North America
အမေရိကန်အနေဖြင့် အချို့သောစိုက်ပျိုးရေးထုတ်ကုန်များ၏ “အလားတူစည်းကြပ်ခွန်” အား ဖယ်ရှားမည်
နယူးယောက်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ အရှေ့ပိုင်းစံတော်ချိန် နိုဝင်ဘာ ၁၃ ရက်မှစ၍ အချို့သော စိုက်ပျိုးရေးထုတ်ကုန်များအပေါ် “အလားတူစည်းကြပ်ခွန်” ဟူသည်အား မကောက်ခံတော့ရန် အမေရိကန်နိုင်ငံ သမ္မတ ထရမ့်က နိုဝင်ဘာ ၁၄ ရက်တွင် အမိန့်ကြေညာချက်အား လက်မှတ်ရေးထိုးခဲ့သည်။အိမ်ဖြူတော်မှထုတ်ပြန်သော စာရွက်စာတမ်းအရ “အလားတူစည်းကြပ်ခွန်” ၌ အကျုံးမဝင်တော့သည့် စိုက်ပျိုးရေးထုတ်ကုန်များတွင် ကော်ဖီ၊ လက်ဖက်၊ အပူပိုင်းသစ်သီးနှင့် သစ်သီးဖျော်ရည်၊ ကကေးအို၊ ဟင်းခတ်အမွှေးအကြိုင်၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ ခရမ်းချဉ်သီး၊ အမဲသားနှင့် အချို့သော ဓာတ်မြေဩဇာ ထုတ်ကုန် စသည်တို့ ပါဝင်သည်။
ယခုအကြိမ် “အလားတူစည်းကြပ်ခွန်” ညှိနှိုင်းပြင်ဆင်မှု၌ အကျုံးဝင်သည့်အတိုင်းအတာများမှာ အဓိကအားဖြင့် အမေရိကန်နှင့် ကုန်သွယ်ရေးမိတ်ဖက်များ၏ ဆွေးနွေးညှိနှိုင်းမှု တိုးတက်မှုအခြေအနေ၊ လက်ရှိ အမေရိကန်ပြည်တွင်းက အချို့သောထုတ်ကုန်များအပေါ် လိုအပ်ချက်နှင့် ထုတ်လုပ်မှုစွမ်းရည် စသည့်အကြောင်းအချက်များအား ထည့်သွင်းစဉ်းထားခြင်းဖြစ်သည်ဟု အိမ်ဖြူတော်ဘက်က ဆိုသည်။
သို့သော် ကုန်ဈေးနှုန်းမြင့်တက်လာမှုဖိအားသည် အစိုးရအနေဖြင့် စည်းကြပ်ခွန်အား မဖြစ်မနေပြင်ဆင်ရသည့် အဓိကအကြောင်းအရင်းဖြစ်သည်ဟု အမေရိကန်မီဒီယာများစွာက သတင်းဖော်ပြသည်။ လတ်တလောရက်ပိုင်းတွင် ရီပတ်ဘလစ်ကန်ပါတီက ဒေသအများအပြား ရွေးကောက်ပွဲများ၌ ဆက်တိုက်အရေးနိမ့်ခဲ့ရာ မဲဆန္ဒရှင်များက ထိုမှတစ်ဆင့် ကုန်ဈေးနှုန်းမြင့်တက်လာမှုအပေါ် မကျေနပ်မှုအား ဖော်ပြနေသည်ဟု သုံးသပ်ပြောကြားမှုများရှိသည်။ ထို့အပြင် ဖက်ဒရယ်အစိုးရယန္တရား၏ စံချိန်တင် “ရပ်ဆိုင်းမှု” သည်လည်း အမေရိကန် စတုတ္ထသုံးလပတ်၏ စီးပွားရေးတိုးတက်မှုနှုန်းကို လျော့ကျသွားစေမည်ဟု မျှော်မှန်းရသလို အစိုးရက စည်းကြပ်ခွန်မူဝါဒအား ပြင်ဆင်ရသည့် အရေးကြီး အကြောင်းအချက်လည်း ဖြစ်ပေသည်။
အမေရိကန် အလုပ်သမားဝန်ကြီးဌာန၏ အချက်အလက်များအရ အမေရိကန် စားသုံးသူဈေးနှုန်းအညွှန်းကိန်း (CPI) ၏ ယမန်နှစ်ကာလတူနှင့် တိုးတက်မှုပမာဏသည် ဧပြီလတွင် ၂.၃ ရာခိုင်နှုန်းမှ ဆက်တိုက် မြင့်တက်လာရာ စက်တင်ဘာလ၌ ၃ ရာခိုင်နှုန်းအထိ ရှိလာကြောင်း၊ ၎င်းအနက် စက်တင်ဘာလ၏ အမဲသား၊ ကော်ဖီနှင့် လက်ဖက်ရည် ဈေးနှုန်းတို့သည် ယမန်နှစ်ကာလတူထက် ၁၀ ရာခိုင်နှုန်းကျော် မြင့်တက်လာကြောင်း သိရသည်။ (Xinhua)
———————–
(Chinese Version)
美国免除部分农产品“对等关税”
新华社纽约11月14日电(记者刘亚南)美国总统特朗普14日签署行政令,从美国东部时间11月13日起不再对部分农产品征收所谓“对等关税”。
根据白宫发布的文件,不再适用“对等关税”的农产品包括咖啡、茶叶、热带水果和果汁、可可、香料、香蕉、柑橘、西红柿、牛肉以及一些化肥产品等。
白宫方面称,此次调整“对等关税”适用范围主要是考虑到美国与贸易伙伴的谈判进展,以及当前美国国内对某些产品的需求和生产能力等因素。
不过,多家美国媒体报道说,物价上涨压力是迫使政府调整关税的重要原因。有分析认为,共和党近日在多个地方选举中接连失利,显示选民以此表达对物价上涨的不满。此外,联邦政府创纪录的“停摆”预计将削弱美国第四季度经济增速,也成为促使政府调整关税政策的重要因素。
美国劳工部数据显示,美国消费者价格指数(CPI)同比涨幅从4月的2.3%持续走高至9月的3%。其中,9月份牛肉、咖啡和茶饮价格同比上涨超10%。(完)
图说:3月4日,消费者在美国加利福尼亚州洛杉矶县罗斯米德的一家塔吉特商店内购物。新华社发(曾慧摄)
