိုးတန်သတ္တုဈေးနှုန်းများ ဆက်တိုက် တန်ပြန် မြင့်တက်လာ၊ ရွှေဈေးနှုန်း ကန်ဒေါ်လာ ၅,၀၀၀ သို့ ပြန်လည်ရောက်ရှိ

ကူဝိတ်နိုင်ငံ မြို့တော် ကူဝိတ်စီးတီးရှိ ရွှေဆိုင်အတွင်း ရွှေထည်ပစ္စည်းများအား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)

အန္တရာယ်စွန့်စားလိုမှုများ ပြန်လည်ကျဆင်းခြင်း၊ ကန်ဒေါ်လာညွှန်ကိန်းများ လျော့ရဲလာခြင်း စသည့်အကြောင်းရင်းများ၏ သက်ရောက်မှုကြောင့် ကမ္ဘာ့ရွှေနှင့်ငွေ ဈေးနှုန်းများမှာ ဆက်တိုက် တန်ပြန် မြင့်တက်လာခဲ့ရာ ဖေဖော်ဝါရီ ၃ ရက်က ရွှေဈေးနှုန်းသည် ၂၀၀၉ ခုနှစ်နောက်ပိုင်း တစ်ရက်အတွင်း အမြင့်ဆုံးဈေးတက်ခဲ့သည်။ ထို့နောက် မကြာမီတွင်ပင် ညတွင်းချင်းရောင်းဝယ်မှုတွင် Gold Futures ဈေးနှုန်းနှင့် Silver Futures ဈေးနှုန်းများသည် ဆက်တိုက် တန်ပြန်မြင့်တက်ခဲ့ရာ ရွှေဈေးနှုန်းသည် တစ်အောင်စလျှင် ကန်ဒေါ်လာ ၅,၀၀၀ အထက်သို့ ပြန်လည်ရောက်ရှိခဲ့သည်။
ဖေဖော်ဝါရီ ၃ ရက်တွင် နယူးယောက် ကုန်စည်လဲလှယ်မှု (NYMEX) ၏ ဧပြီလ Gold Futures ဈေးနှုန်းသည် ၇ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့သလို မတ်လ Silver Futures ဈေးနှုန်းသည် တစ်အောင်စလျှင် ကန်ဒေါ်လာ ၈၀ သို့ ပြန်လည်ရောက်ရှိပြီး ၁၅ ရာခိုင်နှုန်းကျော် မြင့်တက်လာသည်။

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့ ရှောင်းဆန်းခရိုင် ကွားလိမြို့နယ်ရှိ Hangzhou Hangmin Baitai Jewel Limited Company ပြခန်းတွင် ဝန်ထမ်းတစ်ဦးက ရွှေထည်ပစ္စည်းများအား စီရီနေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

သုံးသပ်သူများက ရွှေနှင့်ငွေ ဈေးနှုန်းများ တန်ပြန်မြင့်တက်လာခြင်းသည် ထိုမတိုင်မီ ဈေးနှုန်များ ပြန်လည်ကျဆင်းခြင်းမှာ ဈေးကွက်အခြေခံအနေအထား အချိုးအကွေ့ပြောင်းလဲမှုမဖြစ်ကြောင်း ဖော်ပြသည်ဟု ယူဆကြသည်။

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဟူကျိုးမြို့ တယ်ချင်းခရိုင် ယွီယွဲ့မြို့နယ်ရှိ ရွှေဆိုင်တစ်ဆိုင်တွင် အရောင်းဝန်ထမ်းတစ်ဦးက ရွှေထည်ပစ္စည်းများ စီရီနေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

