Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101
ဟောလီးဝုဒ်မင်းသား လီယိုနာဒို ဒီကာပရီယို “The Revenant” ဇာတ်ကားဖြင့် အော်စကာဆုရရှိ - Xinhua News Agency
Connect with us

North America

ဟောလီးဝုဒ်မင်းသား လီယိုနာဒို ဒီကာပရီယို “The Revenant” ဇာတ်ကားဖြင့် အော်စကာဆုရရှိ

“The Revenant” ဇာတ်ကားနှင့် ဇာတ်ဝင်ခန်း တစ်ခန်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

လော့စ်အန်ဂျလိစ်၊ ဖေဖော်ဝါရီ ၂၉ ရက် (ဆင်ဟွာ)

အော်စကာ ဆန်ကာတင် စာရင်းတွင် ခြောက်ကြိမ် ပါဝင်ခဲ့ပြီးနောက် အသက် ၄၁ အရွယ် ဟောလီးဝုဒ်မင်းသား လီယိုနာဒို ဒီကာပရီယိုသည် “The Revenant” ဇာတ်ကားဖြင့် ၎င်း၏ ပထမဆုံး အော်စကာဆုကို ဖေဖော်ဝါရီလ ၂၈ ရက်ညတွင် ပြုလုပ်ခဲ့သည့် ၈၈ ကြိမ်မြောက် အော်စကာ ဆုပေးပွဲ၌ သိမ်းပိုက် ရရှိခဲ့ကြောင်း သိရသည်။

လီယိုနာဒိုသည် အသက် ၂၂ နှစ် ကတည်းက “What’s Eating Gilbert Grape” ဇာတ်ကားဖြင့် အော်စကာ ဆန်ကာတင် စာရင်းတွင် ပထမဆုံး ပါဝင်ခဲ့သည်။

၎င်းသည် အကောင်းဆုံး ဇာတ်ဆောင်မင်းသား အော်စကာဆု စာရင်းတွင် ယခုနှစ် အပါအဝင် စုစုပေါင်း ၅ ကြိမ် ပါဝင်ခဲ့ကြောင်း သိရသည်။ထို့အပြင် ၈၆ ကြိမ်မြောက် အော်စကာ ဆုပေးပွဲ၌လည်း “The Wolf of Wall Street” ဇာတ်ကား ၏ ထုတ်လုပ်သူအဖြစ် ဆန်ကာတင် စာရင်းတွင် ပါဝင်ခဲ့သေးကြောင်း သိရသည်။

ABC သတင်းဌာနက လီယိုနာဒိုသည် “The Revenant” ဇာတ်ကားတွင် သရုပ်ဆောင်ရန် အတွက် အပူချိန် သုညအောက်တွင် နေထိုင်နိုင်ရန် လေ့ကျင့်ခြင်း၊ အမျိုးမျိုးသော ဇာတ်ရုပ်များ ရရှိစေရန် ၅ နာရီကြာ မိတ်ကပ် ပြင်ဆင်ခဲ့ရခြင်း၊ ကြောက်မက်ဖွယ် မိုးမုန်တိုင်းများ ကြားတွင် ဝက်ဝံ တစ်ကောင်နှင့် တိုက်ခိုက်ရခြင်း စသည့် အန္တရာယ်များသော စတန့် ပြကွက်များ ပြုလုပ်ခဲ့ခြင်း၊ ကျွဲရိုင်း၏ အသည်းကို အစိမ်းလိုက် စားပြရခြင်း၊ မုတ်ဆိတ်ရှည်ကြီးများ တစ်နှစ်ခွဲ ထားရှိခဲ့ခြင်း စသည့် ခက်ခဲကြမ်းတမ်းသည့် လုပ်ဆောင်ချက်များအား ဇာတ်လမ်း အသက်ဝင် ကောင်းမွန်လာရန်အတွက် ကြိုးစား လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

လီယိုနာဒိုသည် ၂၀၁၆ ခုနှစ်တွင် ရွှေကမ္ဘာလုံးဆု၊ Screen Actors Guild နှင့် BAFTA ဆုများကိုလည်း ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.