North America
သမ္မတထရမ့်အစိုးရ၏ TikTok ပိတ်ပင်တားဆီးရေးအမိန့်ကို ပြည်ထောင်စုတရားသူကြီးက ရပ်တံ့ဖယ်ရှားပစ်

ဝါရှင်တန် ၊ စက်တင်ဘာ ၂၈ ရက်(ဆင်ဟွာ)
အမေရိကန်နိုင်ငံတွင် လူကြိုက်များနေသော TikTok ဗီဒီယိုမျှဝေရေး အက်ပလီကေးရှင်းအား ပိတ်ပင်တားဆီးခြင်းဆိုင်ရာ သမ္မတထရမ့်အစိုးရအဖွဲ့၏ အမိန့်ကို အမေရိကန်နိုင်ငံ ပြည်ထောင်စုတရားသူကြီးတစ်ဦးက စက်တင်ဘာ ၂၇ ရက် တွင် ရပ်တံ့ပစ်ရန် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။ သမ္မတထရမ့်၏ ယင်းအငြင်းပွားဖွယ်ရာ TikTok ပိတ်ပင်တားဆီးခြင်း အမိန့် အသက်ဝင်ခြင်း မပြုမီ နာရီပိုင်းအလိုတွင် ယခုကဲ့သို့ ပြည်ထောင်စု တရာသူကြီးတစ်ဦးက ရပ်တံ့ဖယ်ရှားပစ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်းသိရသည်။ (Xinhua)