Swissquote ဘဏ်ဈေးကွက်လေ့လာသုံးသပ်သူ Ipek Ozkardeskaya က လွန်ခဲ့သည့်နှစ်မှစ၍ ရွှေဈေးကို ကျားကန်ပေးသည့် အကြောင်းရင်းသည် ခိုင်မာနေဆဲ ဖြစ်ကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးနှင့် ပထဝီနိုင်ငံရေးမတည်ငြိမ်မှုများ စဉ်ဆက်မပြတ်တည်ရှိနေရာ အမေရိကန်၊ ဂျပန်၊ ဥရောပတို့၏ ကြွေးမြီအခြေအနေမှာ ရေရှည်ထိန်းကျောင်းနိုင်ခြေမရှိကြောင်း၊ ဈေးကွက်က ကန်ဒေါ်လာ၊ အခြားသောအဓိကငွေကြေးနှင့် အစိုးရငွေတိုက်စာချုပ်များအပေါ် လိုအပ်ချက်က အကဲဆတ်လျော့ရဲနေဆဲဖြစ်ကြောင်း၊ ယင်းအခြေခံအကြောင်းရင်းများမှာ အဖိုးတန်သတ္တုဈေးနှုန်းမြင့်တက်စေရန် ကျားကန်ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တစ်ချိန်တည်းတွင်ပင် Ipek Ozkardeskaya က ရွှေကို သမားရိုးကျအားဖြင့် ဈေးကွက် အန္တရာယ်ကို တားဆီးရာ၌ အသုံးပြုကြသော်လည်း ယနေ့အခါ အန္တရာယ်ပိုင်ဆိုင်မှုကဲ့သို့သော ဝိသေသလက္ခဏာများ ပြသလာရာ ဈေးကွက်အန္တရာယ်တိုးမြင့်လာကြောင်း သတိပေးထားသည်။Deutsche ဘဏ် သတ္တုကဏ္ဍ သုတေသနဌာန အကြီးအကဲ Michael Xue က အဖိုးတန်သတ္တုရင်းနှီးမြှုပ်နှံသူများသည် ဈေးကွက်အတက်အကျလှိုင်းခတ်မှုကို အစဉ်သတိထားရန် လိုအပ်ကြောင်း၊ သို့သော် ရွှေရင်းနှီးမြှုပ်နှံမှုအခြေခံအနေအထား မပြောင်းလဲကြောင်း၊ ရွှေဈေးသည် ယခုနှစ်ကုန်မတိုင်မီ တစ်အောင်စလျှင် ကန်ဒေါ်လာ ၆,၀၀၀ အထိ ရောက်ရှိမည်ဟု မျှော်မှန်းရကြောင်း ပြောကြားခဲ့သည်။ (Xinhua)
——————————–
(Chinese Version)
国际贵金属价格持续反弹 金价重回5000美元
新华社纽约2月3日电(记者徐静)受风险偏好回落、美元指数走软等因素影响,国际黄金和白银价格持续反弹,金价3日创下2009年以来最大单日涨幅。在随后的隔夜交易中,金银期货价格继续反弹,金价重回每盎司5000美元上方。
3日,纽约商品交易所4月黄金期价盘中涨幅超过7%;3月白银期价重新站上每盎司80美元,盘中涨幅超过15%。
分析人士认为,金银价格反弹表明此前大幅回调并非意味着市场基本面发生转变。
瑞讯银行市场分析师伊佩克·奥兹卡德斯卡娅说,自去年以来支撑金价的因素依然稳固,全球贸易和地缘政治不确定性持续存在,美国、日本、欧洲的债务状况越发不可持续,市场对美元和其他主要货币以及主权债券的需求仍然脆弱。这些基本因素将支撑贵金属价格上涨。
奥兹卡德斯卡娅同时警告,黄金传统上用以抵御市场风险,但如今表现具有风险资产特征,市场风险正在增加。
德意志银行金属研究主管迈克尔·薛表示,贵金属投资者需对市场波动保持谨慎,但黄金投资基本面未变,金价仍有望在年底前达到每盎司6000美元。(完)
1. 这是2025年10月23日在科威特首都科威特城一家金店内拍摄的黄金饰品。新华社发(阿萨德摄)
2. 1月28日,员工在位于浙江省杭州市萧山区瓜沥镇的杭州航民百泰首饰有限公司展厅整理黄金首饰。新华社发(倪立芳摄)
3. 1月29日,在浙江省湖州市德清县禹越镇的一家金店,店员在整理黄金首饰。新华社发(倪立芳摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.