ကွာလာလမ်ပူ၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနှင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ဇူလိုင် ၁၁ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။ နှစ်ဖက်အနေဖြင့် တရုတ်-အမေရိကန် ဆက်ဆံရေးနှင့် ဘုံဂရုပြုကြသည့်ကိစ္စရပ်များအား အမြင်သဘောထားချင်း ဖလှယ်ခဲ့ကြသည်။ ထိုသို့...
ကွာလာလမ်ပူ၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ရုရှားနိုင်ငံနှင့်အတူ မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုကို စဉ်ဆက်မပြတ် မြှင့်တင်ရေး၊ နှစ်နိုင်ငံ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားများအား ထိန်းသိမ်းရေးအတွက် ဆောင်ရွက်သွားလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဇူလိုင် ၁၁ ရက်၌ ပြောကြားခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို...
ဗီယင်နာ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ) ရေနံတင်ပို့သော နိုင်ငံများအသင်း (OPEC) အနေဖြင့် တရုတ်နိုင်ငံအား အရေးကြီး မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်အဖြစ် ရှုမြင်ပြီး တရုတ်နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အနာဂတ်အလားအလာအပေါ် ယုံကြည်ချက် အပြည့်အဝရှိကြောင်း OPEC အတွင်းရေးမှူးချုပ် Haitham Al Ghais က ဇူလိုင်...
တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ရှီဆွေခရိုင်တွင် ဇူလိုင် ၈ ရက် ညနေခင်းက ရုတ်တရက် မိုးသည်းထန်မှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီးနောက် ဇူလိုင် ၉ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီအထိ ပိတ်မိနေသော ဒေသခံ ၈၀ ဦးအား ကယ်ဆယ်ရေးသမားများက ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)...
ပေကျင်း၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက ဆင်းရဲနွမ်းပါးမှု အလုံးစုံပပျောက်ရေး ပြီးပြည့်စုံသော အောင်ပွဲတစ်ရပ်အား အလေးအနက်ကြေညာခဲ့သည့်နောက်ပိုင်း ငါးနှစ်တာအသွင်ကူးပြောင်းမှုကာလအတွင်း ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အောင်မြင်မှုများအား အခိုင်အမာ တိုးချဲ့ရေး ကြိုးပမ်းဆောင်ရွက်မှုများ စဉ်ဆက်မပြတ် လုပ်ဆောင်ခဲ့ကြောင်း ဇူလိုင် ၁၁ ရက်၌ ထုတ်ပြန်သော...
ကွာလာလမ်ပူ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့အနေဖြင့် အပြန်အလှန် အကျိုးဖြစ်ထွန်းစေသော မဟာဗျူဟာမြောက် ဆက်ဆံရေးကို အတူတကွ မြှင့်တင်နိုင်သလို ခေတ်သစ်ကာလနှင့် လျော်ညီသည့် အပြုသဘောဆောင်၍ တည်ငြိမ်သော နှစ်နိုင်ငံဆက်ဆံရေးကို ကြိုးပမ်းတည်ဆောက်နိုင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဇူလိုင် ၁၀ ရက်၌ ပြောကြားခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ...
ပေကျင်း၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ) တရုတ်သိပ္ပံအကယ်ဒမီ (CAS) က Chang’e-6 လကမ္ဘာ နမူနာပစ္စည်းများ သုတေသနရလဒ်အား ဇူလိုင် ၉ ရက်တွင် ထုတ်ပြန်ခဲ့ရာ အဓိကသုတေသနပြုလုပ်မှုရလဒ် လေးရပ်ကို မျက်နှာဖုံးဆောင်းပါးပုံစံဖြင့် ပညာရပ်ပိုင်းဆိုင်ရာ နိုင်ငံတကာ ဂျာနယ်ဖြစ်သည့် “Nature” တွင် ဖော်ပြခဲ့သည်။ အဆိုပါရလဒ်များတွင်...
အီဂျစ်နိုင်ငံနှင့် တရုတ်နိုင်ငံကြား ရပ်ဝန်းနှင့် ပိုးလမ်းမဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်လာခြင်းမှာ ပိုမိုနက်ရှိုင်းသော မိတ်ဖက်ဆက်ဆံရေးနှင့် ဘုံဖွံ့ဖြိုးတိုးတက်မှုတို့ကို မြှင့်တင်အားပေးသော နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေသည့် စံနမူနာတစ်ခုပင် ဖြစ်သည်ဟု မကြာမီက ဆင်ဟွာသတင်းဌာနနှင့် အင်တာဗျူးတစ်ခု၌ အီဂျစ် ဝန်ကြီးချုပ်ဟောင်း အက်ဆမ် ရှာရက်ဖ်က ပြောကြားခဲ့သည်။ (Xinhua) ………………… (English Version)...
ကွာလာလမ်ပူ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ) တရုတ်-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ဇူလိုင် ၁၀ ရက်တွင် မလေးရှားနိုင်ငံ ကာလာလမ်ပူမြို့၌ ကျင်းပခဲ့သည်။ အစည်းအဝေးတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် တရုတ်-အာဆီယံ ဆက်ဆံရေး ညှိနှိုင်းရေးမှူးနိုင်ငံ ကိုယ်စားလှယ်တို့ အတူတကွ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး...
ကွမ်ကျိုး၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ မြောက်ပိုင်းတွင် လှုပ်ရှားလုပ်ကိုင်နေသော ဆက်သွယ်ရေးလိမ်လည်မှုအဖွဲ့တစ်ဖွဲ့၏ အဓိကအဖွဲ့ဝင် ၂၁ ဦးကို လိမ်လည်မှု၊ ကာစီနိုဝိုင်းများဖွင့်လှစ်လုပ်ကိုင်မှု၊ ရည်ရွယ်ချက်ရှိရှိလူသတ်မှု၊ မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် အဓိကအားဖြင့် တရုတ်နိုင်ငံရှိ အရပ်သားများအား ပစ်မှတ်ထားသော ရာဇဝတ်မှုများအတွက် တရုတ်နိုင်ငံဥပဒေအရ တရားစွဲဆိုလိုက်ကြောင်း သိရသည်။ အဆိုပါ ရာဇဝတ်အဖွဲ့သည်...