Connect with us

China

တရုတ်နိုင်ငံ ကုန်စည်ပြပွဲတွင် အမေရိကန်ဒေါ်လာ ဘီလီယံ ၈၀ ကျော် တန်ဖိုးရှိသော သဘောစာချုပ်များ လက်မှတ်ရေးထိုး

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစုပြည်နယ် လန်ကျိုးမြို့တွင် ၃၀ ကြိမ်မြောက် တရုတ်နိုင်ငံ လန်ကျိုး ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်စည်ပြပွဲအတွင်း ဘီလာရုစ်နိုင်ငံပြခန်းရှေ့၌ ဘီလာရုစ်တီးဝိုင်းက ဖျော်ဖြေတင်ဆက်နေသည်ကို ၂၀၂၄ ခုနှစ် ဇူလိုင် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လန်ကျိုး၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အ‌နောက်မြောက်ပိုင်း ကန်းစုပြည်နယ်တွင် ဇူလိုင် ၁၀ ရက်က ကျင်းပပြီးစီးခဲ့သော ၃၀ ကြိမ်မြောက် တရုတ်နိုင်ငံ လန်ကျိုး ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်စည်ပြပွဲ (CLZITF) တွင် ယွမ် ၆၀၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၈၄.၇ ဘီလီယံခန့်) တန်ဖိုးရှိသော သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိန်းဂဏန်းသည် ယခင်နှစ်ကုန်စည်ပြပွဲကထက် ၇.၇ ရာခိုင်နှုန်းမြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ကန်းစုပြည်နယ် မြို့တော် လန်ကျိုးတွင် ၁၉၉၃ ခုနှစ်က စတင်ကျင်းပခဲ့သော အဆိုပါ CLZITF ကုန်စည်ပြပွဲသည် ရပ်ဝန်းနှင့် ပိုးလမ်းမ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အဓိကပြပွဲအဖြစ် ထွက်ပေါ်လာခဲ့သည်။ (Xinhua)


……………………………………..
(English Version)
Over 80 billion USD of deals inked at China trade fair
LANZHOU, July 10 (Xinhua) — The 30th China Lanzhou Investment and Trade Fair (CLZITF) concluded on Wednesday in northwest China’s Gansu Province, with deals worth about 604 billion yuan (about 84.7 billion U.S. dollars) inked.
The figure is 7.7 percent higher than that for last year’s edition of the trade fair. First held in 1993 in the provincial capital Lanzhou, the CLZITF has emerged as a major event for Belt and Road economic and trade cooperation.
Photo 1: A Belarusian band performs before the Belarus booth during the 30th China Lanzhou Investment and Trade Fair in Lanzhou, northwest China’s Gansu Province, July 6, 2024. (Xinhua/Xu Haofu)